၂၀၁၇ ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ ရှင် အား စက်တင်ဘာလအတွင်း ဖေါင်ပိတ် ရွေးချယ်မည်



အများအကျိုးသယ်ပိုးသူ သျှမ်းလူငယ်များအား တနှစ်တယောက် ရွေးချယ်ကာ  ပေးအပ်ချီးမြင့်သည့် ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ အတွက် လျှောက်ထားနိုင်ကြောင်း ဆုရှင်ရွေးချယ် ရေးကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။


၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပေးအပ်ချီးမြင့်မည့် ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ ရှင်အတွက် ကိုယ်ကျိုးစွန့်သူ လူငယ်များအနေဖြင့် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားကာ အမြန်ဆုံးလျှောက်လွှာတင်ကြရန် ဆုချီးမြင့်ရေးကော်မတီ မှ တိုက်တွန်းသည်။


“အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့ သျှမ်းလူငယ်တွေကို ဒီဆုက အသိအမှတ်ပြုတဲ့အတွက် စိတ် ဓါတ် ပိုင်းဆိုင်ရာမှာ အရမ်းခွန်အားဖြစ်စေပါတယ်။ တင်လျှောက်ဖို့ အ ချိန်အရမ်းကပ် လာနေလို့ အမြန်ဆုံး တင်လျှောက်စေချင်တယ်။ ဒါကတပိုင်းပေါ့။ နောက်တခုကျတော့လဲ ကျနော်တို့တွေက ဘာဘဲဖြစ်နေဖြစ်နေ ကျနော်တို့မျှော်လင့်ရာပန်းတိုင်ဆီကို အရောက်လျှောက်လှမ်းရမှာဘဲ။ ဒေသအကျိုး အများအကျိုးဆက်လက်ထမ်းဆောင်သွားကြရမှာဘဲ” - ဟု ၂၀၁၆ ခုက  ‘စဝ်သုစန္ဒီခေါင်း ဆောင်ဆု’ ရှင် စိုင်းဆု က ပြောသည်။


အဆိုပါ  ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ ရှင်အား ယခင်နှစ်များက ဂုဏ်ပြုလွှာ နှင့်အတူ ဆုငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယခုနှစ်တွင်မူ ဒေါ်လာ ၄၀၀၀ တိုး၍ ချီးမြှင့်သွားမည်ဟု လည်း သိရပါသည်။


သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီမှ ချီးမြင့်သော Sao Thusandi Leadership Award စဝ်ဆုစန္ဒီခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်မှစ၍ အများအကျိုး သယ်ပိုးသူ အသက် ၃၅ နှစ်အောက် ကိုယ်ကျိုးစွန့် သျှမ်းလူငယ်များအား တနှစ်တဦးရွေးချယ်ကာ ဆုချီးမြင့်လာခဲ့သည် မှာ ယခုနှစ်တိုင် ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates