သမိုင်းဝင်ပင်လုံမြို့၌ လောင်းကစားဝိုင်းများကြောင့် ဒေသခံလူထုအခက်တွေ့



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ခေတ်အဆက်ဆက်မှယနေ့တိုင် ရှိနေသေး သည့်လောင်းကစားဝိုင်းကြောင့် ဒေသခံလူထုတို့ အခက်တွေ့နေရကြောင်း ဒေသခံများပြောပြ ချက် အရသိရသည်။

pang-longလောင်းကစားဝိုင်း

“ခံရတာကတော့ ဒေသခံလူထုပေါ့ဗျာ။ စံစားရတာကတော့ အာဏာပိုင်ပေါ့။ ဈေးနေ့ဆိုရင်လာပြီး လောင်းကစား တဲ့လူတွေ ဘယ်လောက်များလဲဆိုရင် ဂုံဂင်းကားချပ်က အကောင်ပလောင်တွေကို တောင် မမြင်ရအောင်ဘဲ ပိုက်ဆံတွေကများတာ။ ဈေးသုံးဖို့ပိုက်ဆံတွေ လောင်းရှုံးလို့ အိမ်ပြန်ရင် ရန်ဖြစ်၊ စကားများ၊ လင်မယားကွဲ ၊ ထိုင်း ကိုပြေး၊ ဘာမှအရင်းမထည့်ရတဲ့ ရဲတို့ အာဏာပိုင်တို့တော့ ပိုက်ဆံရပြီးရင်းရ” ဟု ပင်လုံဒေသခံ နန်းစံက ပြောသည်။

အဆိုပါ ဂုံဂင်း လောင်းကစားဝိုင်းကို ကမ္မဌာန်းကျောင်းတိုက် သွားမည့်(လမ်းဆုံ) မြို့မြောက်ဘက် အထွက် လမ်း၌ရှိကြောင်း၊ ဖိုင့်ကျူး( ကျွဲကျိုဖဲ) ဝိုင်းမှာမူ ရပ်ကွက် ၃ ၌ရှိကြောင်း အမည်မဖေါ်လိုသည့် ရပ်ကွက် ၃ ဒေသခံ တဦးကလည်း ပြောပြသည်။ မိခင်ကလေး၊ ကျန်းမာရေး၊ ပညားရေးဌာန နှင့် မီးသတ် ဝန်ထမ်းများမှတပါး အခြားဌာနဆိုင်ရာအားလုံးထံ လောင်းကစားဒိုင်များလာဘ်ထိုးရကြောင်း လည်း ဝန်ထမ်းများအသိုင်းဝိုင်းက ပြောပါသည်။

အဆိုပါလောင်းကစားဝိုင်းများမှ အခွန်အတုတ်များကို မြန်မာအာဏာပိုင်များဖြစ်ကြသော အကောက်ခွန်၊ ရဲ၊ စစ်တပ်၊ SB၊ လ၀က၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ထွေအုပ်အစရှိသူတို့အပြင်ဆိုင်ရာအာဏာပိုင်များလည်း ကောက်စားကြကြောင်း၊ ခမရ ၅၁၃ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရက်လျင် လောင်းကစား ဝိုင်းတဝိုင်း ကျပ်တသောင်းစီဖြင့် အများဆုံးရရှိကြောင်း မြို့နယ်ရုံးနှင့်နီးစပ်သူတဦးကလည်း ပြောပြသည်။

“တပ်နဲ့ မြို့နယ်ဥက္ကဌကိုကစားဝိုင်းဒိုင်တွေက တရက်ကို ၁ သောင်း ပေးရတယ်။ ကျန်တဲ့ ရဲတို့၊ လ၀က၊ မူးယစ် SB တို့ စတာတွေကိုတော့ တရက်ကိုကျပ် ၃၅၀၀ နဲ့ ၅၀၀၀ ကြားပေးရတယ်။ နေ့ခင်းထမင်းစား ချိန်ဆိုရင် ပိုက်ဆံရဖို့ အာဏာပိုင်တွေက လောင်းကစားဝိုင်းဒိုင်တွေမှာ သွားရစ်နေကြတယ်။ ဘယ်နည်း နဲ့ဘဲရှာရှာ လူထုအနေနဲ့ကတော့ ရှာစားရခက်နေတာဘဲ၊ ဒီကိစ္စက လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်ကလဲ မျက်စိမှိတ်၊ နားပိတ်နေတယ်” - ဟု ရပ်မိရပ်ဖ တဦးက ပြောပါသည်။

လွတ်လပ်ရေးကျောက်တိုင်စိုက်ထူရာသမိုင်းဝင် ပင်လုံမြို့သည် ခေတ်အဆက်ဆက် လောင်းကစား ဝိုင်းများမပြတ်သောမြို့တမြို့ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်များမှ အခွန်အတုတ်ကောက်စားကာ ခွင့်ပြုထားသောကြောင့် ကစားဝိုင်းအပိတ်မခံရခြင်းဖြစ်ကြောင်း ပင်လုံဒေသခံ ယင်းနောင့် ကပြော သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates