SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော် ဒုတိယ အကြိမ်တိုက်ခိုက်



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်း အခြေစိုက် သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော်မှ ယမန်နေ့က ဒုတိယအကြိမ် လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟုသိရသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ပြီးခဲ့သည့် အပတ်က တကြိမ် ၊ ယနေ့ အောက်တိုဘာ ၁၉ ရက် ၂၀၁၅ ခု နံနက် တနာရီ ထိုးခါနီး အချိန်တွင် လွယ်ကျူမောက်ခေါဝ် မှ လက်နက်ကြီးဖြင့် တိုက်ခိုက်သည်ဟု ဆိုသည် ။


“ သူတို့ ပစ်တဲ့ လက်နက်ကြီးတွေက ဝမ့်ဟိုင်းရွာဦး ဆီဆိုင်နားလာကျတယ် ။ အကြောင်း မရှိ အကြောင်းရှာ တိုက်ခိုက်နေတယ် ။ တက်လာသမျှ တိုက်ခိုက်ချေမှုန်းရမှာဘဲ ။ ကျနော်တို့ သူတို့ကို သွားပြီးရန်ရှာတာ မဟုတ်ဘူး ။ နိုင်ထက်စီးနင်းပြုပြီး ကျနော်တို့ တပ်စခန်းကို တခုပြီးတခု လိုက်တိုက်နေတာတပ်မတော် ဘက်ကဘဲ ”- ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် မိုင်းရှူးမြို့နယ် ဟိုင်းပါဘုန်းတော်ကြီးကျောင်း ၌ လူဦးရေ တထောင်ကျော် ၊ ဝမ့်ဆော့ကျေးရွာအုပ်စု၌ လူဦးရေတထောင်ကျော် ၊ တော တောင်အတွင်း ၊ မိုင်းရှူးမြို့ ပေါ် ကြုံရာအမျိုးအိမ်၌ ခိုလှုံနေသူများ အားလုံးပေါင်းပါက စစ်ဘေးစစ်ဒဏ်ခံနေရသူပေါင်း သုံးထောင်ကျော်ရှိပြီဖြစ်ကြောင်း ဒုက္ခသည်အရေး ကူညီ ပေးနေသည့် စိုင်းဇွမ် ကပြောသည် ။


ထို့အတူ အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက် ဆင်မှုအား တရားသောစစ်ဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဟု သျှမ်းပြည် တပ်မ တော် SSPP/SSA မှ ထုတ်ပြန်ကြေငြာထားသည် ။


သျှမ်းပြည်တပ်မတော်သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates