နမ့်ခမ်း အထကခွဲမှ အကြင်နာတရားကင်းမဲ့သောကျောင်းအုပ်ပြောင်းရွှေ့ပေးစေချင်
သို့- သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် ပညာရေးဝန်ကြီးဌာန သိစေရန်
နမ့်ခမ်းမြို့ အထကကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးမှာ ကျောင်းဆရာ ဆရာမ များအပေါ် အနိုင် ကျင့်နေသည်မှာ အလွန်ဆိုးဝါးနေပါသည်။ ကျောင်းဆရာ ဆရာမများအား ကျွန်သဖွယ်ခိုင်း စေခြင်း ၄င်း၏ ဝေယျာဝစ္စများအား စေခိုင်းခြင်းအပြင် မကြားဝံ့သော စကားများဖြင့်ပြောဆို ဆွဲဆိုခြင်းများ ကြား ရမြင်ရပါသည်။ ကျောင်းဝင်းအတွင်းနေသူ ဆရာ၊ဆရာမများကိုလည်း အိမ်ခန်းခ ကောက်ခံခြင်း အိမ်သာ အသုံးပြုခကောက်ခံခြင်း ၊ ဆိုင်ကယ်ထားခ ကောက်ခံခြင်းများ ပါပြုလုပ်နေသောကြောင့် လစာဖြင့်သာ ရပ်တည်ပြီး ကျုရှင်မပေးရသော ဆရာ ဆရာမများမှာ လွန်စွာဒုက္ခရောက်ရပါသည်။ နယ်ဝေးမှလာကာ တာဝန်ထမ်းဆောင်ရသူများအတွက်ပိုဆိုးနေသဖြင့် ၀န်ထမ်းများ ဒုက္ခရောက် နေ ကြောင်း မကြာခဏ ကြားသိရပါသည်။ ထို့ကြောင့် အဆိုပါကျောင်းအုပ်အားပြောင်းရွှေ့ပေးပါရန် ကျောင်းသားမိဘအနေဖြင့် တိုင်ကြားအပ်ပါသည်။
နမ့်ခမ်းသား
Tags: Letter to Editor

