သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နှက်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နှင့်  ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာ ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမေးမြန်းရိုက်နှက်    ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
Taarng_Village
အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်းလူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။

ဖမ်းခံသည့်အုပ်ချုပ်ရေးမှူးများမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းက အထက်ပန်း တောင်းရွာ၊ အောက်ပန်းတောင်းရွာ၊ အထက်မန်ဝယ်ရွာ၊ အောက်မန် ၀ယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊ ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့ဖြစ်ကြောင်းသိရသည်။

''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ အဲဒီမှာကျတော်တို့ အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ၊ လမ်းတစ်လျှောက်မှာကော တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊ တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ်  သွေးထွက်သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ကပြောပြသည်။

ထိုအစိုးရစစ်တပ်၏ ဖမ်းဆီး နှိပ်စက်ခံရသော ရွာအုပ်ချုပ်ရေးမှူးများကိုဖမ်းဆီးသည့်နေ့ ညနေပိုင်းကပြန် လွတ်ပေးခဲ့ ပြီဖြစ်သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်မယူရဲ တော့ ပဲ   နှုတ် ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း သတင်းအရသိရသည်။

အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေရာများ ဖြစ်ကြပြီး ကချင် KIA တပ် မှာမူမရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်းဘုန်းကျော် ကပြောပြသည်။

“ဒါကတမင်သက်သက် လုပ်လိုက်တာပဲ ။ ဒီအစိုးရစစ်တပ်တွေက  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို လိုက် တိုက်နေတာ သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ် ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်းသားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာဖြစ်မယ်” ဟု သူကဆိုသည်။

အစိုးတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကာလကြာသည်နှင့် အမျှလူ့အခွင့် ရေးချိုးဖောက်မှုများလည်း အများအပြားရှိလာသည်ကိုတွေ့ရသည်။







 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates