သို့ -တာဝန်ရှိ လူကြီး များသိရှိစေရန်



ကျွန်တော်သည် တာချီလိတ်မှ ၀န်ထမ်းသားသမီး ဖြစ်ပါသည်။ ၀န်ထမ်း သားသမီး ဆိုသည့် အတိုင်း အစိုးရ၊ ၀န်ထမ်း အဖွဲ့အစည်း တွေကို မကောင်းပြောခံရလျှင် ကိုယ့် ကို ပြောသလို နာတက်ပါသည်။ သို့သော် ယခု တစ်ကြိမ်တော့ဖြင့် မိမိ(၀န်ထမ်းသားသမီး) ကိုယ်တိုင် သည်းမခံနိုင်တော့ပါ။

ကျွန်တော့ CDMA 450 သုံးစားမရသော ဖုန်းသည် ယခုလတွင် ရက် ၃၀ ရှိရာ စုစုပေါင်း ၂၆ ရက် ယခုချိန်ထိ ဖုန်းလိုင်း မရှိပါ။ (MPT) many problem telecommunication ဟု ပေါ်ရမည့် အစား searching ဆိုပြီး လိုင်းပျောက်နေပါသည်။ တစ်ခါတစ်လေ ယိုးဒယား ဖုန်းလိုင်းထဲလည်း သွားပူးနေပါသည်။ ဒီလိုအဆင့်မမီ ရှက်စရာကောင်းလှသည့် နည်းပညာနှင့် အဆင့်သင့် မဖြစ်သေးပဲ ဘာကြောင့် ပြည်သူတွေကို ညာစားပြီး သုံးစားမရသော ဖုန်းကို ချထားပေးလိုက်လည်း ဆိုတာ လုံးဝစဉ်းစား မရပါ။ ဒီလို ညာစားတော့မှပဲ သူတို့ မှာ ထမင်းစား ၀ တော့မှာလား။

တစ်လမှာ ၁၅ ရက် လိုင်းကောင်းလျှင် ကျွန်တော် ဘာမှ မပြောပါ။ အခုတော့ဖြင့် လိုင်းရှိမရှိ နေ့တိုင်းကြည့် နေရတာကိုက ဒေါသကို အလိပ်လိုက်( အလိပ်လိုက်) တက်လာပါသည်။တော်တော် အ ကုသိုလ် များလှသည့် မြန်မာ့ဆက်သွယ်ရေးဖုန်းပါ။ သုံးဖူးသူတိုင်း သိပါသည်။ မျက်စိစုံမှိတ်ပြီး ဖုန်းကို ပစ်ခွဲချင်စိတ်ကို မနည်း ထိန်းထားရပါသည်။ တာဝန်ရှိ လူကြီး မင်းများလည်း မိမိဖုန်းလိုင်းကောင်းသည်နှင့် အကုန်လုံးကောင်းပြီဟု မယူဆစေလိုပါ။ ပြည်သူ (၀န်ထမ်း) များ အသံကိုလည်း နားစွင့်ပြီး တစ်လ ၁၅ ရက်လောက် လိုင်းကောင်းအောင် လုပ်ပေးလျှင် လူကြီး မင်းတို့ စီးပွားဒီရေအလား တိုးပွားသထက် တိုးပွားအောင် နေ့စဉ် ဆုတောင်းပေးနေပါမည်။

CDMA 450- Can not Dial in Myanmar Area -450
CDMA ဆိုသည်မှာ မြန်မာမှာ အကြိမ် ၄၅၀ ခေါ်ဆိုလည်း မရပါ။
(MPT) many problem telecommunication
ပြသာနာများသည့် ဆက်သွယ်ရေး။
ဒါကတော့ ကျွန်တော်တို့ ပြည်သူကြားထဲ မှာ ခေတ်စားနေသည့် လူကြီးမင်းတို့ ဆက်သွယ်ရေး ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates