အစိုးရ စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု SSPP/SSA ဌာနချုပ် မြို့လယ်ဘုန်းကြီးကျောင်း ထိမှန်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းမြို့သစ်ရှိ သျှမ်းပြည်တပ်မတော် SSPP/ SSA ဌာနချုပ်အား ယနေ့နံနက်ပိုင်းက အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ မြို့လယ်ဘုန်းကြီးကျောင်း အများအပြားထိမှန် ပျက်စီးသွားသည်ဟု သိရသည် ။
နိုဝင်ဘာ ၁၀ ရက် ဒေသခံစံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် ဝမ့်ဟိုင်းဌာနချုပ်အား အစိုးရတပ်မတော်မှမစ် ၃၅ (MI 35 ) စစ်ရဟတ်ယာဉ် ၃ စင်းဖြင့် ဗုံးအလုံး ၂၀ ကျော်ပစ် ခတ်သဖြင့် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ရာ ဘုန်းကြီးကျောင်း သာသနိကအဆောက် အဦးထိမှန်ပျက်စီးခဲ့ကြောင်း ၊ ဆိုင်ကယ်တစီး မီးလောင်ပြာကျသွားကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောသည် ။
“ လေယာဉ်သုံးစင်းကနေ အလုံးနှစ်ဆယ်ကျော်ပစ်ချတယ် ။ ဗုံးကြီးကျောင်းဝန်းထဲ ကျတဲ့ဟာ က ဆိုင်ကယ်တစီးထိ မှန်ပေါက်ကွဲ မီးလောင်သွားတယ် ။ ဘုန်းကြီးကျောင်းလဲ ဗုံးစထိမှန် တယ် ၊ ဗုံးတလုံး ဇရပ်အောက်က မြေကြီးထဲ စိုက်ဝင်နေတယ် ။ မကွဲသေးဘူး ။ ဝမ့်လွေ မိုင်းအတ်ဘက်မှာလဲ ကျနော်တို့ တပ်စခန်းကို မနက် ၄ နာရီကနေ အခု ထက်ထိ ပြန်လာတိုက်နေတယ် ” - ဟု ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။
ထို့အတူ လွယ်ကျူမောက်ခေါဝ်မှ လဲ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အား ယနေ့ နံနက်ပိုင်း က ၈၁ မမ ဖြင့် ပစ်ခတ်သေးသည်ဟု နောက်တန်း အရာရှိ ဗိုလ်ကြီး စိုင်းမိဏ်းက ပြောသည် ။
“ နောင်လုမ် မှာလာကျတယ် ။ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေ တာလေ ။ သူတို့ကလှန့်ပြီး တခြားပိုလုံခြုံတဲ့နေရာကို ထပ်ရှောင်ခိုင်းထားရတယ် ။ သူတို့ အဲ့မှာရှိနေရင် ဒီလေယာဉ်နဲ့ လာတိုက်တဲ့ဟာက ထိခိုက်ကျဆုံးမှု များမှာပဲ ။ အထူးသဖြင့် ကလေးတွေပေါ့ ” - ဟု ပြောသည် ။
လွယ်ကျူမောက်ခေါဝ် အခြေချ နေထိုင်သည့် မြန်မာ့တပ်မတော်မှ ဝမ့်ဟိုင်းဌာနချုပ်အား ဒုတိယ အကြိမ် ပစ်ခတ်စဉ်ကတည်းက ဒေသခံ ၄၀၀၀ ကျော် တခြားဒေသသို့ ပြောင်းရွှေ့ ပြီးဖြစ်ကြောင်း ၊ ဝမ့်ဟိုင်းဌာနချုပ်တွင် ၀မ့်ဆော့မှ ထပ်မံရောက်ရှိလာသည့် ဒုက္ခသည် တချို့သာ ရှိကြောင်း ၊ ၎င်းတို့အားလည်း လုံခြုံစိတ်ချသည့်ဒေသသို့ ပြောင်းရွှေ့ထား ကြောင်း အဆိုပါ စစ်ဘေးရှောင်အရေး တာဝန်ခံ အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ရပ် သဘောတူညီသည့် စာချုပ်အား ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့ က လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည် ။
Tags: News, War