SNLD ဥက္ကဌကိုယ်တိုင် ဟိုင်းပါ စစ်ဘေးရှောင်စခန်း သို့သွားရောက်ထောက်ပံ့



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးဦးဆောင်သည့် ဗဟိုကော်မတီအဖွဲ့သည် ကြာသပတေးနေ့ ကနေ့မနက်က မိုင်းရှူးမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များခိုလှုံနေထိုင်ရာ ဟိုင်းပါရွာ သို့ရောက်ရှိကာ ကူညီေ ထာက်ပံ့ရေးပစ္စည်များနှင့်အတူ အားပေးစကားများပြောခဲ့ကြောင်း သိရပါသည် ။


ဖေဖော်ဝါရီလ ၄ ရက်နေ့ ခွန်ထွန်းဦး၏ မိုင်းရှူးမြို့နယ် ခရီးစဉ်အတွင်း စစ်ဘေးရှောင်များအတွက် သျှမ်းပရဟိတအသင်းများမှ ပေးပို့လှူဒါန်းလာသော ရိက္ခာ လူသုံးကုန် ပစ္စည်း များ နှင့် ဆေးဝါးများကိုလည်း စစ်ဘေးရှောင် စခန်းနေ လူထု ၁၀၀၀  ထံ ပေး အပ်ခဲ့ပြီး SNLD ပါတီမှလည်း ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့သည်ဟု လိုက်ပါသည့် ရွေးကောက်ပွဲ အနိုင်ရာလွှတ် တော် အမတ်တဦးက ပြောသည် ။


" မနက်ဖြန်မှာ လူထုတွေ့ဆုံပွဲလုပ်မယ်။ မိုင်းရှူးမြို့တွင်းမှာဘဲ ။  ဒုက္ခသည်တွေ  ရင် ဖွင့်ပြောဆိုတာကို နားထောင်မယ် ။ " ဟု ခရီးစဉ်တွင် လိုက်ပါသွား သည့် နမ့်စန်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် စိုင်းသူရိန်ဦး က ပြောသည် ။


အစိုးရ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တို့မှာ အပစ်ခတ်ရပ်စဲထားပြီဖြစ်သော်လည်း နှစ်ဘက်တပ်များမှာ ရွာများအနီးတွင် ရှိနေခြင်း ၊ နှစ်ဘက်တပ်များ ကောင်းကောင်းမွန်မွန် ပြန်လည် ဆုတ်ခွာပေးခြင်း မရှိသေးခြင်း ၊ စစ်ဘေးရှောင်အချို့၏ နေအိမ်များမှာ ပျက်စီးကုန်ခြင်းနှ င့် ကောက်ပဲသီးနှံများ ပျက်စီးကုန်ခြင်း တို့ကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော် ဆက်ရှိနေဆဲဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates