လားရှိုးမြို့ ရပ်ကွက်(၈) တရုတ်လူမျိုး မောင်မောင်နိုင် ၏အောင်သီတာဆီစက်မှ အနံ့ဆိုး များထွက်ပေါ်နေ



သျှမ်းသံတော်ဆင့်မှတဆင့် သိစေလို

လားရှိုးမြို့၊ ရပ်ကွက်(၈) ရှိ တရုတ်လူမျိုး မောင်မောင်နိုင် ၏ အောင်သီတာဆီစက်မှ အနံ့ဆိုး ထွက်ပေါ်နေမှုအပေါ် ဖြေရှင်း ပေးရန် အတွက် ရပ်ကွက် နေပြည်သူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ၂၀.၇.၂၀၁၂ နေ့က တိုင်ကြားစာ ပေးပို့ထားသည်။ လွန်ခဲ့သော တစ်လ ခန့်မှစ၍ အောင်သီတာ ဆီစက်မှ ဓါတုဆေးဝါးတစ်မျိုး ရောစပ်အသုံးပြုရာမှ ထွက်ပေါ်လာသည့် အနံ့ဆိုး ကြောင့် အနီးပတ်ဝန်းကျင်နေထိုင်သူများ မူးဝေအော့အန် ၊ အသက်ရှုကြပ်ခြင်း စသည့် ဝေဒနာများ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသနေရသူများလည်း များပြားလာပါသည်။ ၎င်းကိစ္စအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး မှ အမှန်တရားကို ဖော်ထုတ်မည်လော သို့မဟုတ် ဆီစက်ပိုင်ရှင် တရုတ် မောင်မောင်နိုင် ကို အကာကွယ်ပေးဆောင်ရွက် မည်လော ဟူသည်ကို မြို့ခံများကစောင့်ကြည့်နေပါသည်။ အကယ်၍ မြို့နယ် အုပ်ချုပ်ရေးမှူး က ဆောင်ရွက်မပေးပါက နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံ ဆက်လက်တင်ပြ ရန်စီစဉ်နေကြသည်ကို သျှမ်းသံတော်ဆင့်မှတဆင့် သိရှိစေလိုပါသည်။

မြို့နေလူထုကိုယ်စား
လားရှိုးသားလေး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates