သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်မည့်စီမံကိန်းနှင့်ပတ်သက်ပြီး သျှမ်းလူထုအခြေပြုအဖွဲ့မှ ကွင်းဆင်းသုတေသနပြုချက်မှတ်တမ်း ဗီဒီယိုပြသ ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်



သျှမ်းပြည်အတွင်း သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်မည့်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံလူထု ရင်ဆိုင်ကြုံတွေ့ရမည့် ကောင်းကျိုး ဆိုးကျိုးနှင့် ထိခိုက်နစ်နာမှုများကို သျှမ်းပြည်လူထုနှင့် ပြည်တွင်းပြည်ပ ကမ္ဘာအရပ်ရပ် လူထု သိရှိစေ ရန်ရည်ရွယ်ပြီး သတင်းစာရှင်းပွဲကို ဗီဒီယိုကလစ်ဖြင့်ရှင်း လင်းပြသ မှုတရပ် ကို သျှမ်းလူထုအခြေပြုအဖွဲ့က ၃ နေရာတွင်တပြိုင်နက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည် ။


စက်တင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် အဆိုပါသတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်းတွင် ညနေ ၆ နာရီမှ ည ၉ နာရီအထိ၊ သျှမ်းပြည်နယ်တောင်ကြီးမြို့ တွင် သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံး နှင့် ရန်ကုန်မြို့ တွင် အော့ခစ်ဟိုတယ် တို့တွင် မနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ ခွဲအထိ တပြိုင်နက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည် ။


အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပြသသည့် ကွင်းဆင်းသုတေ သနပြုချက်မှတ်တမ်း ဗီဒီယို ကလစ်အားလည်း ထိုင်းနိုင်ငံ Thai PBS ရုပ်သံလိုင်းတွင် စက်တင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်းသိရသည် ။


ထို့ကြောင့် ပြည်တွင်းပြည်ပ သတင်းသမားများအားလုံး တက်ရောက် သတင်းယူနိုင်ရန်လည်း သျှမ်းလူထု အခြေပြု အဖွဲ့က တိုက်တွန်းဖိတ်ကြားေ ကြာင်း ပြောဆိုသည် ။


သျှမ်းလူမှုအခြေပြုအဖွဲ့အစည်း၏ ပြောခွင့်ရ စိုင်းဟော်ရှဲန်က - အစိုးရနဲ့ ကုမ္မဏီတွေကနေ တည်ဆောက်မယ့် သံလွင်မြစ်ပေါ်က ရေကာတာ စီမံကိန်းကြောင့် လူထုဘယ်လောက်အထိ နစ်နာရမယ်ဆိုတဲ့ အချက်တွေ ကျနော်တို့ အဖွဲ့က ကွင်းဆင်းစစ်တမ်းကောက်ယူထားတာတွေကို ရှင်းလင်းမယ်။ နောက်ပြီးတော့ ၁၉၉၆-၁၉၉၇ ခုနှစ်တုန်းက အဓမ္မပြောင်းရွှေ့ခြင်း စီမံကိန်းကြောင့် နေရပ်ကနေ ရပ်ရွာအလိုက်စွန့်ခွါပြီး ထိုင်းနယ်စပ်ကိုသွားပြီးအလုပ်လုပ်ကိုင်နေတဲ့သူတွေ တနေ့နေ့ နိုင်ငံရေးအခြေအနေ တည်ငြိမ်လို့ ပြန်လာကြမယ်ဆိုရင် ရေကာတာကြောင့် သူတို့နေရပ် ရေလွှမ်းလို့ နေစရာမဲ့ဖြစ်သွားနိုင်မယ်။ အဲဒီအတွက်တွေ လည်းစိုးရိမ်ရတယ်ပေါ့။ ဒီအကြောင်းတွေရှင်းပြမှာပါ။ အဲတာကြောင့် မိမိနီးစပ်ရာ သတင်းစာရှင်းလင်းပွဲမှာသွားရောက်ပြီးတော့ နားထောင်ကြပါလို့တိုက်တွန်းလိုပါတယ်- ဟု သျှမ်းသံတော်ဆင့် အားပြောပြသည် ။


မြန်မာနိုင်ငံတွင် သံလွင်ပေါ် ရေကာတာစီမံကိန်းကြီး ၆ ခုရှိရာ သျှမ်းပြည်နယ်အတွင်း ရေကာတာစီမံကိန်း ၄ ခုရှိပါသည်။ အဆိုပါရေကာတာစီမံကိန်း ၄ ခုမှရေအားလျှပ်စစ် မဂ္ဂါဝပ် ၁၀၀၀၀ နီးပါထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည် ။


ကွင်းဆင်းသုတေသနပြုချက်မှတ်တမ်း ဗီဒီယိုဖိုင် နမူနာကိုအောက်ပါ ဖိုင်တွင်ဝင်ရောက်ကြည့်ရှုနိုင်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates