ဝမ့်ဟိုင်းဌာနချုပ် ၅၄ နှစ်မြောက် အမျိုးသားတော်လှန်ရေးနေ့ သျှမ်းပြည်နစ်နာချက်များအားသုံးသပ်ပြ



မိန့်ခွန်းပြောကြားနေသည့် နာယက ဒု-ဗိုလ်ချုပ်ကြီးဆေထဲန်


၅၄ နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာချုပ်၌ ယမန်နေ့က ကျင်းပရာလူထု အများအပြားတက်ရောက်ကြောင်း ကြားသိရပါသည်။

မိန့်ခွန်းပြောကြားနေသည့် နာယက ဒု-ဗိုလ်ချုပ်ကြီးဆေထဲန်

“လွတ်လပ်ရေး ရချိန်ကစပြီး ကနေ့အထိ သျှမ်းပြည်က အရမ်းကြီးကိုနစ်နာတယ်။ စီးပွားရေး၊ ပညာရေး ၊ လူမှုရေး၊ နိုင်ငံရေး၊ တွင်းထွက် သယံဇာတ၊ သစ်တော သုံးသပ်ကြည့်ရင် ဘက်စုံကျဆင်းတယ်။ နစ်နာတယ်။ ဒီလိုနစ်နာနေသရွေ့ လက်နက်ကိုင်လမ်းစဉ်ကိုဘယ်လိုနည်းနဲ့မှ စွန့်လွတ်လို့မရဘူး” - ဟု ဗိုလ်မှူးခွန်ဆိုင် က ပြောကြားကြောင်း အခမ်းအနားတက်ရောက်သည့်လူငယ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြောပြ ပါသည်။

နာယကအဖွဲ့

အဆိုပါအခမ်းအနား၌ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန်၊ ဒုဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် ဗိုလ်မှူးကြီးခွန်ဆိုင်၊ လူထုကိုယ်စားလှယ် စာဆို(စရေး) ဩသထ တို့က အမှာစကားအသီးသီးပြောကြားကြောင်း ဝမ့်ဟိုင်းအရာရှိတဦးက ပြောပါသည်။

Leaders_attending
တက်ရောက်သည့် SSPP/SSA အရာရှိများ

“မနက်ပိုင်းမှာ အရုဏ်ဆွမ်းကပ်တယ်။ ၉ နာရီမှာ အခမ်းအနားစတင်တယ်။ လူထု ၈၀၀ ကျော် တက် ရောက် တယ်။ သျှမ်းပြည်တပ်မတော်နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲန်လဲတက်ရောက်အမှာစကားပြောတယ်” - ဟု တက်ရောက်သူ ပရိသတ် လုံးစိုင်းခမ်း ကပြောပါသည်။
Attending_peopleတက်ရောက်သည့် လူထု


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့်ကျော်သော်လည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပြင် တိုင်းရင်းသား တန်းတူရေး မရရှိဘဲ တဖြည်းဖြည်း ပို၍ ဆုတ်ယုတ်လာကြောင်း၊ ၁၉၅၂ တရုတ်ဖြူတပ်အကြောင်းပြပြီး ဗမာတပ်မတော်က သျှမ်းပြည်သို့ အင်အားဖြည့်လာသည်မှာ ယနေ့တိုင် တပ်ရုပ်ခြင်း မရှိကြောင်း၊ ထို့ကြောင့် သျှမ်းပြည်တော်လှန်ရေးဖခင် စဝ်နွဲ့ဆောယန္တက လူငယ် ၃၀ ကျော်အား ဦးဆောင်၍ တန်းတူရေးအတွက်လက်နက်ကိုင်တိုက်ခိုက်မှသာရရှိနိုင်မည်ဟုယုံကြည်သောကြောင့် သွေးသစ္စာရေသောက် ကာ နွံစစ်ဟန်တပ်မတော်ကို ၁၉၅၈ မေ ၂၁ ရက်၌ တည်ထောင်ခဲ့သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန် ကလည်း တပ်သားထုနှင့် လူထုအား မိန့်မှာခဲ့သည်ဟု တက်ရောက်သူများက ပြန်လည်ပြောပြပါသည်။

T-soldiersတက်ရောက်သည့် တပ်သားထု




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates