တန့်ယန်းမြို့နယ် ရှင်ပြုပွဲအထိမ်းအမှတ် ဒုတိယအကြိမ် သျှမ်းစာပေဟောပြောပွဲကျင်းပ



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟွေကျိန်ကျေးရွာအုပ်စု ဟွေကျိန်ဘုန်းကြီးကျောင်း၌ ကျောင်းဆောင်သစ် လှူဒါန်းခြင်း၊သိမ်တော်လှူဒါန်းခြင်းနှင့်ရဟန်းခံရှင်ပြုခြင်းကို အထိမ်း အမှတ် အဖြစ် ဒုတိယအကြိမ် သျှမ်းစာပေဟောပြောပွဲ   ကျင်းပခဲ့ကြောင်း သိရပါသည်။


သျှမ်းစာပေဟောပြောပွဲကို မေလ  ရ ရက် နှင့် ၈ ရက်   ၂ ရက်သာ ပြုလုပ်ပြီး ကျောင်းထိုင် ဆရာတော် အပါအဝင် သျှမ်းစာပေ ပညာရှင် စုစုပေါင်း ၈ ဦး ဟောပြောခဲ့ပါသည်။  တက်ရောက်နားထောင်သူ တစ်ရာကျော် ရှိကြောင်း သိရသည်။


“စာပေဟောပြောပွဲရဲ့  အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတွေ စာပေပိုင်းမှာ ပိုပြီး စိတ်ဝင်စား လာအောင်၊ မိဘ ကိုယ်တိုင် စာပေနားလည်မှ သားသမီးတွေ စာပေကို တန်ဖိုးထား နားလည် လာမယ်၊ အမျိုးသားရေး နိုင်ငံရေးတွေ နားလည်လာမယ်၊ ဒါကြောင့် ပိုပြီးစိတ်ဝင်စားလာ အောင်လို့ ဒီလို စာပေဟောပြောပွဲတွေ လုပ်ရခြင်းဖြစ်တယ်”ဟု သျှမ်း ကဗျာဆရာ ဟိဏ်း ကာယန်း  ကပြောသည်။


၂ ရက်သာ ဟောပြောသွားခဲ့သည့် သျှမ်းစာပေပညာရှင်များမှာ  ၁ - ဆရာတော်ဦးသီရိဓမ္မ ဝိန်းအင်း၊ ၂- ဆရာတော် ဦးနော်ခမ်းလှ ဓမ္မသာမိ မိုင်းပျဉ်း၊ ၃-ဆရာတော်ဦးစန္ဒိမာ  သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်၊ ၄ - ဆရာတော်ဦးသီရိဓမ္မ ဘိပါလ ဝေဠုဝန်ကျောင်းတိုက် တောင်ကြီးမြို့ ၊ ၅- ဆရာ ဟိဏ်း ကာယန်း  ၊ ၆ -  နန်းဟိန်းခမ်း  သျှမ်းပြည်တောင်ပိုင်း အမျိုးသမီးအဖွဲ့ချုပ် SSWO ၊ ရ- စာရေးကော်မိန်း နှင့် ၈- စိုင်းဝမ်းလျန်း တို့ ဖြစ်ကြပါသည်။


“စာဖတ်ဖို့ အချိန်တွေမရှိဘူး မပေးနိုင်လို့ ။ ဒီလိုဆိုတော့ အချိန်လေး ၁ နာရီလောက် ပေးပြီး လာထိုင်နားထောင်ရင် ဗဟုသုတတွေ ရသွားမယ်၊ စာအုပ်ကိုင်ပြီး ဖတ်မယ်ဆိုရင် မလွယ်ဘူး၊ အခုက ဖတ်ဖို့မလိုဘဲ နားထောင်ယုံဘဲဆိုတော့ ပိုပြီးအဆင်ပြေတယ်၊ ဒါကြောင့် ဆရာတော်တွေလည်း သာသနာနဲ့ ပတ်သက်တာတွေ ကြိုးစားပြီး ဟောပြောသွားတယ်၊ အဓိက အရေးကြီးဆုံးက မူးယစ်ဆေးဝါးပြသနာ မူးယစ်ဆေးဝါးပြသနာက စာပေနဲ့ရေးရင် ဖတ်တဲ့လူ ရှိချင်မှရှိမယ်၊ ဒီလို ဟောပြောပွဲတွေလုပ်ရင် ပြည်သူလူထုတွေရဲ့ နားထဲ တကယ် ရောက်သွားမယ်၊ ဒါကြောင့် မူးယစ်ဆေးဝါးပြသနာ တွေလည်း ဟောပြောသွားတယ်” ဟု လူငယ်တွင်း လှုပ်ရှားဆောင်ရွက်သူ စိုင်းဝမ်းလျန်း ကပြောသည်။


ဒုတိယအကြိမ် သျှမ်းစာပေ ဟောပြောပွဲတွင် အမျိုးဘာသာ သာသနာရေး၊ ဓမ္မတရား နှင့် အသက်မွေးဝမ်းကြောင်း  ၊  လူမျိုးနှင့်စိတ်ဓါတ် ၊ အတွေးအခေါ်၊ အမျိုးသမီး ၊ လူမှုရေး၊ ပညာရေး အစရှိသည်များနှင့်ပတ်သက်သည့် ခေါင်းစဉ်များကိုဟောပြောသွားခဲ့ကြောင်း သိရသည်။


ယမန်နှစ် မတ်လ ၂၀ မှ ၂၂ ရက်နေ့အထိက ကျင်းပသော တန့်ယန်းမြို့ ရှင်ပြုပွဲတွင်လည်း အနာဂတ်ရဲ့သားကောင်း သမီးမြတ် အဓိပ္ပါယ်ရသော စာပေဟောပြောပွဲတရပ်ကျင်းပခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates