ကျိုင်းတုံတွင် မင်္ဂလာစည်တော် ပါတီ ESSDDP ၏ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် အဓိကထား ယှဉ်ပြိုင်မည့် သျှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ်ပါတီ ခေါ် မင်္ဂလာစည်တော် ပါတီ  ESSDDP ၏ ကတ်တောင်ရွာရှိ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း သိရသည် ။

သီတင်းကျွတ်လပြည့်ညက ဖျက်ဆီးခံရသော ESSDDP ၏ ပါတီဆိုင်းဘုတ်

ကျိုင်းတုံမြို့နယ်အတွင်း ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ပုံများဖြင့် မဲဆွယ် ထောင်ပြထားသော ကတ်တောင်အုပ်စု ကတ်တောင်ရွာရှိ ESSDDP ၏ အဆိုပါဆိုင်း ဘုတ်အား သီတင်းကျွတ်လပြည့်ည အောက်တိုဘာလ ၂၈ ရက်က လက်သည် မသိရ သေးသည့်လူတစုက ဖျက်ဆီး ခဲ့်ခြင်း ဖြစ်သည် ။


မင်္ဂလာစည်တော်ပါတီ၏ ဒုဉက္ကဌ စိုင်းဆမ်တစ်ဆေ က - “ ကျနော်တို့ရဲ့ပါတီဆိုင်းဘုတ် ကိုဓါးနဲ့ဖြတ်ဖောက်ပြီး လူသွားလမ်းပေါ် ဆွဲချထားတယ် ။ ဘယ်သူလုပ်တာတော့မသိရ သေးဘူး ။ ဘယ်အဖွဲ့လည်း မခန့်မှန်းနိုင်ဘူး ။ ဒီမှာက ပြိုင်ကြမှာက အများကြီးဘဲလေ / ကျနော်တို့ပါတီက ဘယ်ပါတီနဲ့မှ ရန်ငြိုးရန်စ မရှိခဲ့ဖူးပါဘူး ”- ဟု သျှမ်းသံတော်ဆင့် အား ပြောသည် ။


၎င်းနှင့်ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားအမှုဖွင့် ထားကြောင်းလည်း ဒုဥက္ကဌက ပြောသည် ။


လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့၌ယှဉ်ပြိုင်မည့် မင်္ဂလာစည် တော် ပါတီ  ESSDDP ၏ ကိုယ်စားလှယ်လောင်းများမှာ မိုင်းယန်းမြို့နယ်  အမျိုးသားလွှတ် တော်တွင် စိုင်းဆမ်တစ်ခေမာရဌ် ၊ ပြည်နယ် ၁ စိုင်းကျော်ကျော် ၊ ပြည်နယ် ၂ စိုင်းထွန်း ဆွေ ၊  ကျိုင်းတုံ ပြည်နယ် အမှတ် ၁ တွင် နန်းပုတ်ခမ်း ၊ ပြည်နယ် ၂ စိုင်းစိုင်းလုံ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် ဥက္ကဌကြီးစိုင်းဟောင်ခမ်းတို့က ယှဉ်ပြိုင် မည်ဖြစ်ကြောင်းသိရသည် ။


ကျိုင်းတုံ မြို့တွင် ယှဉ်ပြိုင်ကြမသည့် နိုင်ငံရေး ပါတီ များမှာ တသီးပုဂ္ဂလ ၊ ကြံ့ခိုင်ရေး ပါတီ ၊ ၀ ပါတီ ၊ NDF ပါတီ ၊ ကျားဖြူပါတီ ၊ မင်္ဂလာ စည်တော် ESSDDP ပါတီ ၊ NLD ပါတီ ၊ ကျားခေါင်း ပါတီ ၊ NUP ပါတီ ၊ NDP ပါတီ ၊ အခါပါတီ ၊ လားဟူ ပါတီတို့ ဖြစ်ကြ သည် ။  




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates