သို့ သျှမ်းသံတော်ဆင့် အယ်ဒီတာရှင့်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က သျှမ်းအမျိုးသမီးတွေ တရုတ်ပြည်က သျှမ်းအမျိုးသားတွေနဲ့ အိမ်ထောင်ကျတဲ့အခါ လက်ထပ်စာချုပ်မရှိရင် တရုတ်ပြည်က အိမ်ထောင်စုစာရင်းထဲ နာမည်သွင်းလို့ မရသလို ကလေးမွေးလာရင်လည်း အိမ်ထောင်စုစာရင်းထဲ ထည့်လို့မရပါဘူး။ ဒါကြောင့် နမ့်ခမ်းမြို့ တရားရုံးမှာ လက်ထပ်စာချုပ် လာလုပ်ကြပါတယ်။ တရားရုံး စာရေးမကြီး အမာရင် (နမ့်ခမ်းဇာတိ)က လက်ထပ်စာချုပ် မလုပ်ပေးဘဲ နန်းဘယ်သူဘယ်ဝါဟာ ဖခင်ဘယ်သူဘယ်ဝါနဲ့ မိခင်ဘယ်သူဘယ်ဝါရဲ့ သမီးဖြစ်တယ်။ သူမဟာ မိဘတွေနဲ့ အတူနေလာပြီး အိမ်ထောင်မကျဖူးဘူးဆိုတဲ့ ထောက်ခံစာ သဘောမျိုးဘဲ လုပ်ပေးပါတယ်။ တယောက်ကို ကျပ် ၁ သိန်းကနေ ၂ သိန်းအထိ တောင်းပါတယ်။ ရလာတဲ့ ပိုက်ဆံတွေကိုတော့ အထက်တရားသူကြီးကို နည်းနည်းဘဲပေးပြီး အများစု ကတော့ သူမရဲ့အိတ်ထဲ ရောက်တာပါဘဲ။ တချို့ရက်တွေဆို လာလုပ်တဲ့ အမျိုးသမီးတွေ ၂၀-၃၀ လောက် ရှိပါတယ်။ တချို့မှာ မရှိဆင်းရဲတဲ့လူတွေဖြစ်ပြီး လုပ်ခအများကြီးတောင်းတဲ့အတွက် ဒုက္ခရောက်ရပါ တယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တာဝန်ရှိသူ တွေ သိရှိပြီး လက်ထပ်စာချုပ် အစစ်အမှန် လုပ်ပေးဖို့နဲ့ အခကြေးငွေ လျှော့ပေါ့တောင်းခံဖို့ ပြောဆိုညွှန်ကြားပေး ပါရန် တောင်းခံအပ်ပါတယ်ရှင့်။
Tags: Letter to Editor

