မူဆယ်မြို့ပတ်လမ်းတွင်ကားကြီးများလမ်းပေါ်တွင်နှစ်မြုပ်နေသောကြောင့်လမ်းပိတ်ဆို့



သို့ - အယ်ဒီတာခင်ဗျား

ကျွန်တော်တို့မူဆယ်မြို့တွင် ကားကြီးသွားလာသော မြို့ပတ်လမ်းတွင် သိန်းသန်းချီကုမ္မဏီမှလမ်းခင်းခြင်းကြောင့် အဝေး ပြေးကားကြီးများအား လမ်းကြိုလမ်းကြားမှ ကွင်းပြီးသွားခိုင်းစေပါသည်။ ၄င်းကွင်းလမ်းတွင် မည်သည့်သဲများ ကျောက်များ မခင်းပေးပဲ မိုးရွာသော် ရွံ့ဗွက်လမ်းတွင် သွားလာခိုင်းပါသည်။ ၄င်းသိန်းသန်းချီကုမ္မဏီမှ ခင်းသောမြို့ပတ်လမ်းသည် ၁ မိုင်တောင်မရှိပဲ လမ်းခင်းနေသည်မှာ လချီပြီးကြာမြင့်နေပါသည်။ အဘယ်ကြောင့် ပိုက်ဆံမရှိသော အလုပ်မလုပ်နိုင်သော ကုမ္မဏီအား လမ်းခင်းခိုင်းသည်ကိုမသိရပါ။ ၄င်းကုမ္မဏီသည် လမ်းခင်းဖို့ထက် ပိုက်ဆံကောက်ဖို့သာ လုပ်ဆောင်နေ ပါသည်။ ထိုကုမ္မဏီလုပ်ဆောင်ချက်များကြောင့် ယခုကွင်းလမ်းမှသွားလာသောကားကြီးများသည် ဗွက်ထဲတွင်နှစ်ပြီးတော့ ဆက်မသွားနိုင်ပဲ လမ်းများပိတ်ဆို့နေပါသည်။ ထိုလမ်းများပိတ်ဆို့သောအခါ မြို့ပေါ်မှတဆင့် မောင်းခိုင်းသောကြောင့် မြို့ထဲရှိသွားလာသောကားလေးများလည်း လမ်းများပိတ်ဆို့ပြီး မြို့နေလူထုများစွာအခက်ခဲများတွေ့နေရပါသည်။ ထိုအခက်ခဲများအား နိုင်ငံတော်အကြီးကဲများသိရှိနိုင်ရန်အတွက် သျှမ်းသံတော်ဆင့်မှတဆင့်တင်ပြလိုက်ရပါသည်။

မူဆယ်မြို့ခံလူထုများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates