SNLD ဥက္ကဌ ခွန်ထွန်းဦး ယနေ့ ရ၄ နှစ်ပြည့်



စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော SNLD သျှမ်းတိုင်းရင်း သား များဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦး၏ ရ၄ နှစ်ပြည့်မွေးနေ့အား ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ၉ မိုင် သျှမ်းရွာတွင် အခမ်း အနားကျင်းပမည်ဖြစ်ရာ မွေးနေ့ပွဲတက်ရောက်သူများအား ကံစမ်းမဲ ဖောက်ပေး မည်ဖြစ်ကြောင်း သိရသည်။


SNLD ဥက္ကဌ ခွန်ထွန်းဦး သည် ၁၉၄၃ ခုနှစ်စက်တင်ဘာလ ၁၁ ရက်နေ့ တွင် သိန္နီမြို့တွင် မွေးဖွားသည်။ ဖခင်စဝ်ကြာဇုံသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အကိုဖြစ်ပါသည်။ တောင်ကြီးမြို့ ကမ္ဘောဇ ကျောင်းမှ တက္ကသိုလ်ဝင်တန်းကို ၁၉၆၄ ခုနှစ်တွင်အောင်မြင်ခဲ့ပါသည်။


၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဘာသာရပ် ကိုဒုတိယနှစ် အထိ တက်ရောက်သင်ကြား ခဲ့ပါသည်။ ၁၉၆၇ မှ ၁၉၇၇ အထိ အင်ဒိုနီး ရှား သံရုံးစစ်သံမမှူး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါ သည်။ ထိုနောက် ဂျပန်နိုင်ငံမှနိုင်ငံတကာသတင်း စာဖြန့်ချီရေးကုမ္ပဏီ (OCS)၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သည်။


၁၉၈၈ ခုနှစ်တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တွင်အထွေထွေအတွင်းရေးမှူး အဖြစ်စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အဖွဲ့ချုပ်၏ဥက္ကဌအဖြစ် တာဝန် ယူလာသည်မှာ ယနေ့တိုင်ဖြစ်သည်။


၁၉၉၀ ပြည့် မေလ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်ကိုဦးဆောင်၍ မြန်မာပြည်တဝှမ်း သျှမ်းတိုင်းရင်းသားများ စုစည်းနေ ထိုင်ရာဒေသများတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာ့သမိုင်းတွင် သျှမ်းတိုင်းရင်းသားများ အနေဖြင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် အများဆုံးနှင့်ဒေသအနှံ့ ပါဝင်ယှဉ်ပြိုင်ပြီး တနိုင်ငံလုံး ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီ ဖြစ်သည်။


စဝ်ခွန်ထွန်းဦးကိုယ်တိုင်သီပါမဲဆန္ဒနယ်အမှတ် ၁ တွင် ၀င်ရောက်အရွေး ခံခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှော က်ခြင်း ခံခဲ့ရသည်။ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံသူ သုံးဦး အနက် ထိုစဉ်က သျှမ်းတိုင်းရင်းသားများလောက၌ ထင်ရှားကျော်ကြားသော နိုင်ငံေ တာ်ေ ကာင်စီဝင် အငြိမ်းစား ဖြစ်သူ စိုင်းအောင်ထွန်း နှင့် ဒီမိုကရေစီအရေး ကို တပြည်လုံးတွင် ထောက်ခံမှုရရှိနေသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းတင့်ဇော် တို့နှင့် ယှဉ်ပြိုင်ရာ စဝ်ခွန်ထွန်းဦးက သျှမ်းလူထု၏ ထောက်ခံမှု ရယူ ပြသနိုင်ခဲ့သည်။


စဝ်ခွန်ထွန်းဦး ဦးဆောင်ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ၅ ဦး ရွေး ချယ်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ် ၅ ဦးတို့သည် နဝတ မှ ကျင်းပသော အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောဆန္ဒကိုအနည်း အကျဉ်း သိရှိနား လည်လာခဲ့ရပါသည်။


စဝ်ခွန်ထွန်းဦး၏ ဦးဆောင်မှုဖြင့် ၆၅ နေရာတွင် ယှဉ်ပြိုင်အရွေးခံရန် စာရင်းတင်သွင်းခဲ့ပါသည်။ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာများမှလွဲ၍ ၅၈ နေရာယှဉ်ပြိုင်ခဲ့ရာ ၂၃ နေရာအနိုင်ရရှိခဲ့ပါသည်။ သျှမ်းပြည်တွင် အများဆုံး အနိုင်ရရှိခဲ့သောပါတီဖြစ်ပါသည်။


