မူဆယ်တရားရုံးမှ တဖက်စောင်းနင်း အမိန့်ချမှတ်မှုအပေါ် နစ်နာသည့်လူငယ်တဦး၏ခံစားချက်
သို့-သျှမ်းသံတော်ဆင့်မှတဆင့်
သျှမ်းပြည်နယ်အစိုးရ သိစေရန်
မူဆယ်မြို့တွင်ရွှေသီရိဟော်တယ်ဖွင့်ထားသည့် ဦးဝင်းခင် မမွှေးတို့ထံမှ ကိုကျော်ဝင်း ဒေါ်နန်းအီတို့က ယွမ်ငွေ ဆယ်သိန်းကို အတိုးဖြင့် ချေးငှားပေးရာ ဦးကျော်ဝင်း ဒေါ်နန်းအီတို့ကလည်း ချေးငွေအတိုးကို တရုတ်ယွမ်ငွေဖြင့် ပြန်လည်ပေးဆပ်နေစဉ် ဦးဝင်းခင် မမွှေးတို့က မူဆယ်မြို့တရားရုံးတွင်လိမ်လည် မှုဖြင့် တရားစွဲလိုက်ပါသည်။ မူဆယ်မြို့နယ်တရားသူကြီး ဦးမြင့်အောင်က ဦးဝင်းခင် မမွှေးတို့ထံမှ လာဘ်ငွေယူပြီး ဦးကျော်ဝင်းအားလိမ်လည်မှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်ဟုသိရပါသည်။
ထို့အပြင် သျှမ်းပြည်နယ်တရားသူကြီးချုပ်ဦးကြွယ်ကြွယ်ကလည်း ဦးဝင်းခင် မမွှေးတို့ထံမှ လာဘ်ငွေ များ ရယူကာ တရုတ်ငွေချေးခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း သိပါလျက်နှင့် ဦးကျော်ဝင်း ဒေါ်နန်းအီတို့ပိုင်သည့် ဂရင်းဟော်တယ်အား အချိန်တိုတိုအတွင်း ရရှိနိုင်အောင်တဘက်သတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဦးကျော်ဝင်း၏သားသမီးများမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ကိုတွေ့မြင် သိရှိရသဖြင့် ဒုက္ခရောက်နေသောကလေးများအတွက်အမှုမှန်ပေါ်ပေါက်လာစေရန်အတွက် ကူညီကြည့်ရှုဆုံးဖြတ်ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
အမှုမှန်ပေါ်စေလိုသူ မူဆယ်သား
Tags: Letter to Editor