နမ္မတူမြို့ ရွှေမြင်သာကျောင်းရောက် စစ်ရှောင် ၁၀၀ ကျော် နေရပ်ပြန် - ၅၀၀ ကျော်ကျန်သေး
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းတိုက်မှာရောက်ရှိခိုလှုံနေကြတဲ့ စစ်ဘေးရှောင်လူထု ၁၀၀ ကျော်ဟာ မေလ ၃၀ ရက်နေ့က နေရပ်ပြန်သွားပြီဖြစ်ပါတယ်။
ဒီဒေသခံတွေဟာ တအာင်းတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြားဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့မေလဆန်းကတည်းက နမ္မတူမြို့ရွှေမြင်သာကျောင်းတိုက်ကိုရောက်ရှိခိုလှုံနေတဲ့ နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုဝင်ရွာခံတွေဟာ နေရပ်နဲ့ခွဲခွါရတာ တလနီးပါးရှိပြီဖြစ်ပါတယ် ။
အဆိုပါရွာသားတွေဟာ အစိုးရတပ်မတော်နဲ့ တအာင်း တပ်ဖွဲ့တို့ကြားဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် မေလ ၁၁ ရက်နေ့တုန်းက နမ္မတူမြို့ရွှေမြင်သာကျောင်းတိုက်ကိုရောက်ရှိလာကြတာပါ။
တဖက်ကလည်း မန်တုံ ကျောက်မဲဘက်က စစ်ဘေးရှောင် တွေကလည်း နမ္မတူမြို့ကို ယမန်နှစ်က တည်းကစစ်ဘေးရှောင်ရောက်ရှိခိုလှုံနေကြတာ ၅၀၀ ကျော်ရှိနေသေးတယ်လို့လည်း စိုင်းဘဉာဏ်က ပြောပါတယ်။
“ကျန်တာကတော့ မန်တုံမြို့နယ်ထဲကလူတွေ။ အဲတာတွေက ၁၂၆ အိမ်ထောင်ကျန်သေးတယ်။ ကျားက ၂၅၃ ယိင်း ၂၈၁ စုစုပေါင်း ၅၃၄ ကျန်သေးတယ်။ သူတို့တော့မပြန်နိုင်သေးဘူး ခုထိ။” - လို့ဆိုပါတယ်။
မြန်မာအစိုးရ တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့အကြားတိုက်ပွဲ၊ သျှမ်းပြည်တပ်မတော် RCSS နဲ့ တအာင်း ပလောင် TNLA တပ်တို့ကြားတိုက်ပွဲကြောင့် နမ္မတူမြို့နယ်အပြင် ကျောက်မဲ နဲ့ တခြားမြို့နယ် တွေဖြစ်တဲ့ မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် တို့တွေမှာလဲ စစ်ဘေးရှောင်ဒုက္ခသည်များ ရှိနေပါသေးတယ်။
Tags: Human Right, News



