အင်းလေးကန်ရေခမ်းခြောက်မှုကင်းဝေးရေး ရွှံ့စုပ်စက်များဝယ်ထားသော် လည်း လုပ်ငန်းမစတင်ရသေး
သျှမ်းပြည်တောင်ပိုင်း အထင်ကရ အင်းလေးကန် ခမ်းခြောက်မှုမှကင်းဝေးစေရေး အတွက် ရွှံ့စုပ်စက် များ ၀ယ်လိုက်ပြီဖြစ်သော်လည်း ၄င်းစက်များ အသုံးပြုနိုင်ရန် နိုင်ငံတကာ ပညာရှင်များကိုစောင့်ဆိုင်းနေရ သဖြင့် လုပ်ငန်းမစတင်ရသေးဟု သိရသည် ။
ယခုနှစ် မတ်လက မြင်ရသော အင်းလေးကန် |
“ ရွှံ့စုပ်စက် ၈ စီး မြေကော်စက် ၃ စီးကို ၂၀၁၅ ဧပြီ လတုန်းက ၀ယ်တယ် ။ ကျပ်သိန်းခြောက် ထောင်ကုန်ကျတယ် ။ စက်တွေက မတ်လ ကုန်လောက် မှာရောက်လာတယ်ယ် ။ ဒါပေမယ့် ဒီစက်တွေကို လက်တွေ့ အသုံးပြု ဖို့ ဟော်လန်နိုင်ငံက အင်ဂျင်နီယာတွေ ကိုစောင့် နေရတယ် ။ အလုပ်မစ ရသေးဘူး ” ဟု ၄င်းကဆိုသည် ။
ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် အများဆုံးလည်ပတ်ေ သာ ညောင်ရွှေေ လဆိပ်နှင့် ဖောင်တော်ဦး ဘုရားအနီးတစ်ဝိုက်တွင် ရေမခမ်းခြောက်ရေးအတွက် ဆည်မြောင်း ဦးစီး ဌာနမှ တူးဖော်မှုများပြုလုပ်နေသော်လည်း ၄င်းပတ်ဝန်း ကျင်ရွာပေါင်း ၈၀ ခန့်မှာ ရေခမ်းခြောက်မှုကြောင့် သွားလာရ ခက်ခဲနေကြောင်း အင်းလေးဒေသခံ များကပြော သည် ။
ယခင်နှစ် မိုးရေချိန် အမှတ် ၄၅ လက်မခန့် ရှိသော်လည်း ယခုနှစ် ၃၀ လက်မခန့်သာ ရှိတော့ ကြောင်းအင်းလေးဒေသခံ များရှင်းပြသည် ။
“ တစ်ချို့တွေကအင်းလေးကန် တကယ်ရေမခမ်းပါဘူးလို့ ပြောနေကြတယ် ။ လယ် / ဆည်ဌာနက ဧည့်သည်တွေအလည်များတဲ့နေရာဘဲ လုပ်ပေးတာ ။ ပတ်ဝန်းကျင်ရွာ တွေမှာ ရေခမ်းလို့လှေနဲ့သွားဖို့ တော်တော်ခက်ခဲနေပြီ ။ ရွာမ ၊ အင်းပေါခုံ တွေမှာဆို လှေကို မနည်းလွှတ် အောင်မောင်းနေရတယ် ” ဟု စက်လှေသမား ကိုအဲဖောက ပြောသည် ။
အင်းလေးဒေသရေခမ်းခြောက်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ တစ်နှစ် ထက်တစ်နှစ် ခက်ခဲလာပြီး ယခုနှစ် ခရမ်းချဉ်သီးဈေးနှုန်း များအရင်နှစ် ထက် မြှင့်မားနိုင်ကြောင်း ခရမ်းချဉ်သီးကုန်စည်ဒိုင်များမှသိရသည် ။
အင်းလေးဒေသတွင် စပါး ၊ ခရမ်းချဉ်သီး ၊ ငရုပ်သီး ၊ ဘူးသီး၊ခရမ်းသီး ၊ မုန်လာ ထုတ် စသည့်သီးနှံများစိုက်ပျိုး လျှက်ရှိပြီး ယခုနှစ်လည်း ယထင်နှစ်များ ထက်စောစီးစွာ ရေခမ်းခြောက်နေသဖြင့် စိုက်ပျိုးရေး မအောင်မြင်မည် ကို ဒေသခံများစိုးရိမ်နေကြသည် ။
“ အင်းလေးကန်ကိုထိန်းသိမ်းဖို့ဆိုတာ နိုင်ငံတော်အစိုးရပြည်နယ်အစိုးရ နိုင်ငံတကာ ပညာရှင်တွေနဲ့ ဒေသခံတွေပူးပေါင်းမှ ရမယ်လို့ထင်တယ် ။ အင်းလေးကန်ရန်ပုံငွေတွေ တစ်နှစ်တစ်နှစ်မနည်းဘူး ။ ပြည်တွင်းပြည်ပဧည့်သည်တွေ လဲ မနည်းဘူးလာကြတာ ။ နောက်ပြီး အင်းလေးနဲ့အနီးနားမှာရှိ တဲ့ တောင်ေ ပ်ါဒေသတွေမှာ သစ်ပင်တွေ ပြန်စိုက် ဖို့လိုတယ် ၊ ရေတွေထိန်းသိမ်း ထားနိုင်အောင် ဆည်များများဆောက် ပေးဖို့လိုတယ် ။ လက်ရှိ အင်းထဲမှာ ဆည် ၃ ခုပဲရှိတယ် ” ဟု အင်းလေးကန်ထိန်းသိမ်းရေးအ တွက် လှုပ်ရှားနေသူ တစ်ဦးကဆိုသည် ။
အင်းလေးဒေသတွင် တိုက်နယ် ပေါင်း (၄၃) ခုရှိပြီး ကျေးရွာပေါင်း (၄၄၄) ရွာရှိသည် ။ နှစ်စဉ် ဧပြီလရောက်လျှင်ရေခန်း ခြောက်မှုနေရာအနှံ့၌ ဖြစ်ပွားရှိကြောင်း သိရှိရပါသည် ။
အစိုးရသစ်သို့အာဏာလွဲပြောင်းခါနီးဆဲဆဲ ၂၀၁၆ မတ်လ ၂၀ ရက်နေ့တွင် သျှမ်းပြည် နယ်အစိုးရအဖွဲ့ဟောင်းမှ အင်းလေးကန် နိုင်ငံခြားသားဝင်ကြေး တင်ဒါ ခေါ်ယူပွဲအား မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တင်ဒါအောင်ခဲ့သည်ဟု သိရပါသည် ။
Tags: Environment, News