သျှမ်းစာအသုံးနှုန်းမတူညီတာတွေခဏထားပြီး အဓိက သျှမ်းလူငယ်တွေ သျှမ်းစာတတ်ဖို့အရေးကြီးတယ် ....
![]() |
| သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေး အသင်း SWAN မှ နန်းခမ်းယုံ၏ ကမ္ဘာ့အမျိုးသမီးများနေ့ အမြင်သဘောထား |
နောက်တစ်ခုက ကျောင်းကြီးတွေ အပြိုင်အဆိုင် ဆောက်နေတယ်။ စစ်ရေးစစ်ရာတွေနဲ့ မငြိမ်းချမ်း သေးတဲ့ သျှမ်းပြည်ထဲက ကျေးလက်ဒေသတချို့နေရာတွေမှာဆို ခုဘဲကျောင်းဆောက်ပြီး တယ်။ ခုဘဲစစ်ဖြစ်တယ်။ တရွာလုံးထွက်ပြေးရတယ်။ စာတောင်မသင်လိုက်ရဘူး ။ အဲလိုမျိုးအခြေအနေ တွေကိုစိုးရိမ်နေရတဲ့ဒေသတွေမှာ လူငယ်တွေကို ဘုန်းကြီးကျောင်းတွေမှာ စာသင်ရင်ပေးရင် ပိုကောင်းမှာ လားပေါ့ ။ ဒီသျှမ်းပညာရေးမှာ သျှမ်းစာပေသင်ကြားရေး နဲ့ ပတ်သက်ပြီးတော့ သျှမ်းပညာရေးပိုင်းကလူကြီးတွေကို အစိုးရနဲ့ လက်တွဲချိတ်ဆက်ပြီးလုပ်ရင်တော့ ကောင်းမယ်လို့ ကျမတို့မြင်ပါတယ်။ တကယ်လို့ တရားဝင်မဟုတ်ရင် ကျမတို့သျှမ်းလူငယ်တွေ ဘယ်လောက် ဘဲတော်တော် သူတို့အတွက် ထိရောက်တဲ့ အကျိုးရှိမှာမဟုတ်ဘူး ပေါ့နော်။ ဒါကြောင့် နိုင်ငံတော် အစိုးရဘက်က သတ်မှတ်အတည်ပြုချက်အရင် ရရင်တော့ ပိုအဆင်ပြေမယ် လို့မြင်ပါတယ်။
Tags: Opinion


