အမေရိကန်-တရုတ် Power အားပြိုင်မှုကြားက K.I.A နှင့် မြန်မာ့တပ်မတော်’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးစာကို ဆန်းစစ်ဝေဖန် သုံးသပ်ချက်
အမေရိကန် - တရုတ် ပါဝါအားပြိုင်မှုကြားက KIA နှင့် မြန်မာတပ်မတော် ပတ်သက်ပြီး ဝေဖန်သုံးသပ်သည့် ဆောင်းပါးဘဲဖြစ်ပါသည်။ သျှမ်းသံတော်ဆင့်၏ အမြင်သဘောထား၊ အာဘော်မဟုတ်ပါ။
သတိထားမိတဲ့ အချက်တစ်ခုက ဖိုးစနေ ဆိုတဲ့ စာရေးသူဟာ အရင် “လိုင်ဇာမြို့သိမ်းစီမံချက်ဟာ အတုအယောင်
ကောလဟလ ဆိုပြီး” ရေးသားခဲ့သူ “မိုးမင်းကြီးသား” ဆိုသူ ရဲ့ အာဘော်နဲ့ တစ်ထေရာတည်းပါပဲ။ သူရဲ့ဆောင်းပါး တွေ ထဲမှာ စစ်ရေးအကဲခတ်တွေ၊ K.I.A အရာရှိတွေဆို ပြီး ထင်ရောင်ထင်မှားဖြစ်စေတဲ့ ရေးသားချက်တွေ တွေ့ရ ပါတယ်။ အမှန်တစ်ကယ် စစ်ရေးအကဲခတ် တွေ၊ ဗကပ ဟောင်းတွေ မှတ်ချက်ပေးတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေရဲ့ နာမည် နဲ့ တိတိကျကျရေးသားဖော်ပြရမည့်အစား စစ်ရေးအကဲခတ်တွေ၊ ဘာတွေညာတွေဆိုပြီး ပြီးစလွယ်တာဝန်မဲ့ စွာ ဖော်ပြ ရေးသားမှု တွေကိုတွေ့ရှိရပြီး ဖိုးစနေ ဆိုသူနှင့် “မိုးမင်းကြီးသား” ဆိုသူမှာ တစ်ဦးတည်းသာဖြစ်နိုင်ပြီး အစိုးရဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း မိဘပြည်သူအပေါင်းတို့အား သတိချပ်စေလိုပါသည်။
(ယခုရေးသားချက်၌ ဗကပ ဟောင်း၊ စစ်ရေးအကဲခတ်များ ဆိုပြီး တာဝန်မဲ့ရေးသားဖော်ပြမှုကိုတွေ့ရ)
အမှန်တော့ အဲဒီစာက အစိုးရအာဘော်သက်သက်၊ ၀ါဒဖြန့် စာဆိုတာ နိုင်ငံရေး၊ စစ်ရေး အမြင်ရှိတဲ့သူတွေဖတ်ကြည့် တာနဲ့သိနိုင်ကြမှာပါ။ ဒီစာကို ရေးတဲ့ အစိုးရဘက်တော်သား ဖိုးစနေဆိုသူရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး ၊ စစ်ရေး
အသိအမြင်နည်းပါးတဲ့ ပြည်သူတွေ ကို ထင်ယောင်ထင်မှားဖြစ်အောင်၊ တပ်မတော်ကပဲ ကောင်းသယောင်ယောင်နဲ့
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း(ကေအိုင်အို/ကေအိုင်အေ) ကို မလိမ့်တပတ်နဲ့ လှည့်ဖြား အပုပ်ချတဲ့၊ မြန်မာ့အလင်းသတင်းစာတွေထဲက အာဘော်တွေနဲ့ တစ်ထေရာတည်းဆိုတာ အသိသာကြီးပါ။ကျွန်တော့် ကိုယ် ကျွန်တော် မိတ်ဆက်ချင်ပါတယ်။ ကျွန်တော်က လွန်ခဲ့တဲ့ ၉ လ လောက်ကစပြီး K.I.O/K.I.A ဌာနချုပ်ကိုသွား ပြီး စစ်ရေးသတင်းယူ၊ အကဲခတ်နေသူတစ်ယောက်ပါ။(ယခုတိုင်လိုင်ဇာမှာ) ကျွန်တော့်အနေနဲ့ဒီစာကို ရေးရတဲ့အ ကြောင်းရင်းကတော့ ဖိုးစနေ ရေးသားပေးပို့ထားတဲ့ စာပါအချက်အလက်တွေဟာ၊ ကျွန်တော်လက်တွေ့ လေ့လာ
