ပြည်သူ့ ဘဏ္ဍာငွေအား ကိုယ်ကျိုးအတွက် အလွှဲသုံးစားပြုလုပ်နေသော မထသနှင့်ယာဉ်ကြီးအသင်းအား စုံစမ်းအရေးယူပေးပါ
သို့ -သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် သျှမ်းသံတော်ဆင့်
သျှမ်း(ရှေ့)၊ ကျိုင်းတုံတွင် မော်တော်ယဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီနှင့် ယာဉ်ကြီးအသင်းတို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ စီမံအုပ်ချုပ်လျှက်ရှိပါသည်။
မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီသည် ကျိုင်းတုံမှ တောင်ကြီး-တာချီလိတ်-မိုင်းခတ် - မိုင်းယန်း-မိုင်းပျင်း- မိုင်းလားမြို့နယ်များသို့ ထွက်ခွာသည့် (၁၀) ဘီးယာဉ် တစ်စီးလျှင် ၃၅၀၀ ကျပ်၊ (၆) ဘီးယာဉ် တစ်စီးလျှင် ၃၀၀၀ ကျပ် ၊ ယာဉ်ငယ်တစ်စီးလျှင် ၂၅၀၀ ကျပ် ကောက်ခံလျှက်ရှိပါသည်။ ကျိုင်းတုံမြို့သည် တစ်ရက်လျှင် ယာဉ်စီးရေ (၁၀၀) မှ (၉၀) စီးခန့် ပျှမ်းမျှထွက်ရှိလျှက်ရှိရာ မော်တော်ယဉ် လိုင်းပေါင်းစုံထိန်း သိမ်း ရေး ကော်မတီသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ယာဉ်စာရင်း များပေးပို့တင်ပြရာတွင် ယာဉ်ကြီးစာရင်း များပေး ပို့ တင်ပြခြင်းမရှိဘဲ ယာဉ်ငယ်စာရင်းများသာ တစ်ရက်လျှင် (၂၀) စီးခန့်သာပေးပို့တင်ပြလျှက်ရှိသည်။
တင်ပြသောယာဉ်များမှ ရရှိသောဝင်ငွေများအား မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်အပ်နှံထားရှိကြောင်း၊ ဝင်ငွေ/ထွက်ငွေ စာရင်းအား ဥက္ကဌဖြစ်သူ ဦးစိန်လှိုင် နှင့် စာရေးမဖြစ်သူ ဒေါ်ကုလားမ ဆိုသူ နှစ်ဦးသာ ညှိနှိုင်း လုပ်ကိုင်လျှက်ရှိသည်။ ဦးစိန်လှိုင်သည် စာရင်းတင်ပြရရှိသော ဝင်ငွေများအား ဝန်ထမ်းများ လစာပေးခြင်းနှင့် မြို့သာယာလှပရေးအတွက် အသုံးပြုသည်ဟုဆိုကာ စာရင်းဖျောက်ထားသည့် ဝင်ငွေများကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး များကို တံစိုးလာဒ်ငွေများပေးခြင်း ကိုယ်ကျိုးအတွက် အသုံးပြုခြင်းများသာသုံးသဖြင့် ကျိကျိ တက်ချမ်းသာလျှက်ရှိ၏။ ၎င်းတွင်ကျိုင်းတုံမြို့၊ ဝေါ်ခုတ်ရပ်ရှိ တိုးချဲ့မြို့သစ်တွင် သိန်း (၁) ထောင်တန် နေအိမ် (၁) လုံး၊ တက်နေဝန်းမော်တော်ယာဉ်လိုင်းတွင် မော်တော်ယာဉ်ကြီး (၁) စီးဖြင့် ရှယ်ယာပါဝင် လုပ်ဆောင်လျှက်ရှိပြီး ၊ နောင်တုံကန်ပတ်လမ်းတွင်လည်း မိမိ၏ အငယ်နှောင်းဖြစ်သူ ဒေါ်မီးမီး ဆိုသူအားလည်း ကာရာအိုကေ ဆိုင်ဖွင့် လှစ်ပေးထား၏။ ၎င်းစာရေးဝန်ထမ်းများကလည်း မြို့ဝင်/ထွက် များသို့ သွားရောက်ပြီး ယာဉ်ထွက်ခွာ ခွင့်လက် မှတ်များ စစ်ဆေးသည်ဟု ဆိုကာ မော်တော်ယာဉ်များထံမှ လာဒ်ငွေများ တောင်းခံလျှက်ရှိပါသည်။
သျှမ်း (ရှေ့) ကျိုင်းတုံတွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ ယာဉ်ကြီးအသင်း ဥက္ကဌအားမော်တော်ယဉ် လိုင်းပေါင်း စုံထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ဦးသိန်းထိုက် (မွတ်စလင်ကုလား)၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်တင့် (မွတ်စလင်ကုလား) တို့ နှစ်ဦးတည်းဖြင့် ဖွဲ့စည်းကာ ယာဉ်ကြီး တစ်စီးလျှင် မြို့ဝင် ၃၀၀၀ ကျပ် ထွက် ၃၀၀၀ ကျပ် ကောက်ခံလျှက်ရှိပါသည်။ ယာဉ်ကြီး တစ်စီးလျှင် ကုန်များပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မော်တော်ယဉ် လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ ၃၅၀၀ ကျပ် ၊ ယာဉ်ကြီးအသင်းမှ ၃၀၀၀ ကျပ် ကောက်ခံလျှက်ရှိသဖြင့် ယာဉ်ပိုင်ရှင်များမှာ ကုန်ကျ စရိတ်များပြား လျှက်ရှိပါသည်။
အသင်းဖွဲ့တစ်ခုအား ဥက္ကဌနှင့် အတွင်းရေးမှူးနှစ်ဦးသာ ဖွဲ့စည်း ငွေကောက်နေပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပို့ဆက် (ဦးစီးမှူး)တို့အား တံစိုးလာဒ်ငွေပေးခြင်းနှင့် ကိုယ်ကျိုးအတွက် အသုံးပြုခြင်းများ ဆောင်ရွက်လျှက်ရှိသည့် အပြင် ကျိုင်းတုံမြို့ရှိ အစ္စလာမ်လူငယ် အသင်းအား လစဉ်အလှူငွေများ ထောက်ပံ့နေသည်ဟုလည်းကြားသိရသည်။ ဒီမိုကရေစီနိုင်ငံဟူသည်မှာ အုပ်ချုပ်သူ အာဏာပိုင်များနှင့် ပူးပေါင်းကာ ပြည်သူလူ့ထုထံမှ ကောက်ခံရရှိသော ငွေများဖြင့် ကိုယ်ကျိုး၊ ဘာသာအကျိုးအတွက် အသုံးပြုသောနိုင်ငံလော။ ကျနော်တို့ ယာဉ်ပိုင်ရှင်များမှ မေးမြန်းပြောဆိုလျှက်ရှိပါသည်။ ပြည်သူ့ ဘဏ္ဍာငွေများအား ကိုယ်ကျိုးအတွက် အလွှဲသုံးစားပြုလုပ်နေသော မထသနှင့် ယာဉ်ကြီးအသင်းအား စုံစမ်းအရေးယူ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။
ကျိုင်းတုံမြို့မှယာဉ်ပိုင်ရှင်များ
Tags: Letter to Editor

