သျှမ်းစာပေညီလာခံအမြန်ဆုံးလုပ်ရန် ဗဟိုသျှမ်းစာ/ယဉ်အား သျှမ်း(မြောက်)ပညာရှင်များတိုက်တွန်း
အရေးမှန် အဖတ်မှန်သည့် သျှမ်းစာပေမူသစ်အား ကျောင်းချိန်အတွင်းသင်ကြားနိုင်ရေးအတွက် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ အမြန်ဆုံးအစည်းဝေးခေါ်ပေးပါရန် သျှမ်းပြည်မြောက်ပိုင်း ၁၅ မြို့နယ်မှ သျှမ်းစာပေပညာရှင်များ က တိုက်တွန်းလိုက်ပါတယ်။
အဖွဲ့တဖွဲ့မှ သျှမ်းဘာသာသို့ ဘာသာပြန်ထားသော မြန်မာသင်ပုန်းကြီး သင်ရိုးညွှန်းတမ်း(နမူနာ) ဂျူလိုင် ၁၂ နှင့် ၁၃ ရက် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကျား ၅ ကောင် ဆေးတိုက်၌ နှစ်ရက်တာ သျှမ်းစာပေဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့၏၊ အစည်းအဝေး၌ သျှမ်းပြည်မြောက်ပိုင်း ၁၅ မြို့နယ်မှ သျှမ်းစာပေယဉ်ကျေးမှုကော်မတီဝင်များ၊ ပညာရှင်များ၊ သျှမ်းစာပေ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများ၊ စိတ်ဝင်စားသူ လူငယ်မောင်မယ်များ စုစုပေါင်း ၈၆ ယောက် တက်ရောက်ကြ၏။ အစည်းအဝေး၌ အနာဂတ် သျှမ်းစာပေသင်ကြားရေးအတွက် ဆုံးဖြတ် ချက် ၉ ချက် ချမှတ်ပြီး ဗဟိုသျှမ်းစာပေယဉ်ကျေးမှု တောင်ကြီး သို့ ပေးပို့ထားသည်ဟု ကျောက်မဲမြို့မှ စိုင်းပီးက ဤကဲ့သို့ပြောပြပါသည်။
အဖွဲ့တဖွဲ့မှ သျှမ်းဘာသာသို့ ဘာသာပြန်ထားသော မြန်မာသင်ပုန်းကြီး သင်ရိုးညွှန်းတမ်း(နမူနာ) ကျောက်မဲမြို့ ဆုံးဖြတ်ချက်တွင် - ရေးဖတ်တိကျမှန်ကန်သည့် သျှမ်းစာ မူသစ်အား အစိုးရကျောင်း၌ သင်ရိုး ညွှန်းတမ်းအဖြစ်သတ်မှတ်ရန်၊ အစိုးရနှင့်ချိတ်ဆက်အလုပ်လုပ်နိုင်ရန်အတွက် ဗဟိုသျှမ်းစာပေယဉ်မှုကော် မတီဖွဲ့စည်းပေးရန်၊ သျှမ်းစာသင်ရိုးညွန်းတမ်းရေးစွဲရာတွင် ကျွမ်းကျင်ပညာရှင်များဖိတ်ခေါ်ပါဝင်ရန်၊ သျှမ်း စာ သင်ရိုးညွှန်းတမ်းသတ်မှတ်ရာ၌ သျှမ်းစာ (ဥပမာ - တောင်ကြီးသျှမ်းစာ၊ ဂုံသျှမ်းစာ၊ လိသျှမ်းစာ) များ ထပ်မံ၍မခွဲခြားရေးအတွက် တာဝန်ရှိများ ဆိုင်ရာတို့ ဆက်လက်တင်ပြသွားရန်၊ မြန်မာစာသင်ရိုးညွှန်းတမ်း မှ ဘာသာပြန်ယူပြီး သျှမ်းလူမျိုးတို့အတွက် သင်ရိုးကုန်အဖြစ်လက်မခံ၊ မြန်မာ့အလင်းသတင်းစာ၌ သတင်း ပို့ခဲ့သည့်အတိုင်း တိုင်းရင်းသားစာပေအား ကျောင်းချိန်ပြင်ပသင်ကြားရေးဟူသည်မှာ လုံးဝမဖြစ်သင့်၊ တိုင်းရင်းသားများအတွက် တိုင်းရင်းသားဘာသာကပင် အဓိကဘာသာအဖြစ် ကျောင်းချိန်အတွင်း သင်ကြား နိုင်ရန် ဆိုင်ရာတာဝန်ရှိ များအား တိုက်တွန်းသွားရန်၊ တိုင်းရင်းသားဘာသာစာပေများအား အစိုးရကျောင်း တွင် သာမက မည်သည့် နေရာ၌မဆို ဟန့်တားမှုမရှိဘဲ လွတ်လွတ်လပ်လပ် သင်ကြားခွင့်ပေးရေး ဆိုင်ရာ တာဝန်ရှိများအား တိုက်တွန်းသွားရန်၊ နာမည်မပါသေးသည့်တခြား တိုင်းရင်းသားများ၏ ဘာသာ စာပေများလည်း ကျောင်း ချိန်အတွင်း သင်ကြားနိုင်ရန် ဆက်လက် တိုက်တွန်းသွားရန် နှင့် တနိုင်ငံလုံးမှ သျှမ်းများ လက်ခံနိုင် သည့် သင်ရိုးညွှန်းတမ်းရေးဆွဲ နိုင်ရေးအတွက် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုကော်မတီမှဦးစီး၍ ညီလာခံတရပ် ကျင်းပရန် စသဖြင့်ပါရှိပါသည်။
အဖွဲ့တဖွဲ့မှ သျှမ်းဘာသာသို့ ဘာသာပြန်ထားသော မြန်မာသင်ပုန်းကြီး သင်ရိုးညွှန်းတမ်း(နမူနာ) ဂျွန် ၁၅ ရက်ကပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးဆင့်ခေါ်ရာ မြန်မာဘာသာကို ရုံးသုံး ဘာသာစကား အဖြစ်လည်းကောင်း၊ အင်္ဂလိပ်ဘာသာကို နိုင်ငံတကာသုံးဘာသာစကား အဖြစ်လည်းကောင်း သတ်မှတ်ပြီး မူလတန်းအဆင့်ကတည်းက စတင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဘာသာကိုမူ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထား ကြောင်း၊ သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံ ပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းစာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲကာ ၂ လ အတွင်းအပြီးပြုစု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်းပညာရေးဝန်ကြီး ကပြောသည် ဟု မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ တိုင်းရင်းသားဘာသာကိုသင်ပြပေးမည့် ဆရာ၊ ဆရာမများ ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Tags: Culture, News