ဦးခွန်ထွန်းဦးကိုယ်တိုင် သီပေါမဲဆန္ဒနယ်အမှတ် ၁ တွင် ၀င်ရောက်အရွေးခံ ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ် တင်မြောက်ခြင်းခံခဲ့ရပါသည်။


၁၉၉၃ နအဖစစ်အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသား ရ ပြည်နယ်အတွက် အခြေခံရပိုင်ခွင့် များ တင်ပြတောင်းဆိုသော်လည်း လစ်လျူရှုပယ်ချခြင်းခံခဲ့ရ၏။ အမျိုးသားညီလာခံလုပ်ထုံး လုပ်နည်း များ တရားမျှ တမှုမရှိကြောင်း နိုင်ငံခြား အသံလွှင့် ဌာနများအား ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို၏။ နအဖ စစ်အစိုးရချမှတ်ခဲ့သော ဦးတည်ချက် ၆ ရပ် အခြေခံမူ ၁၀၄ ချက်နှင့် လမ်းပြမြေပုံ ရ ဆင့်တို့ကို စဝ်ခွန်ထွန်းဦးက လက်မခံဘဲ အမျိုးသားညီ လာခံမှ ဦးဆောင်နှုတ်ထွက် ခဲ့သည်။


ထို့ကြောင့် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည် နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦး နှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့အား ရန်ကုန်မြို့ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။


သျှမ်းပြည် အတိုင်ပင်ခံကောင်စီ ဦးဆောင်ဖွဲ့စည်းရာကနေ ပြည်ထောင် စုဖြိုခွဲ လိုမှု၊ ခွဲထွက်လိုမှု၊ မတရား အသင်းဆက်ဆံမှု အပါအဝင် အခြားအမှုပေါင်း များစွာရှာကြံ၍ ထောင်ဒဏ် ၉၃ နှစ် စီရင်ချက်ချကာ စဝ်ခွန်ထွန်းဦးအား ရာသီဥတုဆိုးဝါးလှသော ကချင်ပြည် ပူတာအိုထောင် သို့ ပို့ဆောင် ချုပ်နှောင် လိုက်သည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ စီးပွါးရေးပိုင် ဆိုင်မှုများ ကိုလည်း စစ်အစိုးရကသိမ်းယူ ချိတ်ပိတ်ခဲ့ သည်။


၂၀၀၅ ခုနှစ်မှ ၂၀၁၂ ဇန္နီဝါရီ ၁၃ ရက်နေ့ အထိ အင်းစိန်ထောင်၊ ပူတာအိုေ ထာင်၊ မန္တလေးအိုးဘို ထောင်၊ တောင်ငူထောင်တို့၌ အသီးသီး အကျဉ်းချ ခံခဲ့ရသည်။ ဦးသိန်းစိန်အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါ သျှမ်းေ ခါင်းဆောင်များ ၂၀၁၂ ခုနှစ်က ပြန်လည်လွှတ်မြောက် လာပြီး နိုင်ငံရေးလောက အတွင်းတရား ဝင်လှုပ်ရှားနိုင်ရန် SNLD ပါတီ ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။


စဝ်ခွန်ထွန်းဦးဦးဆောင်သော SNLD ပါတီသည် ၂၀၁၅ ပါတီစုံရွေးေ ကာက်ပွဲ တွင် လွှတ်တော်အမတ် ၃၉ နေရာဖြင့်အနိုင်ရရှိခဲ့သည်။ ၂၀၁၇ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း သျှမ်းပြည်တွင်း လစ်လပ်မဲ ဆန္ဒနယ် ၉ နေရာရှိရာ SNLD မှ ၆ နေရာအနိုင်ရရှိခဲ့သည်။


စဝ်ခွန်ထွန်းဦးကိုယ်တိုင်မှာလည်း ထောင်မှလွှတ်မြောက်လာပြီးနောက်ပိုင်း SNLD ပါတီဥက္ကဌ ၊ SSJAC ဥက္ကဌ တို့အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CSSU ဥက္ကဌအဖြစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းေ ဆာင် ခဲ့သည်။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီမိုကရေစီအရေး၊ တိုင်းရင်း သားအရေးတို့ကို မမှိတ်မသုန် ဆပ်လက်ဆောင်ရွက် သွားနိုင်စေရန် ဦးခွန်ထွန်းဦးမှ ဆက်လက်တာဝန်ယူဦးဆောင်နေပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates