အများပြည်သူကိုမကြည့်ပဲ ကိုယ်ကျိုးကြည့်သူ တာချီလိတ်ခယကဥက္ကဌဦးသက်လွင်အကြောင်း တာဝန်ရှိသူများသိစေလို



သို့- အားကိုးရပါသော သျှမ်းသံတော်ဆင့်သတင်းဌာန

ကျမတာချီလိတ်မြို့ခံတစ်ဦးပါ။ ပြည်သူတွေရဲ့နစ်နာမှုကိုမြင်ရတွေ့ရတော့မနေနိုင်တော့လို့ သျှမ်းပြည် သူအားကိုးရာ သံတော်ဆင့်မှတင်ပြရခြင်းဖြစ်ပါသည်။ ကျမတို့မြို့ မှာအလင်းရောင်ပေးတာ တဘက် ယိုးဒယားနိုင်ငံရဲ့မီးပေါ့။ ဒီမီးဖြန့်ချီဖို့ ခယကမှမီးလင်းရေးရုံးဖွဲ့ စည်းခဲ့တယ်။ အဲ့ဒီမှာဥက္ကဌ ဦးသက်လွင် အရမ်းကိုဉာဏ်ကောင်းပါတယ်။ မယ်ခေါင်တို့ ပါလျှံတို့ မှာမီးအားတွေနည်း။ မီးတွေပျက် တယ်။ ဘာလို့ဖြစ်ရလဲဆိုတော့ ယိုးဒယားက - ကဲနင်တို့ အိမ်ခြေဘယ်လောက်နိုင်တဲ့မီး ပေးလိုက်ပြီ- ဥပမာ အိမ်ခြေတစ်ထောင်စာဘတ်တစ်သိန်းထားပါတော့။ အဲ့ဒါကိုအိမ်ခြေနှစ်ထောင်ဖြန့် လိုက်တော့ ဘတ်နှစ်သိန်းရတာပေါ့။ တစ်သိန်းကိုယိုးဒယားပေး။ ကျန်တစ်သိန်းကဘာလုပ်လဲစဉ်းစားကြည့်ပါ။ မီတာခကျတော့လည်းယိုးဒယားပေးရတဲ့နှုန်းထက်ပိုကောက်တယ်။ အဲ့ဒီကိစ္စနဲ့ ပါတ်သတ်လို့ ပြည်သူ ဘက်ပါတဲ့ဥက္ကဌရှာနိုင်ခဲ့ပေမယ့်လဲ သူကဘဲ ပြသနာရှာဖြုတ်ခဲ့တယ်။ နောက်တစ်ခုကကျမတို့မြို့ မှာ ဆင်းရဲ သားအများသုံးတဲ့ရေတွင်းကိုလာဖျက်ပြီး မီးလင်းရေးရုံးဆောက်တော့ ဆင်းရဲသားတစု ဒုက္ခမျက်ရည် ကျရတယ်။ အခြားဆောက် လို့ရတဲ့နေရာကျတော့ကိုယ့်နည်းကိုယ်ဟန်နဲ့ ရောင်းစားတယ်။တံတားပေါ် မှာလည်း ၃% ကိစ္စနဲ့ ဂွင်မျိုးစုံရိုက်။ လုပ်ငန်းရှင်တွေနဲ့ပေါင်း ။ မျိုးစုံတောင်းပေါ့။ တကယ်တမ်းကျ တော့ ဦးသက်လွင်ဟာ သဘောကောင်းတယ်ဆိုပြီး မင်းသားခေါင်းဆောင်းတဲ့ ဘီလူးပါ။ တာဝန်ရှိသူများကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။

မြို့ခံလူ သျှမ်းအမျိုးသမီးတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates