မီးလောင်ကျွမ်းသော သီပေါ/နမ့်လန်ဈေး ငွေကျပ်သိန်းပေါင်းတသောင်းဖြင့် ပြန်လည်တည်ဆောက်မည်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် မီးလောင်ကျွမ်းသွာသော နမ့်လန်ဈေး အသစ်ပြန် လည်တည် ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း တသောင်းခန့် လျာထားကြောင်းသိရသည်။
ဂျူလိုင်လ ၁၃ ရက်နေ့က သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒေသခံလူထု ၊ ဒေသတွင်း နိုင်ငံရေးပါတီ အကြီး အကဲများ၊ လူမှုအသင်းအဖွဲ့များ စုစုပေါင်းလူအင်အား ၈၀ ကျော်ပါဝင် သည့်တွေ့ဆုံမှုတရပ်အား စည်ပင်သာယာ ရုံးတွင် ပြုလုပ်ဆွေးနွေးကြသည်။
ယမန်နှစ်က မီးလောင်ကျွမ်းသွားသည့် နမ့်လန်ဈေးကြီးနေရာတွင် ဈေးအသစ်ပြန်လည်ဆောက်လုပ်ရေး၊ ဈေးသစ်ပုံပြ ပုံစံကြမ်းရေးဆွဲရေး၊ သျှမ်းပြည်နယ်အစိုးရထံ တင်ပြရေး၊ ဈေးသစ်တည်ဆောက်ရေးအတွက် ကုမ္မဏီငှားရမ်းရေးအပြင် ဈေးတည်ဆောက်ရန်အတွက် ပျှမ်းမျှကုန်ကျမည့်အသုံးစရိတ် စသည့်အချက်များအား ဆွေးနွေးခဲ့ကြသည်။
နမ့်လန်မြို့ SNLD ပါတီဥက္ကဌ စိုင်းဆာမ်လျန်းက - ကျပ်ငွေသိန်းပေါင်း ၈၀၀၀ မှ ၁၀၀၀၀ အထိလျာထားတယ်။ ဈေးပြန်လည်တည်ဆောက်ရေးအတွက်။ ပထမအကြိမ်အစည်းအဝေးတော့မဟုတ်တော့ပါဘူး။ ၁၈ ကြိမ် မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ဒီတခေါက်တွေ့ဆုံမှုရလဒ်ဟာ တော်တော်လေးကို အားရကျေနပ်ဖွယ်ရှိတယ်လို့ဆိုရပါမယ်။ ဈေးတည်ဆောက်တာကလည်း တဆင့်ချင်းစီသွားရမယ်ဆိုတော့ အားလုံးပြီးစီးဖို့က နှစ်ကုန်လောက်ဖြစ်မယ်လို့မျှော်မှန်းထားပါတယ် - ဟု ပြောဆိုသည်။
နမ့်လန်မြို့ဈေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပြီး ဈေးတခုလုံးပြာ ကျဆုံးရှုံးရသဖြင့်ယခုဈေးသစ်ပြန်လည်တည်ဆောက်ရေးအတွက်ဒေသခံများစီစဉ်နေခြင်းဖြစ်သည်။
Tags: General, News