ပြည်တွင်းတိုင်းရင်းသား ရန်လိုအမုန်းပွားမှုများ ဘယ်ကစသလဲ
အခုတလော သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့်မြန်မာစစ်တပ်ကြား မကြာခဏ ကျိုကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာလူတိုင်းအသိဖြစ်ပါသည်။ နှစ်ဘက်အထက်အကြီးအကဲများ ငြိမ်းချမ်းရေးလိုလား စကားပြောဆွေးနွေးနေ ချိန်တွင် လက်အောက်ငယ်သားများ စစ်တိုင်းမှူး၏အမိန့်ဒေါသကြောင့် အလ ဟဿ သေဆုံးခဲ့တာတွေ၊ မလို လားအပ်တဲ့အမုန်းပွားမှုမျိုးတွေ ဖြစ်ပွားခဲ့သည်ကိုလည်း ကြားမြင် နေရပါသည်။ တစ်ပြည်လုံးက အရပ်သားအစိုး ရအပေါ် တိုင်းပြည် အပေါ်ဘယ်လောက်သြဇာ လွမ်းမိုး မှုရှိသလဲ နားစွင့်စောင့်ကြည့်နေချိန်၊ ငြိမ်းချမ်းရေးရောင် ခြည်စတင် မြင် တွေ့နေချိန်၊ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပြည် ထောင်စုမပြိုကွဲရေးအတွက် နိုင်ငံ တွင်းလက်နက်ကိုင်တိုင်းရင်းသားအသီးသီး ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေး လက်မှတ် များ ထိုးခဲ့ပြီးဖြစ်သော်လည်း စစ်တပ်ပိုင်းတာဝန်ထမ်းဆောင်သူ များက အစိုးရ၏ငြိမ်းချမ်း ရေးလုပ် ငန်း စဉ်များ အသိအမှတ်ပြုဟန်မတူ၊ အစိုးရပြောချင်တာပြောပြီး စစ်တပ်လုပ်ချင်တာလုပ်ဆိုတဲ့သဘော သက်ရောက်နေသည်ကိုလည်း တွေးမိပါသည်။
နိုင်ငံတော်အကြီးအကဲများက ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရှိပြီး ပြည်နယ် အလိုက် တိုင်းအလိုက် ဆိုင်ရာဆိုင်ရာအုပ်ချုပ်မှုပေးပြီး ဗဟိုချုပ်ကိုင်မှုစနစ်မျိုးအဖြစ် အသွင် ဆောင်နေသော်လည်း စစ်တပ်ပိုင်းကတော့ ပြည်ထောင်စုကိုဦးတည်ချက်မထားပဲ တစ်ပြည် ထောင် စနစ်(မြန်မာပြည်)ကို ဦး တည်သွားနေတယ်ဆိုတာ သုံးသပ်မိပါသည်။ နအဖစစ်အစိုးရခေတ်က တိုင်းရင်းသားအားလုံးလက်ကမ်းတောင်း ဆိုင်ခဲ့တဲ့ `သုံးပွင့်ဆိုင်ဆွေးနွေးပွဲ´ စစ်အစိုးရ၊ တိုင်းရင်းသား အားလုံး နှင့် NLD ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ သော်လည်း လက်တွေ့ဖြစ်မလာခဲ့ပေ။ အခုလည်း သုံးပွင့် ဆိုင်ဆွေးနွေးနေမည်လော။ အစိုးရ၊ စစ်တပ် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ဆွေးနွေးပြီး တိုင်းရင်းသားများက ပွဲကြည့်ပရိတ်သတ် များဖြစ်နေ မည်လော။ လွတ်တော်ထဲမှာစစ်တပ်ပိုင်းကအများစုဖြစ်ပြီး တစ်စုံတစ်ခုဆုံးဖြတ် တိုင်းမှာ စစ်တပ်က အထက်စီးအနိုင်ရနေမည်လော။ အစိုးရနှင့်စစ်တပ် တီးခတ်ရာတိုင်းရင်းသားများက လိုက်က နေမည်လော တွေးရင်းသံသယဖြစ်မိပါသည်။
ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲအောင် တိုင်းရင်းသားများအားလုံး မည်သို့မည်ပုံစည်းရုံးရမယ်၊ လက် နက် ကိုင် တိုင်းရင်းသားများနှင့်လည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပြီးသဘောတူလက် မှတ်များရေးထိုးခြင်းစသဖြင့် ပြည်သူလူထုဘက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့၊ ပြည်သူလူထုလိုအပ်ချက်များ ဖြည့်ဆီးပေးနိုင်ရန် ကြိုးစားအားထုတ်နေချိန်တွင် စစ်တပ်ပိုင်း တိုင်းမှူးနှင့်တိုင်းမှူးအောက်အရာရှိများက အစိုးရ အဖွဲ့နှင့် နိုင်ငံတော်အကြီးအကဲများ ပြည်ထောင်စုကြီးတည်ငြိမ်အေးချမ်းဖို့လုပ်ငန်းစဉ်များအပေါ် မထေမဲ့မြင် လစ်လျူရှုလျှက်ရှိနေပါသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ထွန်းထွန်းနိုင် ဦးစီးအမိန့်ပေးပြီး မိုင်းရှူးမြို့နယ် မိုင်းအွတ်၊ ဟွေယော(ဝ်) အခြေစိုက် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်အပြတ်ရှင်းရန်ကြိုးစားပြီး ရှေ့တန်းရောက်အရာရှိများ၊ အကြပ် တပ်သားများ အဆမတန် သေကျေကျဆုံးခဲ့ရပါသည်။ ပြည်တွင်းတိုင်းရင်းသားညီအစ်ကိုအချင်းချင်း ခိုက်ရန် တိုက်ရန် အမုန်းပွားမှုများ ဖြစ်ပေါ်စေခြင်းသည် စစ်တိုင်းမှူးများကြောင့်ဆိုသော်လည်း မမှားဘူးလို့ယူဆမိပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ပေါ်စေခြင်းအကြောင်းအရင်းက ရှေ့တန်း ရောက်တပ် မတော်များ၏ ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျ အနိုင်ကျင့်မှုကြောင့်၊ မိမိမွေးရာပါအခွင့်အရေး ရှုံးဆုံးမှုကြောင့်စသဖြင့် SSPP/SSA, KIO/KIA, KNU, RCSS/SSA စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရခြင်းဖြစ် ကြောင်းကိုလည်း လူးတိုင်းအသိဖြစ်ပါသည်။
၁၈.၀၇.၂၀၁၂ ရက်နေ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ်ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ရာ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇော အမျက်ဒေါသထွက်ပြီး ပြည်သူ လူထုရွာသူရွာသား များမထိခိုက်မနစ်နာစေချင်ရင် နမ့်မခွင်အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ အဖွဲ့ဝင်များအားလုံး ၅ ရက်အတွင်း ထွက်ခွာဖယ်ရှားစေလိုကြောင်း၊ မထွက်ပါက တောရှင်းအပြတ် ရှင်းမည်ဟု ရာဇသံပေးခဲ့သည်ကိုလည်း သိရပါ သည်။
တိုင်းရင်းသားလက်နက်ကိုင်များသည် မိမိဒေသတွင်းကန့်သတ်ချက်ဖြင့်သွားလာလှုပ်ရှားပြီး နိုင်ငံတော် ၏ နိုင်ငံ ရေးနှင့် လူမှုဖူလုံရေးလုပ်ငန်းစီမံကိန်းကြီးများ အဟန့်အတားအဖြစ်မခံကြသည်ကိုလည်း တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်များ နားလည်သဘောပေါက်ထားကြပါသည်။
စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ် မြောက်အောင်မြင်ရေးလည်း တတ်အားသရွေ့ ကူညီ ဆောင်ရွက်ပါသည်။ တိုင်းမှူးများက ဟိုမနေရ ဒီမနေရ အကြောင်းမရှိအကြောင်းရှာ သေနတ်သံ ယမ်းငွေ့နှင့်မွေ့လျော် ပျော်ပါးနေတဲ့တိုင်းမှူးဖြစ်နေမလားလို့ ထင်မိပါသည်။ တိုင်းရင်းသားအရေးနှင့် တပ်မတော်ကြား နှစ်ပေါင်းရင့်လာ ပြဿနာများကို စစ်ရေးအရဖြေရှင်းလို့ မပြီးမြောက် နိုင်ကြောင်း၊ တိုင်းရင်းသားအချင်းချင်းအမုန်းပွားမှုအရှိန်မြင့်မားသည်ထက် ပိုမြင့်မားလာပြီး လူမျိုးရေးတိုက်ပွဲ အသွင်ဆောင်သွားနိုင်ကြောင်းလည်း တိုင်းမှူးများ၊ စကခမှူးများ၊ ဗျူဟာမှူးများ၊ လွတ်တော်တွင်း ဝါရင့်နိုင်ငံရေး သမားများ ထည့်သွင်းစဉ်းစားညှိနှိုင်းအဖြေရှာပေးပါရန် အကြံပြုလိုပါသည်။
ရှေ့တန်းရောက် သျှမ်းပြည်တိုးတက်ရေးပါတီ
Tags: Opinion

