ရလခ စစ်တိုင်းအခြေစိုက်မြို့တွင် ပေါက်ကွဲသံကြောင့် ရွေးကောက်ပွဲအကြိုည လုံခြုံရေးတိုး မြင့်
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ အခြေစိုက်ရာ သျှမ်းပြည်တောင်ပိုင်း နမ့်စန် မြို့နယ် ခိုလမ်မြို့ မြောက်ဘက် ၁၀ မိုင်ကျော် အကွာမှာ ယနေ့ ညနေ ၅ နာရီခွဲခန့်အချိန် ပေါက်ကွဲသံကြီး နှစ်ကြိမ်ထွက်ပေါ်လို့ ဒေသခံတွေေ ကြာက်ရွံ့နေကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ပြောပါတယ် ။
ခိုလမ်ဒေသခံများ ပြောပြချက်အရ ၎င်းတို့ ရပ်ကွက်အတွင်း စစ်ကား တစီး ရောက်လာပြီးမကြာမှီ နမ့်စန်မြို့မှ ရဟတ် ယာဉ် ၂ စီလည်း ခိုလမ် မြို့ဖြတ်ကာ ခိုလမ်မြောက်ဘက် ဝမ့်ဇင်းဘက် ဦးတည် သွားတယ်လို့သိရပါ တယ် ။
အဲဒီနောက် ပေါက်ကွဲသံကြီးကြားရပြီး မကြာခင်မှာဘဲ စစ်သားတွေ တင် ဆောင် လာတဲ့ စစ်ယာဉ်တန်းဟာ မြို့အဝင်အထွက်တွေ မှာလုံခြုံရေး ဖြန့် ကျက်နေရာယူထားတယ်လို့ ဒေသခံ စိုင်းအိုက်မွန်း ပြောပါတယ် ။
ပေါက်ကွဲသံဟာ ခိုလမ်နဲ့ ၀မ့်ဇင်းကြားက ပြင်သာ ဟိုမောင်း ဘက်မှာဖြစ် တယ် လို့လည်းဆိုပါတယ် ။
တိုက်ပွဲဝင်တင့်ကား နှစ်စီးလည်း လုံခြုံရေး စစ်ယာဉ်တန်း နှစ်စီးနဲ့အတူ ၀မ့်ဇင်းဘက်သို့ ဦးတည်သွားနေ တယ်လို့ဆိုပါတယ် ။
နိုဝင်ဘာ ရ ရက် ညဦးပိုင်း ခိုလမ်မြို့အခြေအနေကတော့ ရပ်ကွက်အကြီး အကဲတွေကနေ ရပ်ကွက်သူရပ်ကွက်သားတွေကို ညအပြင်မထွက် ဖို့တားမြစ် ထားတဲ့အတွက် အိမ်တွေ ဆိုင်ခန်းတွေစောစောစီးစီးတံခါးပိတ်ပြီး တမြို့လုံး ဆိတ်ငြိမ်နေတယ်လို့ ဒေသခံတွေ ၊ နိုင်ငံရေးပါတီတွေကို ဆက်သွယ် မေးမြန်းချက် အရသိရှိရပါတယ် ။
Tags: News, War