ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ၀ နယ်သို့ရောက်ရှိ



ဦးသိန်းစိန်အစိုးရ၏ နေပြည်တော်မှ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်သည့် အဖွဲ့က ယမန်နေ့က ဝ နယ်ဖက်ရောက်ရှိကာ ဝ အာဏာပိုင်များနှင့်တွေ့ဆုံခဲ့ကြောင်း ကြားသိရပါသည်။


wa_mongla_295_282

ဝ နှင့် မိုင်းလားထိန်းချုပ်နယ်မြေပြပုံ


“ဗိုလ်ချုပ်သိန်းဌေး ဦးဆောင်တဲ့ အယောက် ၃၀ အဖွဲ့ တဖွဲ့ ပန်ဆန်းကို ရောက် တယ်။ ဒီနေ့ တွေ့ဆုံပွဲမှာ တော့ အယောက် ၃၀ လုံး မတက်ဘူး။ ၁၄ ယောက်ဘဲတက်တယ်။ နယ်စပ်ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စဘဲ၊ အခု ဒီလောက်ဘဲပြောနိုင်တယ်” - ဟု UWSP/UWSA ပြောခွင့် ရ ဦးအောင်မြင့် ကပြောပါသည်။

မေလ ၉ ရက်နေ့ အထူးဒေသ ၂ ခေါ် UWSP ဝ ပြည်သွေးစည်းရေးပါတီ ထိန်းချုပ်နယ်မြေ မြို့တော် ပန်ဆန်းသို့ ဒုတိယ ဗိုလ်ချုပ် ကြီး သိန်းဌေးက ဦးဆောင်သည့်အဖွဲ့ရောက်ရှိကြောင်း၊ ပန်ဆန်းမြို့၌ တည အိပ်ပြီး ယနေ့ အထူးဒေသ ၄ မိုင်းလားသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ မနက်ဖြန်မေ ၁၁ ရက် နှစ်ဖက်အစည်းအဝေးကျင်းပပြီး ကျိုင်းတုံသို့ ပြန်လည်ထွက်ခွါမည်ဖြစ် ကြောင်း ၀ တပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဤကဲ့သို့ ဆက်၍ပြောပါသည်။

“ဗိုလ်ချုပ်သိန်းဌေးက လားရှိုးကနေလာတာ။ ပန်ဆန်းကနေ ကျိုင်းတုံကိုလာဖို့ တြိဂံတိုင်းက စစ်အင်အား အချို့လွှတ်ပြီး သွားကြိုတယ်။ မိုင်းလားတပ်ကောဘဲ။ မိုင်းလားမှာလဲ ဒီနေ့ တွေ့ဆုံကြဦးမယ်ပြော တယ်။ ဘာတွေပြောဆိုဆွေးနွေးမယ်တော့မသိဘူး” - ဟု ဆို၏။

ဝ နှင့် မိုင်းလား တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် နဝတ အစိုးရ နှင့် အပစ်ရပ်ခဲ့၏။ အသွင်ပြောင်းရေး အစီအစဉ် ကြောင့် ၂၀၀၉ မှ၂၀၁၁ နှစ်လယ်ပိုင်းအထိ မြန်မာအစိုးရနှင့် စစ်ရေးအရ ပြန်လည်တင်းမာခဲ့၏။ လက်ရှိ ဦး သိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအစီအစဉ်ကြောင့် ပြီးခဲ့သည့် ၂၀၁၁ စက်တင်ဘာလဆန်းပိုင်းက ဒုတိယအကြိမ် ငြိမ်းချမ်းရေး ပြန်ယူခဲ့ကြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates