မရှိလို့ လုပ်စားပါတယ်ဆိုမှ ဓါးပြနဲ့တွေ့နေရ
အယ်ဒီတာရှင့်
သက်ဆိုင်ရာကိုပြောပေးပါ။ မရှိလို့ လုပ်စားပါတယ် ဆိုမှ ဓါးပြ နဲ့တွေ့နေလိုပါ။ ကျမတို့က မူဆယ်မြို့ခံ လက်လုပ်လက်စား ဘဝတွေပါ။ ကျမတို့က တရုတ်ပြည်ကထုတ်သောစားသောက်ကုန် ပစ္စည်းများကို မူဆယ်မြို့ ပတ်ဝန်းကျင်ရှိ မော်တောင်းရွာ၊ နမ့်ဖကာရွာများသို့တပိုင်တနိုင် ထော်လဂျီများဖြင့် သယ် ဆောင် ပြီး သယ်ဆောင်ခ (ကယ်ရီခ) ဖြင့် လုပ်စားကိုင်စားနေတဲ့ပြည်သူတွေပါ။ ကျမ တို့သယ်ဆောင် နေတာက တရားမဝင် ကုန်ပစ္စည်းများ ဖြစ်ပေမယ့် သက်ဆိုင်ရာတာဝန်ကျ ၀န်ထမ်းများကို မိမိတို့ တတ်နိုင်သလောက်ပေးပြီး ဝေစားမျှစား လုပ်ကိုင်စားသောက်နေပါတယ်။သူတို့တွေလည်းလစာ နှင့်မလောက်ငှ တာကို ကျမတို့လည်း သိပါတယ် ။အဲဒါကြောင့် တတ်နိုင်သလောက် ပေးကမ်းပြီးသွားကြပါတယ်။
ခုတလောမှ ၁၀၅ မိုင်မူဆယ် (oss) မူဆယ်မောင်းတံဂိတ်အကောက်ခွန်ဝန်ထမ်းများ မှ ပိုက်ဆံများကို အတင်း အဓမ္မ တောင်းနေပါတယ်။သူတို့တောင်းတာရမှ ဂိတ်မှ ပေးထွက်ပါတယ်။ အရင်က ထော်လဂျီ တစ်စီးကို ပိုက်ဆံ ကျပ် ၁၀,၀၀၀ လောက်ပဲပေးရတယ်။ခုဟာက တစ်စီးကို ကျပ်၂၀,၀၀၀ လောက် တောင်းတာ ဆိုတော့လုပ်စား ကိုင်စားရတာအဆင်မပြေလိုပါ။သူတို့ကို လုပ်ကျွေးသလိုဖြစ်နေပါ တယ်။ ကျမတို့က သူတို့ဂိတ် တစ်ခုထဲ ကိုပေးရတာမဟုတ်ပါဘူး၊ လမ်းမှာတွေ့သမျှ ရဲကိုလည်းပေး ရပါတယ်။ အဲ့ဒါကြောင့် ဒဏ်မခံနိုင်တော့လို့ အယ်ဒီတာထံသို့ စာရေးပေးရတာပါ။
Tags: Letter to Editor

