သျှမ်း/ မြောက် နမ့်ခမ်းမြို့၌ ပွဲဆောင်းဆမ်ဘုရားပွဲတော်ကျင်းပ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မြို့လယ်ကျောင်း၌ ပွဲဆောင်းဆမ်ဘုရားပွဲကို နှစ်တိုင်းသီတင်းကျွတ်ပြီး ၈ ရက်တွင် သုံးရက်သုံးညတိုင်တိုင် ကျင်းပ လေ့ရှိသည်ကို စုံစမ်းသိရှိရပါသည်။
 boy_23

ပွဲဆောင်းဆမ်ဘုရားပွဲ

“ဒီနှစ် ပွဲ က ယခုလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ။ ညတိုင်း သျှမ်းဇာတ်သဘင် ၊ စတိတ်ရှိုး (စင်တင်တေး ဂီတ) နဲ့ဖျော်ဖြေတယ်၊ ၆ ရက်နဲ့ ၇ ရက်နေ့လည် ပိုင်းတွင်လည်းပဒေသာပင် ၄၉ ပင်နဲ့လူထောင်ပေါင်းများစွာနဲ့ မြို့ပတ်လှည့်လည်ကြတယ်၊ ဒီနေ့ ၇ ရက်နောက်ဆုံးပွဲနေ့ မနက်ပိုင်းမှာတော့ ပင့်သံဃာ ၃၅၀ ပါးနဲ့မြို့လယ် ဘုရားကြီး အနေကဇာတင်ပြီး ဆွမ်းဆန်လောင်းပွဲရှိတယ်၊ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေနဲ့ မြို့နေပြည်သူလူထု ရာဂဏန်း  ဆွမ်းလာ လောင်းကြ တယ်” ဟုဆွမ်း လောင်းပွဲပါဝင်သော လုံးစိုင်းထွန်းကပြောပြသည်။
၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် နမ့်ခမ်းမြို့၌ မိုးအရမ်းကြီးနေသည့်အတွက် ပွဲတော်သိပ်မစည်ကြောင်း၊ ယနေ့ ၇ ရက်နေ့တွင်မူ မိုးတိတ်ပြီဖြစ်သဖြင့် ပဒေသာပင်လှည့်လည်ရာတွင်  အထူးစည်ကားလှကြောင်း၊ ပွဲတော်ထူးခြား ချက်တခု မှာမူ သျှမ်းရိုးရာအကအပြင် သျှမ်းရိုးရာစက္ကူဆင်ရုပ်၊ တိုးနယား အရုပ်၊ ကိန္နရာ အရုပ်တို့ဖြင့် အလှူ ပဒေသာပင်နှင့် အတူ လှည့်လည်နေကြောင်း  ၄င်းကဆိုသည်။

ဆောင်းဆမ်ဆိုတာ ဗမာလို ၂၃ လို့အဓိပါယ်ရတယ်။ သီတင်းကျွတ်လဆုတ် ၈ ရက်နေ့မှာကျတယ်။ လပြည့် ၁၅ + လပြည့်ကျော် ၈ ရက်= ၂၃ ပေါ့ဗျာ။ ဒီနေ့ ပဒေသာ ပင်လှည့် တော့ လူက  ၆ ထောင်လောက်ရှိတာ။ အစဉ် အလာ အရလဲ ကြီးကြီးကျယ်ကျယ်လုပ်ခဲ့တဲ့ပွဲတပွဲပါ။ အရမ်းကြည်နူးမိတယ်ဗျာ။ အားလုံးက သျှမ်းဝတ်စုံနဲ့ပေါ့။ သျှမ်းအိုးစည် ၄၉ စုံတီးခတ်ပြီး တရွာနဲ့တရွာ အရောင်ဆင်တူဝတ်ဆင်ပြီး ပွဲတော်လာကြတယ်၊ အလှူပဒေသာ ၄၉ ပင်  ကိုလည်း နမ့်ခမ်းမြို့ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ  ညီတူညီမျှခွဲဝေ လှူဒါန်းကြတယ်” ဟု နမ့်ခမ်း လူငယ် စိုင်းခမ်းက ပြောပြသည်။

နမ့်ခမ်းမြို့နယ်ရှိ ရပ်ကွက်တခုလျှင် ပဒေသာပင်တပင်လှူ ဒါန်းခြင်းဖြစ်ကြောင်း ၄င်း ကပြောပါသည်။ သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့တွင် ပွဲဆောင်းဆမ် ဘုရားပွဲတော် ကို လွန်ခဲ့သောနှစ်ပေါင်းရာကျော် သျှမ်းစော်ဘွားခေတ်ကတည်းက ယနေ့ထိတိုင် နှစ်တိုင်း လိုလို ကျင်းပလာကြ သည်ဟု သိရှိရပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates