ဒီနေ့ တပ်မတော်
မြန်မာပြည်တစ်ပြည်လုံးမှာ ခံစားနေရတဲ့အထူးသတင်းနဲ့ သတင်းအမှန်အကန်ဖြစ်ပါတယ်။
လိုရင်းတိုရှင်း ပြောရရင်စစ်တပ်ဆိုတာလူဆိုးလူမိုက် လူ့ငနွား လူလိုမသိတတ် ခွေးစိတ်ဝင် လူစိတ်ပျောက် လူတွေကိုလူလိုမဆက်ဆံ။ လုပ်တိုင်းဖြစ် ဖြစ်တိုင်းသူတို့လက်ချက် ရဲစခန်းကလည်း စစ်တပ်ဆို ချီးပန်းအောင်ကြောက်။
ဖြစ်စဉ်က ဒီလိုပါ။ အခုလ ၁၈ ရက် ည ၁၁ နာရီခွဲ။ နမ့်ခမ်းမြို့နယ် သပြေ ဧည့်ရိပ်မွန်တွင်လာရောက် တည်းခိုနေသူ ဗိုလ်ဝေမင်းဦး (၁၂/ဒဂမ(နိုင်)၀၂၀၉၇၇) အဖဦးမြင့်အောင် ။ တည်းခိုခန်းပိတ်ချိန်က ည ၁၀ နာရီခွဲ။ ဒီဗိုလ်ပြန်လာတာက ည ၁၁ နာရီ ၄၀ ။ ဗိုလ်ဝေမင်းဦးက တစ်ပွင့် ။ သူ့ဆရာ ကိုကိုဦးက သုံးပွင့်။
ဗိုလ်ကိုကိုဦးကတော့ အခန်းထဲမှာ ကြက်မတစ်ကောင်နဲ့ ခွပ်ရင်း ဆိပ်ရင်း နမ်းရင်း မောပန်းပြီးအိပ်ပျော်သွားချိန် ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာတော့ သူ့တပည့် ဝေမင်းဦး အပြင်ကနေရောက်လာပါတယ်။ ရောက်လာပြီး တံခါးကိုလည်း မခေါက် အစောင့်ကိုလည်မခေါ် ။ တစ်ယောက်ထဲလုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပြီး ဘေးအိမ်အနောက်ပေါက်ကနေ ကျော်တက်ပြီး ဧည့်ရိပ်မွန်ဒုတိယအထပ်ကိုရောက်ပါတယ်။ မှန်တံခါးကိုတွန်းဖွင့်ပြီး ဧည့်ရိပ်မွန်ထဲကိုခုန်ချပါတယ်။ အောက် မှာအိပ်ပျော်နေတဲ့အစောင့်ကိုလက်ဆွဲပြီး ပါးနားရိုက်။ သံဒုတ်နဲ့ လည်း လေးငါးချက်လောက် ရိုက်တော့ အစောင့် ကောင် လေးက မခံနိုင်တော့ ဒုတိယထပ်ကို အတင်းတက်ပြေးတော့တာ။ ခြေသံတွေအော်သံတွေကြားနေတာ့ ဧည့်ရိပ်မွန်ပိုင်ရှင် အိုက်ပီးက ထကြည့်တော့ သူ့အစောင့်ကို ဟိုဗိုလ်ကလိုက်ရိုက်နေတာ တွေ့တယ်။ အိုက်ပီးက ဗိုလ်လေး မလုပ်ပါနဲ့ မရိုက်ပါနဲ့ ပြောနေတုံး အိုက်ပီးရဲ့ခေါင်းကိုပါ သံဒုတ်နဲ့ရိုက် မေးစေ့ကို ဖြတ်ရိုက်ပြန်တယ်။ အိုက်ပီးက ကြောက်စိတ်ပျောက်ပြီး ဗိုလ်ရဲ့လက်ထဲက သံဒုတ်ကို အတင်းလုပြီးပြန်ရိုက်မလို့လုပ်နေတုန်း အဲဒီဗိုလ်က သူ့ခါးကသေနတ်ထုတ်ပြီး အိုက်ပီးရဲ့ခေါင်း ကိုထောက်လိုက်ပါတယ်။
အိုက်ပီးရဲ့အမျိုးသမီးက အရဲစွန့်ပြီး အိုက်ပီးကိုအတင်းဝင်ဖက်ပြီး အခန်းထဲခေါ်သွား အခန်းတံခါးကိုပိတ်လိုက်ပါတယ်။ ဒါတောင် စစ်ဗိုလ်က မကျေနပ်ဘဲ အခန်းတံခါးကိုသေနတ်နဲ့ ထပ်ရိုက်ပါတယ်။ ဖြစ်ဖြစ်ချင်း ကိုထွန်းအေးဆိုသူက ဆိုင်ကယ်စီးပြီး ရဲစခန်းကို သွားအကြောင်းကြားပါတယ်။ ရဲစခန်းကသာ အမြန်ရောက်လာခဲ့ရင် ပြဿနာက ဒီလောက်ကြီးမှာမဟုတ်ပါဘူး။
ရဲစခန်းကပြောတာကတော့ စစ်တပ်ကို ရဲစခန်းက ဘာမှလုပ်လို့မရဘူး ဆိုတဲ့သဘောသက်ရောက်နေပါတယ်။ ရဲစခန်းက ရောက်လာတော့ စစ်ဗိုလ်က အစောင့်ကောင်လေးကိုသေနတ်နဲ့ထောက်ပြီး တံခါးဖွင့်ထွက်ပြေးသွားပါပြီ။ ရဲစခန်းက စစ်ချက်ယူတယ်။ ဓါတ်ပုံတွေရိုက်တယ်။ အိုက်ပီးကို သေနတ်နဲ့ထောက်လိုက်တာ ကျည်ဆံ လေးဒေါင့်
ပြုတ်ကျထားပါတယ်။ အိုက်ပီးကတော့ သွားနှစ်ချောင်း ကျိုးတယ်။ ဦးခေါင်း ၈ ချက် နဲ့မေးစေ့အတွင်း ၄ ချက် အပြင် ၄ ချက် ချူပ်လိုက်ရတယ်။
ဒီတော့ ပြောချင်တာက စစ်တပ်ဆိုတာ ဘယ်သူလဲ။ ဘယ်သူ့အတွက်လဲ။
Tags: Letter to Editor

