သျှမ်း / တောင် မိုင်းကိုင် ကြိုတင်မဲ နာမည်အမှားအယွင်းများ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူများစာရင်းမှာ အမည် စာရင်း ပျောက်နေတာ အများအပြားရှိတယ်လို့ မိုင်းကိုင်မြို့နယ်က SNLD ပါတီဝင် စိုင်းပန်က ပြောပါတယ် ။
နိုဝင်ဘာ ရ ရက် ဒီကနေ့မှာအစိုးရ ၀န်ထမ်းတွေ ၊ မဲရုံတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီဝင် တွေ ကြိုတင်မဲပေးကြတယ်လို့ ဆိုပါတယ် ။
အမည်စာရင်းရှာမတွေ့တာ ၊ ပျောက်နေတာအများကြီးဘဲ ။ တချို့ကလည်း အဖေ အမေ နာမည်မှားတာတွေရှိတယ် ။ မှတ်ပုံတင်နံပတ်တွေမှားတယ် ။ တချို့ဆိုရင် တအိမ်ထောင်မှာ ၁ ယောက် ၂ လောက်ဘဲ နာမည်စာရင်းပါလာတယ် ။ ၂၀% ကျော်ကျော် မဲစားရင်းမှာတယ် - လို့ပြောပါတယ် ။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မိုင်းကိုင်မြို့မှာ မဲလာပေးတဲ့သူ အရေ အတွက် အနည်းဆုံးဖြစ်တယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ် ။
တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မိုင်းကိုင်မြို့နယ်ထဲမှာ မဲရုံစုစုပေါင်း ၃၀ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူကတော့ ကျား ၂၁၄၄၂ ဦး မ ၂၄၁၆၄ ဦးရှိတယ်လို့ သိရပါတယ် ။
Tags: short news