ငါနဲ့မတူငါ့ရန်သူ



သို့- သျှမ်းသံတော်ဆင့် ခင်ဗျား

ကျုပ်ကတော့ တာချီလိတ်မှာ မမွေးပေမဲ့ တာချီလိတ်မှာကြီးခဲ့တော ရှေ့မှီနောက်မီဆိုပါတော့ ၊ အလုပ်အကိုင် ကတော့ တာချီလိတ်နဲ့ မယ်ဆိုင်ကို ဒေသသုံးပစ္စည်းလေးတွေခေါက်တိုပစ္စည်းသယ်တဲ့ အလုပ်လုပ်တယ်လေ ၊ ဒီနေ့သံတော်ဆင့်မှာ တာချီလိတ်သတင်းဖတ်ရလို့ ဒီစာကိုကောက်ရေးလိုက်ရတာပါ၊

လွန်ခဲ့တဲ့ (၅)နှစ်လောက်က တာချီလိတ်မှာ တစ်ဖက်နိုင်ငံက လျှပ်စစ်မီးကိုမယူဘဲ
တာဝေ မီးနဲ့သုံးခဲ့ရတဲ့ အချိန်ကိုမှတ်မိပါသေးတယ် ၊မီတာတစ်ယူနစ်ကို ၁၃ဘတ်ကျော်ပေး
ပြီးသုံးခဲ့ရတာပေါ့၊ ပြောင်းသွားတဲ့ ခယက ဦးခင်သန်းလက်ထက်မှာ နိုင်ငံတော်ခွင့်ပြုချက်
ရလို့ယိုးဒယားကမီးယူပြီး တစ်ယူနစ်ကို ခြောက်ဘတ်ခွဲနဲ့ ဖြန့်နေတာ တမြို့လုံးအသိပါဘဲ
မီတာခကောက်တယ်ဆိုတာလဲ လက်ဝါးဖြန့်ပြီးပိုက်ဆံတောင်းတာမဟုတ်ဘဲမီတာပြေစာနဲ့
စာရင်းဇယားနဲ့ ကော်မတီစနစ်တကျဖွဲ့ပြီးလုပ်တာကိုတွေ့နေရတာဘဲ ။မီးလင်းရေးကအမြတ်
ငွေနဲ့ မြို့လယ်က နမ့်ယွန်းချောင်းကြီးကို ဘက်ဖိုးနဲ့ဆယ်ပြီးရေစီးရေလာကောင်းအောင်လုပ်
နေတာကိုလည်း ကျုပ်သူငယ်ချင်းမီးလင်းရေးမှာ လုပ်တဲ့ရှမ်းအမျိုးသားပြောလို့သိရတယ်၊
ဒါကိုလည်း အင်တာနက်မှာ မီးလင်းရေးကိုအပြစ်ရှာတဲ့ မဟိုဒင်း သိမှာမဟုတ်ပါဘူး၊
မီးအားမနိုင်တဲ့နေရာတွေမှာ ထရန်စဖော်မာတွေဆင်ပြီးလုပ်နေတာလဲတွေ့
နေရတယ်လေ၊ လူ့အကြိုက်နတ်မလိုက်နိုင်တာတော့ မတတ်နိုင်ဘူး၊တလောက ပြည်မ
မြို့တွေမှာ လျှပ်စစ်မီးမပေးနိုင်လို့ ဖယောင်းတိုင်ထွန်းပြီး လှည့်လည် ဆန္ဒပြနေချိန်မှာ
တာချီလိတ်မှာတော့ အေးအေးဆေးဆေးနေနိုင်တာလဲ မီးလင်းရေးကျေးဇူးပေါ့ဗျာ၊
မီးလင်းရေးရုံးက အရေးကြီးသလား ။ရေတွင်းက အရေးကြီးသလားဆိုတာကိုတော့
အဲဒီဝက်ဆိုက် တင်တဲ့ မဟိုဒင်း ကို မေးကြည့်ချင်ပါသေးတယ်၊ဆင်းရဲသားဆိုရအောင်လဲ
အဲဒီရွှေတိဂုံခြေရင်းမှာ အားလုံးတိုက်နဲ့ တာနဲ့အဝီစိတွင်းတောင်တူးနိုင်တဲ့လူတွေပါ၊
ကျုပ်က မြို့ခံလိုဖြစ်နေတော့ ဘယ်နေရာဘာရှိတယ်ဆိုတာသိနေလို့ရယ်ချင်ပါတယ်၊ရေတွင်းကို
ခုတုံးလုပ်ရင်တော့ ခုတုံးလုပ်တဲ့လူဟာ ရေတွင်းထဲက ဖါးလို တလောကလုံးကိုမကြည့်ဘဲ
ရေတွင်းအောက်ခြေက အပေါ်ကိုကြည့်တတ်တဲ့ အမြင်ကျဉ်းတဲ့လူဘဲဖြစ်မယ်ထင်ပါတယ်၊
တံတားပေါ်ကောက်တဲ့ ၃% ကိစ္စမှာလဲ အဲဒီ ရေတွင်းရှိတဲ့နေရာကနေ ရွှေတိဂုံဘုရား
လမ်းအတိုင်းဒီဖက်လာရင် မြန်မာ့စီးပွါးရေးဘဏ်မှာမနက်မနက် ငွေထုတ်ပိုက်ပြီးချလံနဲ့ဘဏ်
ငွေသွင်းတဲ့ဌာနဘယ်နှစ်ခု ရှိလဲကြည့်ရင်သိပါလိမ့်မယ်၊ဘာဖြစ်လို့လဲဆိုတော့ တံတားပေါ်မှာ
ကျုပ်ကိုယ်တိုင်ပေးခဲ့တဲ့ ၃% ငွေ ဘယ်ကိုရောက်လဲလို့လိုက်ကြည့်ရင်းတွေ့ရတာပါ၊၃%
ကောက်တဲ့ငွေကကျုပ်တို့ရှမ်းပြည်နယ်ကြီးတိုးတက်ဖို့ဆိုတာသိရလို့ကျုပ်ကိုယ်တိုင်အခွန်ဆောင်ပြီး
တရားဝင်ကုန်ကူးခွင့်ရလို့။ အရင်လို မလိုအပ်တာတွေမကုန်ဘဲအဆင်ကိုပြေလို့လေ၊ဒီတော့
ကျုပ်ပြောချင်တာက မကောင်းတဲ့လူတွေကို မကောင်းဘူးပြောတာကိုထောက်ခံပါတယ်ဗျာ၊
ကောင်းတဲ့လူတွေကိုတော့ငါနဲ့မတူငါ့ရန်သူမလုပ်ကြပါနဲ့။စဉ်းစားကြပေါ့ဗျာ၊ဒါတွေကိုသံတော်
ဆင့်ကတဆင့် ထည့်ပေးဖို့ရေးသားလိုက်ရခြင်းဖြစ်ပါတယ်၊

တာချီလိတ်မြို့ခံပအိုဝ်းအမျိုးသား




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates