တိုင်းဒေသကြီး / ပြည်နယ်ဝင်ငွေအားလုံး၏ ၅၀%သာ ဗဟိုအစိုးရအား လူထုပေးလို



မေလနှောင်းပိုင်းမှ ယနေ့အထိ လွှတ်တော်အမတ်များအဓိကပါဝင်သည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်း ရေးဖေါ်ဆောင်မှုကော်မတီက အဖွဲ့ခွဲပြီး စည်းရုံးရေးဆင်းရာ ဒေသခံလူထုအများစုက ထိုကဲ့သို့ ခံစားခွင့်ရရန် အကြံပြု ကြောင်း ကြားသိရပါသည်။

Sai_Tin_Laikha

ပြည်သူ့လွှတ်တော် အမတ် စိုင်းမောင်တင်

“ကျနော်တို့ စည်းရုံးဆက်ဆင်းနေတယ်။ ဒီကနေ့ ပဲခူးကနေ ဧရာဝတီ ပုသိမ်ဘက်သွားမယ်။ လက်ရှိငြိမ်းချမ်းရေးနဲ့ တခြားလူထုဆန္ဒကွင်းဆင်းလေ့လာတာပါ” - ဟု ပြည်သူ့လွှတ်တော် အမတ် စိုင်းမောင်တင်က ပြောပါ သည်။


ဒေသခံတိုင်းရင်းသားလူထု၏ ဆန္ဒသဘောထားအားစစ်တမ်းကောက်ယူပြီး လွှတ်တော်အတွင်း ပြန်လည် တင်ပြ ဆွေး နွေးနိုင်ရန်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီကအဖွဲ့နှစ်ခွဲပြီးကွင်းဆင်းနေကြောင်း၊ ဝ တိုင်းရင်းသားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါဝ်းနပ်ဦးဆောင် သည့် အဖွဲ့ ၂ က မေလ ၃၁ ရက်နေ့ မှစ၍ သျှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ကရင်နီပြည် ခေါ် ကယားပြည် နယ် မြို့တော်လွယ်ကော်၊ ပဲခူးတိုင်း ဒေသကြီး ဘက် ကွင်းဆင်းခဲ့ကြောင်း၊ ဝန်ကြီး ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ ၁ မှာမူ ချင်း၊ စစ်ကိုင်း၊ ကချင်ပြည်နယ် ဘက် သွားကြောင်းကြားသိရပါသည်။

“ခရီးစဉ်တလျှောက်မှာ လူထုက မိမိပြည်နယ် မိမိဒေသက ရတဲ့ ငွေတွေ၊ သဘာဝ အရင်းအမြစ်က ရတဲ့ဝင်ငွေတွေ၊ မြေ ပေါ်မြေအောက် သယံဇာတတွေရဲ့ အကျိုးအမြတ်ကို ၅၀ ရာခိုင်နှုန်းရယူလိုတယ်။ မိမိပြည်နယ် ဒါမှမဟုတ် မိမိတိုင်း ဒေသကြီးအတွက်ပေါ့၊ ဘာလို့လဲဆိုတော့ အညီအမျှ တန်းတူခံစားခွင့်ရှိသင့်တယ်ယူ ဆကြတယ်လေ” - ဟု စိုင်းတင်က ဆက်ပြောပါသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကြီးမြို့၌ စတင်ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေး၌ သျှမ်းပြည် နယ်အစိုးရက သျှမ်းပြည်နယ်ရငွေ နှင့်အသုံးစရိတ် သုံးသပ်ရာမှာ သျှမ်းပြည်အစိုးရဝင်ငွေ ၂.၂၂၇ သန်း ကျပ်သာရှိပြီး သုံးငွေက သန်းပေါင်း ၆၁၃၂ သန်း ရှိသည်ဟုဆို၏။ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာမူ ဘတ်ဂျတ် ကျပ်သန်းပေါင်း ၉၅၁၉ သန်း လျာထားသည်ဟုဆို၏။ မြေပေါ်၊ မြေအောက် သယံဇာတနှင့် နယ်ခြားပေါက်ကြီးမှရသည့်အခွန်အခ ထည့် မတွက်ဘဲ၊ တခြားကုန်သွယ်ရေးနယ်ခြားဂိတ်လေးများ၏ အခွန် ၃% ဘဲ ရမည်ဆိုလျှင် ဝင်ငွေနှင့်ထွက်ငွေ ဘယ်တော့မှ မျှမည်မဟုတ်ကြောင်း ပြည်နယ် လွှတ်တော်အမတ် တဦးက ပြောဖူး၏။
၁၉၄၀-၄၁ အင်္ဂလိပ်ခေတ်တွင် သျှမ်းပြည် (မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်သွင်းကုန်အခွန်၊ အမြတ် ငွေ) ဝင်ငွေ ၅,၈၈၈,၀၀၀ ရူးပီး ရှိပြီး ဗဟိုအစိုးရ(အင်္ဂလိပ်အား နိုင်ငံခြားဆက်သွယ်ရေး၊ကာကွယ်ရေး၊ ငွေဒင်္ဂါးထုတ်လုပ်ရေး၊ လမ်း တံတားဖေါက်လုပ်ရေးအသုံးစရိတ်အတွက်ပြန်ပေးရ) ထံပေးရသည့်ငွေက ၂,၃၈၂,၀၀၀ ရူးပီးသာရှိသည့် အတွက် သျှမ်းပြည် အစိုးရအတွက်ကျန်ရှိသည့် ရူးပီးငွေ ၃,၅၀၆,၀၀၀ ဖြင့် သျှမ်းပြည်ရေးရာအတွက်သုံးစွဲနိုင်ခဲ့သည်ဟု ဦးထွန်းမြင့်၏ “ ရှမ်းပြည်နစ်နာချက်များ” စာတမ်းတွင်ရေးသားထားပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates