NCA စာချုပ်ထိုးသည့် လက်နက်ကိုင်တော်လှန်ရေးအုပ်စုနှင့် မထိုးသေးသည့်အုပ်စု စုံညီအစည်းအဝေးကြီး ပြန်စဖို့ပြင်ဆင်



မတ် ၂၇ ရက်နေ့ ချင်းမိုင်မြို့တွင် စတုတ္ထ အကြိမ် အလွတ်သဘော တွေ့ဆုံပြီး မကြာခင် အတော အတွင်း လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့စုံညီ အစည်းအဝေးကြီးပြန်လုပ်ဖို့ သဘောတူကြသည်ဟု သိရသည် ။


NCA စာချုပ်လက်မှတ်ရေးထိုးသည့် ကိုယ်စားလှယ်များဘက်တွင် ဦးခိုင်စိုးနိုင်အောင် နှင့် ပဒိုစောကွယ်ထူးဝင်းတို့မှ ဦးဆောင်ပြီး ၊ လက်မှတ်ရေးထိုးရန်အဆင်သင့်မဖြစ်သေးသည့် ကိုယ်စားလှယ်အုပ်စုတွင်ခူးဦးရယ် က ဦးဆောင်ကာ တွေ့ဆုံဆွေးနွေးကြသည် ။


အဆိုပါတွေ့ဆုံမှုမှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အားလုံး စုံညီအစည်းအဝေးကြီး ပြန်လုပ်ဖို့ ပြင်ဆင်ကြခြင်းဖြစ်သည်ဟု အမည်မဖေါ် လိုသည့် ပုဂ္ဂိုလ်တဦးကပြောသည် ။


“ ကျနော်တို့က ခေါင်းစဉ်သီးသန့်နဲ့ဆွေးနွေးတာမရှိတော့၊ ဆုံးဖြတ်ချက်လဲ ဘာမှ မရှိဘူး ။ အမြင်ခြင်းဖလှယ် ကြတယ် ။ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ နှစ်ဘက်လိုလားကြတယ်။ ဘယ်တော့လဲတော့ မသိသေးဘူး ” - ဟု လက်မှတ်မထိုးဖြစ်သေးသည့် အုပ်စု ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သူ ခူးဦးရယ် ကပြောသည် ။


NCA စာချုပ်လက်မှတ်ရေးထိုးသည့် အုပ်စု ဘက်က ကိုယ်စားလှယ် ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင် ကလည်း - “ NCA ကနေသွားမယ်ဆိုလို့ရှိရင် ကျနော်တို့ကလက်မှတ်ထိုးပြီးပြီ ။ သူတို့က မထိုးသေး ဘူး ။ အစိုးရ သစ်လက်ထက် မှာ NCA လက်မှတ်ထိုးဖို့ သဘောထားရှိတယ်။ NLD အစိုးရသဘော ထားဘဲလိုတယ် ” - ဟု ပြောသည် ။


သည့်အတွက်ကြောင့် လာမည့် ဧပြီလ သင်္ကြန်မတိုင်မီ သို့မဟုတ် သင်္ကြန်အပြီး တွေ့ဆုံနိုင်ကြလိမ့်မည် ဆိုသည် ။


မတ် ၂၇ ရက်နေ့ ချင်းမိုင်မြို့ တွေ့ဆုံသည့် နှစ်ဘက် အုပ်စုဝင်တပ်ဖွဲ့များသည် ( RCSS/SSA မှ လွဲ၍ ) ၂၀၁၃ ခု လိုင်ဇာတွင် ဖွဲ့စည်းသည့်  NCCT တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ အဖွဲ့ဝင် များ ဖြစ်ကြသည် ။ ချင်းမိုင်မြို့ တွင် အဆိုပါ အုပ်စုတွေ့ဆုံစဉ် ပန်ဆန်းမြို့ တွင်လည်း ၀ တပ်ဖွဲ့ UWSA  ကမ ကထ ပြုမှုဖြင့် တရုတ်နယ်စပ် တလျှောက် အခြေချ သွားလာလှုပ်ရှားသည့် လက်နက်ကိုင် အုပ်စု များကလည်း တွေ့ဆုံဆွေးနွေးကြသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates