ရွေးကောက်ပွဲနှင့် ပတ်သက်သည့် Debate ကျိုင်းတုံနှင့်တောင်ကြီးတို့တွင် သျှမ်းသံတော်ဆင့်မှ ဦးဆောင်ကျင်းပ



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ တိုင်းလိခန်းမတွင် USAID နှင့် နိုင်ငံတကာ မြန်မာ သတင်းမီဒီယာ (BNI) တို့၏ ပံ့ပိုးမှုဖြင့် သျှမ်းသံတော်ဆင့် သတင်းဌာနက ဦးဆောင်ကာ ၂၀၁၅ ရွေးကောက်ပွဲနှင့် ကတိကဝတ်များ ဟူသည့် ဆွေးနွေးငြင်းခုံပွဲတရပ် ကျင်းပခဲ့သည် ။

 ကျိုင်းတုံမြို့တွင်ကျင်းပသော ဆွေးနွေးပွဲ

အောက်တိုဘာလ ၂၀ ရက်နေ့တွင်ကျင်းပသော အဆိုပါ  Debate သို့ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမွန်းတွီ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ SNDP မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဆေဟန် (စိုင်းသောင်းစိန်) ၊ သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ESSDDP မှ  ကိုယ်စားလှယ်လောင်း စိုင်းဝင်းမြင့်နှင့် လူမှုအသင်းအဖွဲ့ CBO မှ စိုင်းလုံဝန်းတို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည် ။

 တောင်ကြီးမြို့တွင် ကျင်းပသော ဆွေးနွေးပွဲ


ကျိုင်းတုံမြို့ ၁၅ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ ၊ အမျိုးသားကျောင်းမှ လူငယ်များ ၊ တက္ကသိုလ် ကျောင်းသားများ ၊ ပါတီဝင်များ ၊ တိုင်းခင် ၊ တိုင်းလိ ၊ တိုင်းလွယ် ၊ တိုင်းနေ နှင့် အခါ တိုင်းရင်းသားအကြီးအကဲများ စုစုပေါင်း ၈၀ ကျော် တက်ရောက်နားထောင် ခဲ့ကြသည် ။


ကိုယ်စားလှယ်လောင်းများမှ လူထုသို့ ပေးခဲ့သော ကတိကဝတ် နှင့် လက်တွေ့ လုပ်နိုင် မည့်အချက်များ ၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ကျိုင်းတုံမြို့ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများအကြောင်း ဆွေးနွေးငြင်း ခုံခဲ့ကြသည် ။ နားထောင် သူလူထုဘက်မှလည်း ပါတီများ ပေါင်းစည်းနိုင်မည့် အခြေအနေ အခွင့်အလမ်းတို့ကို ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရပါသည် ။


အလားတူ ဆွေးနွေးမှုမျိုးကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကန်ရှေ့ ရပ် Classic Hall စား သောက်ဆိုင်တွင် ယခု အောက်တို ဘာလ ၁၁ ရက် က တောင်ကြီးမြို့တွင် သျှမ်းသံ တော်ဆင့်မှပင် ဦးဆောင် ကျင်းပခဲ့ပါသေး သည် ။


အဆိုပါ ဆွေးနွေးငြင်းခုံပွဲအား ၂၀၁၅ ရွေးကောက်ပွဲနှင့် လုံခြုံရေးဟု အမည်ပေး ခဲ့ပါသည် ။


ဦးဆောင်ဆွေးနွေးသည့်ပုဂ္ဂိုလ်များက ကျားခေါင်းပါတီမှ တောင်ကြီးမြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းမြဦး ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲ မှူးကြီး စိုင်းဆိုင်ဝမ်း ၊ တောင်ကြီးမြို့  RCSS/SSA ဆက်သွယ်ရေးရုံးမှ ညွှန်ကြားရေးမှူး  ဗိုလ်မှူး စိုင်းဦး ၊ ရွေးကောက်ပွဲစောင့်ကြည့် ရေးအဖွဲ့ Justic Drum မှ ဦးအောင်ဇေ တို့က ဆွေးနွေး ငြင်းခုံခဲ့ကြသည် ။ တက်ရောက်သူ ၅၀ ဝန်းကျင်ခန့်ရှိပါသည် ။


ကျိုင်းတုံတွင်ကျင်းပသော ဆွေးနွေးပွဲတွင် သျှမ်းဘာသာစကားဖြင့် ပြော ဆိုဆွေး နွေးခဲ့ကြပြီး ၊ တောင်ကြီးမြို့တွင်ကျင်းပသော ဆွေးနွေးပွဲမှာမူ မြန်မာဘာသာစကားဖြင့် ပြောဆိုဆွေးနွေးခဲ့ကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates