အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏ DPN အဖွဲ့တို့ ရန်ကုန်မြို့တွင်တွေ့ဆုံ



အစိုးရ ငြိမ်းချမ်းရေးကော်မရှင်  PC  နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စား လှယ် အဖွဲ့  DPN  တို့ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းကို ရန်ကုန်မြို့ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန တွင်ပြုလုပ်ကျင်းပခဲ့သည်။


သြဂတ်စ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ခြင်းမှာ သုည အဆင့်မျှသာရှိနေသေးကြောင်း DPN ကိုယ်စားလှယ်ခေါင်းဆောင် ခူဦးရယ်က အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။


“ယုံကြည်မှုတည်ဆောက်ခြင်းဟာ အလွန်အရေးကြီးတယ်။ အခုအခြေအနေကိုပြန်ကြည့်မယ်ဆိုရင် ယုံကြည်မှုဟာ သုညအဆင့်မှာဘဲရှိနေသေးတယ်- လို့ ခူဦးရယ်က ပြောသွားတယ် ”- ဟု ဆွေးနွေးပွဲတက်ရောက်သူခေါင်းဆောင် တဦးကပြန်လည်ပြောပြသည်။


ဆွေးနွေးပွဲသို့ DPN ဘက်မှ ခူဦးရယ်ခေါင်းဆောင်သည့် ကိုယ်စားလှယ်  ၉ ဦးတက်ရောက်ရာ  KNPP မှ ၂ ဦး၊ မွန်ပြည်သစ် ပါတီ NMSP မှ ၂ ဦး ၊ ရခိုင် ANC မှ ၂  ဦး ၊ လားဟူ LDU က ၁ ဦး၊  SSPP မှ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူး ဟတ်ဟန် တို့ ၂  ဦး တက်ရောက်ဆွေးနွေးခဲ့သည်။


ငြိမ်းချမ်းရေးကော်မရှင် PC ဘက်ကမူ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့်  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ် ခင်ဇော်ဦး၊ ဦးဇော်ဋ္ဌေး၊ ဦးသိန်းဇော်၊ ဦးအောင်စိုး၊ ဦးအောင်ကြည် တို့ပါဝင်သော ကိုယ်စားလှယ်  ၁၂ ဦး တက်ရောက် ဆွေးနွေးကြ သည်။


လေ့လာသူများအဖြစ် PPWT ကိုယ်စားလှယ်များက တက်ရောက်ခဲ့သည်။ ထိုအထဲတွင် သျှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အတွင်းရေးမှူး  ၃  ဗိုလ်မှူးကြီး စိုင်းငင်း ၊ CNF လက်ထောက် အတွင်းရေးမှူး ဒေါက်တာ ရွှေခါး နှင့် PNLO အထွေထွေအတွင်းရေးမှူး  ၁  ဗိုလ်မှူး ခွန်သောမတ်  တို့တက်ရောက်ခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates