လုပ်ငန်းများ နှေးကွေးသည့် ဟိုပုံး ယူအင်န်အိုဒီစီ
သျှမ်းသံတော်ဆင့် အဖွဲ့သို့
ဒေသခံ သျှမ်းလူထုကိုယ်စား လေးစားစွာ သတင်းပေးပို့အပ်ပါသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC (ယူအင်န်အိုဒီစီ) အနေနဲ့ သျှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်မှာ ဘိန်းအစားထိုးစိုက်ပျိုးရေးစီမံကိန်းတွေ ဆောင်ရွက်ဘို့ စီမံကိန်းစခဲ့တာ (၂)နှစ်ခွဲကျော်ပါပြီ။ ဟိုပုံးမြို့နယ်မှာ ၂၀၀၉ က စပြီး ဒေသဆိုင်ရာ အချက်အလက်ကောက်ယူမှုတွေ၊ ကျေးရွာဆိုင်ရာ အချက် အလက် ကောက်ယူမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာတော့ စံဖူး၊ စငေါ၊ဘက်ရမ်း၊ လုံဟေး၊ နမ့်ခုတ်၊ ကျောက်တန်း၊ လွယ်အွန့်၊ ကုန်းကျိုင်း၊ နောင်လိုင်၊ ပေါင်လင်း စတဲ့ ကျေးရွာအုပ်စုများမှာ စီမံကိန်းလုပ်ငန်းများ စတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲနဲ့အတူ လုပ်ငန်းတွေ စတော့မယ့်အကြောင်း ပြောခဲ့ပြီး တကယ် လက်တွေ့မှာတော့ ၂၀၁၁ နှစ်ကုန်အထိ ဘာမှ မယ်မယ်ရရ မလုပ်ရသေးပေ။
ဝန်ထမ်း(၂၀)ကျော်လောက်နဲ့ အလုပ်လုပ်နေတဲ့ ဒီအဖွဲ့ရဲ့ (၁)နှစ်စာ လုပ်ငန်းဆောင်ရွက်မှု တန်ဘိုး စုစု ပေါင်းဟာ ဟိုပုံးဝန်ထမ်းအားလုံးရဲ့ (၁) နှစ်စာ လစာထက် နည်းနိုင်ကြောင်း ဒေသခံတစ်ဦးက ထောက် ပြ ပါ တယ်။ UNODC ဟိုပုန်း ဝန်ထမ်းအားလုံးရဲ့တနှစ်စာ လစာ ခန့်မှန်းခြေဟာ ဒေါ်လာ တစ်သိန်းခွဲ လောက်ရှိတယ် လို့ ဆိုပါတယ်။ ဒါတောင်မှ ရန်ကုန်က အကြီးတန်းဝန်ထမ်းတွေ၊ နိုင်ငံခြားသား လစာ မပါသေးဘူးရှင့်။ သူတို့တွေရောပေါင်းရင်တော့ ဒေါ်လာ (၃)သိန်းနီးပါးရှိမယ်လို့ ပြောပါတယ်။ UNODC က ရုံးထိုင်ဒါ တောင်ကြီးမှာပါ၊
၂၀၁၂ ထဲမှာတော့ ရေရရှိရေးလုပ်ငန်းတစ်ချို့၊ လမ်းနှင့် အဆောက်အဦးတစ်ချို့ တည်ဆောက်ပေးခဲ့ပြီး လုပ်ငန်းအများစုက ပအိုဝ်းရွာတွေမှာ။ ကုန်းကျိုင်းအုပ်စုထဲက ပုန်းအင်းသျှမ်းရွာတစ်ချို့မှာ လမ်းလုပ် ပေးမယ် ပြောပြီး တံတားဆောက်ခိုင်းတာ၊ ရွာတွေဘက်က တံတားဆောက်ပြီးကာမှ ဘာမှလုပ်မပေး တာမျိုးတွေ၊ စံဖူးအုပ်စုရဲ့ ဒေသခံရွာအကြီးအကဲတွေအပေါ်မှာ စီမံကိန်းဝန်ထမ်းများရဲ့ ရိုင်းပျစွာ ဆက်ဆံတာ၊ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် သျှမ်းရွာများကို ဦးစားမပေးဘဲ
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမို့ ဦးစားပေးတာ စတဲ့ မညီမျှမှုတွေ၊ အလုပ်မဖြစ်မှုတွေကြောင့် ဒေသခံသျှမ်းရွာသူရွာသားတွေက တော်တော်စိတ်ကုန်နေကြပါပြီ။
UNODC ရဲ့လူတွေ အားလုံးက ဆက်ဆံရေး မောက်မာ ရိုင်းပြတယ်။ မြောက်ပိုင်းသျှမ်းဆိုတဲ့ ဒေါ်နန်းခင်ညွန့်ဆိုတာက အဆိုးဆုံးပါဘဲ။ ဦးမြင့်သူ၊ ဒေါ်စုသူဇာ၊ ဦးဇော်လင်းဒွေးတဲ့၊ ဦးတင်မောင်မြင့် အပါအဝင်ကျန်တဲ့ဝန်ထမ်းတွေအားလုံး အပြောအဆို ရင့်သီးတာ အတူတူပါဘဲ။
ပုန်းအင်းဒေသခံရှမ်းအမျိုးသားများက ယူအင်န်အိုဒီစီရဲ့ ကတိမတည်မှု၊ လူမျိုးရေးခွဲခြားမှုများအတွက် တောင်ကြီးရှိကျားဖြူအဖွဲ့သို့ တင်ပြထားတယ်လို့သိရပါတယ်။ မဲနယ်တောင် စံဖူးက ပအိုဝ်းဒေသခံ မြင့်ဇော်ဦးကလည်း ဒီအဖွဲ့က မေးခွန်းလာမေးလိုက်၊ အချက်အလက်လာကောက်လိုက်နဲ့ ဘာမှလည်း အလုပ်မဖြစ်ဘူး၊ လာရင် ထမင်းချက်ကျွေးရတာဘဲ အလုပ်ပိုတယ် - လို့တောင်ပြောပါတယ်။
ဟိုပုံးမြို့ပေါ်မှာလဲ- “ဘန်ကီမွန်းလာပြန်တော့လည်း အဝေးတောင်ကြောက ဘိန်းခင်းဟောင်းကို အစားထိုးသီးနှံခင်း ပြောလို့ပြော၊ ဒီလူတွေက အဖွဲ့ပိုက်ဆံကို လိမ်စားနေတာဗျ။” ဒီစကားကို ဟိုပုံးမြို့၊ ထွေအုပ်ရုံးဝန်ထမ်းတွေရဲ့ ရုံးနားက လက်ဖက်ရည်ဆိုင် စကားဝိုင်းမှာ ကြားရတာပါ။
ဟိုပုန်းမြို့နယ်မှာ ဒီနှစ် ဘိန်းစိုက်ဘို့ပြင်ဆင်နေတာမဟုတ်ပါဘူး။ စိုက်သူက အရင်ကထက် နဲသွားပါပြီ။ မနှစ်က ပအိုဝ်းလူကြီးတွေက အာမခံတယ်၊ ၁ ဧကကို ၁ သိန်းခွဲ ၂ သိန်းကောက်ပြီး အဖျက်ခံရတော့ ဒီနှစ် သိပ်မစိုက်ကြတော့ဘူး။ လာဖျက်တော့လဲ ငွေထပ်ညှစ်ကြသေးတယ်လေ။
ယူအင်န်အိုဒီစီအပေါ် အကောင်းမြင်သူ အနည်းအကျဉ်းလည်း ရှိပါတယ်။ “ဒီအဖွဲ့တွေရဲ့ ကုန်တွေပို့ရတာတော့ တန်တယ်ဗျ၊ ဈေးလဲမဆစ်ဘူး၊ တစ်ခေါက်က ကုန်လာအပ်တဲ့ ၊ ကားလာငှါးတဲ့ စာရေးမက တစ်သိန်းဘိုးတောင်မရှိတဲ့ ပေါက်ပြား၊ ဂေါ်ပြားသယ်ခကို သူ့အတွက် လက်ဖက်ရည်ဘိုး သုံးသောင်း ပိုရေးခိုင်းပြီး နှစ်သိန်းနီးပါးပေးသွားတယ်။ ကျွန်တော်က ကားခ အသားတင်တစ်သိန်းခွဲလောက်ရလိုက်တယ်။ အဲ့ဒီနေ့က လူရော ကုန်ပါပေါင်းရင် ” ဒီစကားကိုပြောသူက ရွှေတောင်ကြီး မှန်လုံကားမောင်းသူ။ သူပြောမယ်ဆိုလဲ ပြောလောက်ပါပေတယ်။
ပင်လုံ-တောင်ကြီး မှန်လုံတစ်ကြောင်းစာ လူနဲ့ကုန်တင်ခရငွေဟာ တစ်သိန်းမှ မရတာ။ သည်လို ဂွင်ရှာတတ် တဲ့ စီမံကိန်းဝန်ထမ်းတွေရှိနေတာ မကောင်းပါ။ တောင်ကြီးမြို့ပေါ်ရှိ လုပ်ငန်းရှင်တစ်ချို့ကလည်း ယူအင်န် အိုဒီစီနဲ့ အလုပ်လုပ်တာ ငွေကြန့်ကြာခြင်း၊ ရက်ချိန်းအတိုင်း ငွေမပေးချေနိုင်ခြင်းများကြောင့် အရောင်းအဝယ်၊ ၀န်ဆောင်မှုတွေ လက်တွဲလုပ်ကိုင်ဖို့ ဆန္ဒမရှိဘူးလို့ပြောပါတယ်။
ဘိန်းအစားထိုးဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေသည်ဆိုသော်လည်း လုပ်ငန်းများ မပီပြင်ဘဲ အချိန်တန် လစာထုတ်၊ ရုံးတွင်းမှာ အတင်းအုပ်လေကန် (ချက်ကျွေးသမျှ စားလာခဲ့သော ရွာများမှ ကျေးရွာသားများအတင်း၊ ၀န်ထမ်းများအတင်း၊ အခြားအဖွဲ့အစည်းနှင့်စီမံကိန်းများအတင်း၊ အတူလက်တွဲအလုပ်လုပ်နေသော ဒဗလျူအက်စ်ပီ အကြောင်းပါမချန်) သတင်း အဖျင်းပြောကြတယ်လို့ ၀န်ထမ်းဟောင်းတစ်ဦးက ပြောပြဖူးပါတယ်။
Tags: Letter to Editor

