သို့ သမ္မတ၊ ရဲချုပ်၊ သျှမ်းသံတော်ဆင့် သတင်းဌာန



နိုင်ငံတော်သမ္မကြီး တာဝန်ထမ်းဆောင်ခဲ့သော သျှမ်း (အရှေ့) ကျိုင်းတုံမြို့သည် အကြွေစေ့ဖြင့် လဲလှယ်ကစားရသော တီဗီဂိမ်းလောင်း ကစားရုံများဖြင့် စည်ကားလျှက်ရှိပါသည်၊ ရပ်ကွက်တိုင်းတွင် တီဗီဂိမ်းလောင်းကစားရုံတစ်ရုံစီရှိပါသည်၊ အဆိုပါလောင်းကစားရုံများထဲတွင် ကျိုင်းတုံမြို့ ကျက်သရေဆောင် နောင်တုံကန်နံဘေးတွင် ဖွင့်လှစ်ထားရှိသော ရုံမှာအဆိုးဆုံးဖြစ်ပါသည်၊ လောင်းကစားရုံအား နံနက် ၀၉ နာရီ မှ ည ၁၀ နာရီထိ ဖွင့်လှစ်ထားရှိပြီး ကျောင်းသား/သူ များ နေ့စဉ်နှင့်အမျှ ဝင်ရောက်ကစားနေကြသဖြင့် မိဘများမှာ စိတ်ဆင်းရဲနေကြရပါသည်၊ အဆိုပါလောင်း ကစားရုံတွင် မူးယစ်ဆေးဝါးရောင်းချသူများမှလည်း ကျက်စားကျင် လည်နေကြပြီး လူငယ်အများစုမှာ မူးယစ်ဆေးစွဲနေကြပါသည်၊ လောင်းကစားရုံအား တရုတ်နိုင်ငံမှ တရုတ်နိုင်ငံ သားများမှ လာရောက်ဖွင့်လှစ်သည်ဟု သိရှိရပါသည်၊ ယခင်က လောင်းကစား စီမံချက်အရ ဆိုင်များ ပိတ်သိမ်းခဲ့ ပါသည်၊ အစိုးရ၏ လောင်းကစားစီမံချက်သည် အကန့်သတ်ဖြင့် လုပ်ဆောင်နေသလား ကျိုင်းတုံ မိဘများမှ သမ္မတကြီးအား မေးမြန်းချင်နေကြကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ကျိုင်းတုံမြို့နေ ဒေသခံကျောင်းသား/သူ ၊ လူငယ်/လူရွယ်များ ကယ်တင် မိဘပြည်သူများမှ လိုအပ်လျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်၊


မိဘပြည်သူများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates