ဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်
အယ်ဒီတာခင်ဗျား
ကျနော်တို့ တာချီလိတ်မှာ လောင်းကစားဂိမ်းခုံများ နေရာတိုင်းတွင် ဖွင့်လှစ်ဆော့ကစားနေကြပါတယ်။ ဒါကို နိုင်ငံတော်အကြီးအကဲများမှ လောင်းကစားပပျောက်ရေးအတွက် လောင်းကစားခုံများအား ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်စေခဲ့ရာ တာချီလိတ်မြို့နှင့် ၁၅ မိုင်ခန့်ဝေးသည့် ရွာမှ လောင်းကစားခုံများကို ဖမ်းဆီးလာပါသည်။ မြို့ပေါ်မှ
လောင်းကစားခုံတွေမရှိလို့လား။ ဒါမှမဟုတ် လောင်းကစားဝိုင်းတွေက သူတို့တွေကိုပိုက်ဆံပေးထား လို့လား။ နောက်ပြီးတကယ်လောင်းကစားဝိုင်းကြီးတွေမဖမ်းဘဲသေးငယ်တဲ့ တစ်ပိုင်တစ်နိုင်ခုံဟောင်း၊ ခုံပျက်တွေကိုဘဲဖမ်းဆီးတာ လူကြီးတွေအကြိုက်လား။ မြို့ပေါ်မှာ နိုင်ငံမှာတကယ်လောင်းကစားမှုပပျောက်စေချင်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်
လောင်းကစားခုံအားလုံးကို ဖမ်းဆီးရမှာ မဟုတ်ပါလားခင်ဗျား။
လောင်းကစားကင်းစင်ချင်သူ
Tags: Letter to Editor

