သီပေါကကြိုတင်မဲပြား SNLD နဲ့ NLD အကွက်မှာ မှင်စွန်းနေ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာတော့ မဲပြားတွေမှာ ကျားခေါင်းပါတီပုံနဲ့ NLD ပါတီတံဆိပ်ပါတဲ့အကွက်မှာ မှင်စွန်းနေတယ်လို့ SNLD ပါတီဝင်တွေကပြော ပါတယ် ။
ကြိုတင်မဲသွားပေးခဲ့တဲ့ SNLD ပါတီဝင်တွေကပြန်လည်ပြောပြချက်အရ မဲပြားပေါ်က ကျားခေါင်း ပါတီရဲ့အကွက်မှာ မှင်ပြာ မှင်နက်အစက်အပြောက်တွေ ပါနေတာကို တာဝန်ရှိ သူတွေက လဲစရာ မဲပြားမရှိလို့ ဆိုပြီး လဲခွင့်မပေးဘဲ အရှိအတိုင်းမဲထည့် လိုက်ရတယ်လို့ဆိုပါတယ် ။ အရွက်တိုင်း တော့ မဖြစ် ပေမယ့် တော်တော်များများ ဖြစ်နေတယ်လို့ သိရပါတယ် ။
ခွပ်ဒေါင်းပါတီရဲ့ ကြယ်ကလည်း ပုံမှန်ဆိုရင်ကြယ် အဖြူရောင်ဖြစ်ရမှာကို မဲပြားထဲမှာ အဝါရောင်ဖြစ်နေတဲ့အတွက် ပယ်မဲဖြစ် မှာစိုးရိမ်နေကြပါတယ် ။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့မဲပြားတွေကို ပြန်လဲပေးဖို့ မဲဆန်ဒရှင် လူထုက ပြန်ပြောရဲရမယ် လို့ သီပေါမြို့ က တက်ကြွလှုပ်ရှားသူ လူငယ်ပါတယ် ။
Tags: short news