လယ်မြေသည် တောသူတောင်သားများ၏ အသက်
သျှမ်းသံတော်ဆင့်သတင်းဌာန ခင်ဗျ
သျှမ်းပြည်နယ် မူဆယ်မြို့တော်ရွက်ကျေးရွာနှင့်ဟိုဆောင်ကျေးရွာဒေသတစ်ဝိုက်ရှိ လယ်ယာမြေများ အား နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္မဏီမှ မိမိတို့ပိုင်ဆိုင်သောလယ်ယာမြေများအား စီမံကိန်း တွင် ပါဝင်သည်ဟုပြောပြီး ကျားဖြူပါတီလွှတ်တော် ကိုယ်စားလှယ်များနှင့် လာရောက်ပြီး မိမိတို့လယ် မြေ တဧကလျှင် မြန်မာငွေ ၂၄၆ သိန်းဖြင့် လျော်ကြေးပေးပြီးသိမ်းယူနေပါသည်။
၎င်းလယ်မြေများသည် မိမိတို့ ဘိုးဘွားစဉ်ဆက်လက်ထက်ကတည်းက စိုက်ပျိုးစားသောက် လာခြင်း ဖြစ် ပါသည်။ ယခုအခါ ၎င်းလယ်မြေအား မိမိတို့ ဆုံးရှုံးသွားပါက နောင်တွင်မည်ကဲ့သို့စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရမည်ကို မသိတော့ပဲ အခက်အခဲများစွာတွေ့ကြုံရမည်ဖြစ်ပါသည်။ အဆိုပါလယ်မြေများသည် မိမိတို့တောသူ တောင်သားများ အတွက် အသက်ဖြစ်ပါသည်။ ထိုအတွက်ကြောင့် နိုင်ငံတော်အကြီးအကဲများ သိရှိဖြေရှင်းပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် လေးစားစွာဖြင့်တင်ပြအပ်ပါသည်။
တော်ရွက်ကျေးရွာနှင့်ဟိုဆောင်ကျေးရွာ ရွာသူရွာသားများ
Tags: Letter to Editor

