ဗန်းမော်ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုသေဆုံးသူများ၏ ဆွေမျိုးများ မကျေနပ်



ဧရာဝတီမြစ်ကြောင်းအတွင်း ဗန်းမော်နှင့် ကသာမြို့အကြား လိုင်းပြေးဆွဲနေသည့် ရှပ်ပြေးရေယာဉ် ယခုလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်က ဗန်းမော်ဆိပ်ကမ်း၌ နစ်မြုပ်ခဲ့သည့် ဖြစ်ရပ်တွင် ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်း ထိရောက် စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အပေါ် ကျန်ရစ်သူ မိသားစုများက မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

ship
၎င်းအခင်းဖြစ်ပွားသည့်နေ့က အသက်ရှင်နေသူ ရ၄ ဦးနှင့် သေဆုံးသူ တစ်ဦးအား ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး ယမန်နေ့က ရုပ်အလောင်း ၅ လောင်း ထပ်မံဆယ်ယူခဲ့သဖြင့် လက်ရှိပျောက်ဆုံးသူ ကလေးအပါအဝင် ၂၀ ခန့် ကျန်ရှိဦးမည်ဟု ဗန်းမော်ဒေသခံတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

ပျောက်ဆုံးနေသူ အများစုမှာ ရွှေကူနှင့်ကသာ ဒေသခံများဖြစ်ပြီး ရေနစ်ပျောက်ဆုံးနေသူများအား ဦးစားပေး ရှာဖွေရန် ၄င်းတို့၏ မိသားစု ၀င်များက လိုလားနေသော်လည်း ရှပ်ပြေးရေယာဉ်အဖွဲ့မှ ရေယာဉ်ပြန်လည်ရရှိရေး ဦးစားပေးရှာဖွေနေ သဖြင့် မကျေမနပ်ဖြစ်ကာ ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။

“ဒီဒေသခံ ကချင်နဲ့ရှမ်းအဖွဲ့တွေကလည်း ကယ်ဆယ်ရေးမှာ ကူညီဖို့သွားပြောတာပေါ့နော်၊ အဲဒါရှပ်ပြေးရေယာဉ်လှိုင်း အဖွဲ့ကလက်မခံဘူး၊ သူတို့ဟာသူတို့ပဲ သီးသန့်ရှာဖွေနေတာပေါ့ ဒီဘက်က ရုပ်အလောင်းတွေ အမြန်ဆုံးပြန်ရချင်နေကြတယ်၊ ရှပ်ပြေးပိုင်ရှင်တွေက သူတို့ ရေ ယာဉ် ပြန်တွေ့ဖို့ပဲလုပ်နေတာ၊ ကယ်ဆယ်ရေးအတွက် ဘာမှလေ့ကျင့်ထားတာလည်းမရှိဘူး၊ ကြုံသလိုလုပ်နေကြတာ မနေ့ကတော့ ကသာ က ရေငုတ်အဖွဲ့တစ်ဖွဲ့ကိုငှားတယ်၊ မိသားစုဝင်တွေက ငိုယိုကြ၊ ရန်တွေ့ကြပေါ့နော် တချို့ကဆန္ဒပြမဲ့အထိအောင် ဖြစ်နေကြတယ်” ဟု ရေနစ် မြုပ်ပျောက်ဆုံးသွားသော မိသားစုဝင်တစ်ဦးက ဆိုသည်။

နစ်မြုပ်သွားသော ရှပ်ပြေးရေယာဉ် အမည်မှာ မြနှင်းအောင် (၁) ဖြစ်ပြီး ပိုင်ရှင်မှာ ဦးဇော်ဝိတ်ဖြစ်ကြောင်း သိရသည်။

ရေနစ်မြုတ်သွားသော ရှပ်ပြေးရေယာဉ်ပေါ်တွင် အနည်းဆုံး လူ ၁၀၀ ကျော်ခန့် လိုက်ပါပြီး ဆိုင်ကယ်အစီး ၃၀ ကျော်၊ ဘိလပ်မြေအိတ်များ နှင့် ပစ္စည်းမျိုးစုံ ပါဝင်ဆုံးရှုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေ့ နံနက်က မိုးသည်းထန်စွာရွာသွန်နေပြီး ရှပ်ပြေးရေယာဉ် ဦးကြိုး၊ ပဲ့ကြိုးများဖြုတ်၍ ကမ်းပါးမှ စတင်ထွက်ခွာရန် လုပ်ဆောင်နေစဉ် စက်ချွတ်ယွင်းသွားပြီး ရ စီးခန့်ထပ်၍ ဆိုက်ကပ် ထားသော ရှပ်ပြေးရေယာဉ်များ အောက်သို့ မြစ်ရေအဟုန်ဖြင့် လှိမ့်ဝင် သွားကာ ယခုကဲ့သို့ လူသေဆုံးမှု များပြားရခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပျောက်ဆုံးနေသူများ အထဲတွင် ဗန်းမော်မြို့ ကျောင်းပေါင်းစုံလက်ရွေးစဉ် ဘော်လုံးအသင်းမှ ဘော်လုံးသမား ၅ ဦးနှင့် နည်းပြဆရာ တစ်ဦးပါဝင်ကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates