သျှမ်းပြည်ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း (ကျိုင်းတုံ) ယာယီမှတ်ပုံတင်ကျ



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှိ သျှမ်းလူမှုအခြေပြုအဖွဲ့များ အင်အား ၃၀ ကျော်တွေ့ဆုံကာ ကျိုင်းတုံမြို့ အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်းအတွက် ယာယီမှတ်ပုံတင်ကျလာသည့်အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဩဂတ်စ်လ ၂၇ ရက် က ကျိုင်းတုံမြို့နယ် မင်္ဂလာစည်တော်ပါတီ ESSDDP ရုံးတွင် ကျားဖြူပါတီ၊ ကျားခေါင်းပါတီ၊ မင်္ဂလာစည်တော်ပါတီ၊ ကျိုင်းတုံတက္ကသိုလ် သျှမ်းစာပေယဉ်ကျေးမှုအသင်း  ၊  အနုပညာရှင်များအသင်း၊  သျှမ်းလူ ငယ်များအသင်း၊ အမျိုးသားကျောင်းအဖွဲ့နှင့် ဝမ့်ငဲန်း ဘက ကျောင်းအဖွဲ့၊ ကျိုင်းတုံမြို့ သျှမ်းစာပေ ယဉ်ကျေးမှု အသင်းတို့တွေ့ဆုံကာ  ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသုတေ သနပြုဖော်ထုတ်ထိန်းသိမ်းရေး  အတွက်ကျလာသည့်ယာယီမှတ်ပုံတင်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ကျိုင်းတုံမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်ထိန်းသိမ်းရေး  ကော်မတီ ဒုအတွင်းရေးမှူး စိုင်းဆာမ်တစ်ပ်ဆေက - “သျှမ်းပြည်ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေး အသင်း မှတ်ပုံတင် လျှောက်ဖို့အတွက်ကျနော်တို့ ၁၇ ယောက်ပါကော်မတီဖွဲ့စည်းလိုက်တယ်။ ဂျွန်လတုန်းက မှတ်ပုံတင် လျှောက်လိုက်တယ်။ အခု ဩဂတ်စ်လ ၂၅ ရက်နေ့စွဲနဲ့ယာယီမှတ်ပုံတင်ကျလာတယ်။ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးမှူးရုံးကနေ ချပေးတာ။ ရှေ့ဆက်ဘယ်လိုလက်တွဲဆောင်ရွက်သွားကြ မလဲဆိုတဲ့အကြောင်းနဲ့ လူငယ်တွေကို စည်းရုံးဖို့အကြောင်းတွေ ဆွေးနွေးတယ်” - ဟုသျှမ်းသံတော်ဆင့် အားပြောပြသည်။


အဆိုပါဆွေးနွေးမှုမှ - ကျိုင်းတုံမြို့ဒေသခံများ၏ ၁၂ လရာသီ ရိုးရာပွဲတော်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဒေသထွက်ကုန်များကိုလေ့လာမှတ်တမ်းပြုစုသွားရန်အပါအဝင် လူငယ်များအားစည်းရုံးရန်နှင့် ကျိုင်းတုံမြို့ ဓမ္မောဒိယကျောင်းတိုက်ဆရာတော်၏ အဂ္ဂိဈာပနပွဲအတွက်ပါ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်းသိရသည်။


သျှမ်းပြည်ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း၏ မူရင်းမှတ်ပုံတင်ကိုမူလာမည့် စက်တင်ဘာလ အတွင်း နေပြည်တော်မှချပေးမည်ဖြစ်ကြောင်းလည်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates