တပ်မတော် ထိုးစစ်ဆင်မှုကြောင့် ဒေသခံ နှစ်ရာကျော် တိုက်ပွဲ အတွင်းပိတ်မိနေ



ယနေ့ နံနက်ပိုင်းမှ စ၍ ယနေ့အထိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မ တော် SSPP/SSA အား အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် သီပေါမြို့ အရှေ့တောင် ဘက် ကျေးရွာသုံးရွာမှ လူဦးရေ ၂၀၀ ကျော် တိုက်ပွဲအတွင်း ပိတ်မိနေသည်ဟု သိရ သည် ။

လားရှိုးရောက်စစ်ဘေးရှောင်တချိုးအားတွေ့ရစဉ်
ယမန်နေ့ မေ ၁၈ ရက် ၂၀၁၆ တပ်မတော် စစ်ကြောင်းမှ သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်မှု ည ၉ နာရီ အထိ ပြုခဲ့ကြောင်း ၊ ညတွင်းပိုင်း နားပြီး ယနေ့ မေ ၁၉ ရက် နံနက် ၇ နာရီ ခန့်မှ စ၍ ထိုးစစ် ဆင်မှု ပြန်လည်ပြုလုပ်နေကြောင်း ၊ နေ့ခင်းပိုင်းအထိ စစ်ရဟတ်ယာဉ် ၃ စီးဖြင့်  ပစ်ခတ်တိုက်ခိုက်ကြောင်း SSPP/SSA အရာရှိကပြောသည် ။


မြန်မာ့တပ်မတော် ထိုးစစ်ဆင်မှုကြောင့် နမ့်ပေါင်တိုက်နယ် နမ့်မ ကျေးရွာအုပ်စု နားတော် ၊ ခိုနန်းဖှာ့ နှင့် ကျောင်းမိုင် ကျေးရွာ ရွာသူ ရွာသား ၂၀၀ ကျော် မှာလည်း တိုက်ပွဲကြောင့် ကျောင်းမိုင် ရွာ ဘုန်းကြီးကျောင်း၌ ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည် ။


“ ဗမာစစ်သားက စစ်ကြောင်းလေးငါးကြောင်းရှိတယ် ။ တရွာဝင် တရွာထွက်ပဲ ။ ရွာထဲ နေပြီး ရွာအပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းထုတယ် ။ တိုက်ပွဲကတော့ မနေ့က နေ ဒီကနေ့ မနက်ပိုင်းအထိဘဲ ။  ဝမ့်မိုင်ဘုန်းကြီးကျောင်းမှာ လူ ၂၀၀ ကျော်တယ် ။ ဗမာစစ်သားတွေ ရှိနေတော့ သွားခေါ်လာလို့မရဘူး ။ သူတို့လဲ ပေးမထွက်သေးဘူး ၊ ဘုန်းကြီးကျောင်းကနေ ” - ဟု နမ့်ပေါင်ရွာမ ကြီးသို့ ရောက်ရှိခိုလှုံနေ သည့် အသက် ၃၅ နှစ်အရွယ် သားသည်မိခင် နန်းငင်း က ပြောသည် ။


သီပေါမြို့နယ် အရှေ့တောင် ဘက် တလွှားရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာချုပ်လက်အောင်ခံ ခလရ ခြေလျင်တပ်ရင်းအမှတ် ၆၈ ၊ ၆၉ ၊ ၂၉၁ နှင့် ခမရ ခြေမြန်တပ် ရင်းအမတ် ၅၃၂ စစ်ကြောင်းများအား လားရှိုးမြို့ မှ စစ်ဗျူဟာမှူးက လာရောက် ဦးဆောင်နေ ကြောင်း ဌာနချုပ်အရာ တဦး ကပြောသည် ။


သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ သီပေါမြို့ရှိ နိုင်ငံရေးပါတီများ ၊ လူမူ ကူညီအသင်းအဖွဲ့များ အကူအညီပေးနိုင်ရေး၊ သီပေါမြို့ပေါ်သို့ ခေါ်ယူ နိုင်ရေးအတွက် ကြိုးပမ်းနေသည်ဟု ဆိုသည် ။ မြန်မာ့တပ်မတော် မှ တိုင်းရင်းသားလက်နက်ကိုင် တပ် ဖွဲ့ များအား ထိုးစစ်ဆင်မှုကြောင့် ကျောက်မဲမြို့နယ် ဘက်တွင်လည်း ဒေသခံ ထောင် ဂဏန်း နေရပ်မှ စွန့်ခွါနေရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates