သမိုင်းဝင် ပင်လုံမြို့၌ ယမ်းပေါက်ကွဲ၊ ၁ ဦးသေ ၆ ဦး ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် သမိုင်းဝင် ပင်လုံမြို့၌ မီးပုံးပျံအတွက် ယမ်းထောင်းရာ ပေါက်ကွဲမှု ဖြစ်ပြီး ၁ ဦးသေ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည် ။
![]() |
Photo by Thura Aung facebook |
နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီခန့် ရပ်ကွက် ၂ (မြို့သစ်) သစ်ခွလမ်းရှိ အိမ်တအိမ်၌ မီးပုံးပျံ ပြုလုပ်ရာ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့်လူငယ်မှာ ကိုမောင်အေးနှင့်မအေးကြိုင်တို့၏ သား အသက် ၁၆ နှစ်ရှိ မောင်ရဲလင်းဦး (ခေါ်) ကျွတ်စီ ဖြစ်ကြောင်း သိရှိရသည် ။
“ အသံအရမ်းကျယ်တယ်။ ဗုံးကွဲတယ်လို့တောင်ထင်နေတာ။ နောက်မှသိရတယ် မီးပုံးပျံလုပ်ဖို့အတွက် ယမ်းထောင်းရင်း ပေါက်ကွဲတာ။ ခြေလက်တွေတောင်ပြတ်တယ်။ နေအိမ်ထဲကပစ္စည်းတွေ ပျက်စီးကုန် တယ်။ ပြတင်းပေါက်တောင်ပွင့်ထွက်ကုန်တယ်။ အဲလောက်ပြင်းရင်တော့ ရိုးရိုးယမ်းတော့ မဖြစ်နိုင်ဘူး ထင်တယ်။ မီးပုံးပျံက ၀မ့်အဲန်ဘုန်းကြီးကျောင်းဆရာတော်မွေးနေ့အတွက်လို့လည်း ပြောနေကြတယ်”ဟု ပင်လုံမြို့ခံ လုံးစောကပြောသည် ။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း သျှမ်းပြည်နယ်မြို့တော် တောင်ကြီး ပြည်တော်သာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲအတွက် မီးပုံးပျံပြုလုပ်ရာ ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်သဖြင့် နေအိမ် တလုံး မီးလောင်ပြာကျခဲ့သည် ။
Tags: General, News