မူဆယ်မြို့ပတ်လမ်းတွင်ပျက်စီးမှုအားပြုပြင်နေသောကုမ္မဏီကိစ္စတင်ပြခြင်း
သျှမ်းသံတော်ဆင့်ခင်ဗျား
ကျွန်တော်တို့ မူဆယ်မြို့အဝင်တွင် အေးရှားဝေါတိုးဂိတ်ရှိပြီးသားဖြစ်ပြီး ၄င်းဂိတ်နှင့် ကိုက် ၅၀၀ အကွာတွင် သိန်းသန်း ချီကုမ္မဏီမှ နောက်ထက်တိုးဂိတ်တစ်ခုတည်ဆောက်နေပါသည်။ မူဆယ်မြို့ပတ်လမ်းဖောက်လုပ်သဖြင့် ယာဉ်သွားလာ မှုများအား ပိုက်ဆံကောက်ခံရာဖြစ်ပါသည်။ ပိုက်ဆံကောက်ခံသည်မှာအကြောင်းမဟုတ်ပါ တိုးဂိတ်တစ်ခုနှင့် တစ်ခုအလွန် နီးသောကြောင့် ယာဉ်ပိတ်ဆို့မှုများစွာဖြစ်ပေါ်စေပါသည်။ ထို့အတူ ၁၀၅ မိုင်အဆင်းတုန်ခံရွာမှလမ်းခွဲသော ကျင်းစမ်း ကျောက် တရုတ်ပြည်လမ်းအား တရုတ်ကုမ္မဏီမှ မေတ္တာဖြင့်လာရောက်လမ်းခင်းထားပေးပါသည်။ ၄င်းတရုတ်မှ ခင်းထား ပေးသောလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖြတ်သန်းသွားလာသောကားအား ပိုက်ဆံကောက်သည့် ဂိတ်ဖွင့် ပြီး အရှက်မရှိ ပိုက်ဆံကောက်ခံနေပါသည်။ ထိုကိစ္စများအား သျှမ်းသံတော်ဆင့်သတင်းငှာနမှတဆင့် နိုင်ငံတော်အကြီး အကဲ များအားသိရှိစေရန် အားကိုးယုံကြည်စွာဖြစ် တင်ပြပေးပါဟု မေတ္တာရပ်ခံပါသည်။
မှ
မူဆယ်မြို့ခံတစ်ဦး
Tags: Letter to Editor