အကဲခတ်သိရှိထားတာနဲ့ လုံးဝကို ကွဲလွဲနေ၍၊ ပြည်သူများ အထင်မမှားရအောင် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။
ကွဲလွဲချက်များကို မူရင်းအချက်များနှင့် ယှဉ်တွဲ၍ အောက်တွင် ဖော်ပြပါမည်။
(I) နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့ တွေ ၂၀၁၂၊ မတ်(၈)ရက် နေ့မှ (၁၀)ရက်နေ့ထိ တရုတ်နိုင်ငံ ရွှေလီမှာ (၃)ရက်ကြာ
တွေ့ဆုံပြီး ဘာလို့အဖြေမရ၊ လက်မှတ်မထိုးနိုင်ရတာလဲ?
အဲဒီအရင်ကလည်းအကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ဘာလို့ လက်မှတ် မထိုးနိုင်ရတာလ?။
အဖြေကရှင်းရှင်းလေးပါ….
(၁) အစိုးရကိုယ်စားလှယ်တွေဘက်က ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့် ဘာမှမရှိပဲ၊ အထက်ကို တင်ပြပေးမယ်ဆိုတာတွေနဲ့
(၂) နှစ်ဘက်တွေ့ဆုံဆွေးနွေးတာကို အခွင့်ကောင်းယူပြီး တပ်အင်အားမဆုတ်တဲ့အပြင် လူအင်အား၊
လက်နက်ခဲယမ်းတွေကို ပိုပိုတိုးပြီး ကေအိုင်အေ နယ်မြေထဲကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ အချက်
(၃) ကေအိုင်အို က နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုပုံစံနဲ့ ဆွေးနွေးမှာလဲလို့ မေးတော့ ဘာမှမဖြေတတ်ဝေ့ လည် ကြောင်ပတ်နဲ့ ငြိမ်းချမ်းရေး လက်မှတ်အရင်ထိုးရအောင်တဲ့…….အဲမှာပဲကြည့်တော့….စစ်အစိုးရ ကိုယ်စားလှယ် တွေက လက်မှတ်ထိုးပြပြီး နိုင်ငံတကာကို လှည့်စားဖို့၊ (အနောက်နိုင်ငံတွေစီးပွားရေး ပိတ်ဆို့ထားတာတွေကို ရုပ် သိမ်း အောင်လို့)နိုင်ငံတကာအလယ် မျက်နှာပန်းလှ ဖို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး ခြင်း ဆိုတဲ့ဟာကို အသုံးချနေ တယ်ဆိုတာ ယုံမှားသံသယရှိစရာတောင်မလိုဘူး။ (ရှမ်းမှာကြည့်ရင် သိနိုင်ပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေးလက်မှတ်ထိုး တယ်၊ နောက်နေ့မှာအစိုးရတပ်က စခန်းတက်သိမ်းတယ်တဲ့) အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ ကတိစကားတွေကို ဘယ်လောက်ထိ ယုံလို့ရမလဲ၊ဘယ်လောက်ထိ အာမခံချက်ပေးနိုင်မလဲ၊ စဉ်းစားကြည့်ကြပါဦး။ အရေးကြီးဆုံး အချက်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲကိုဘယ်လိုပုံစံ နဲ့ ဆွေးနွေးမယ်ဆိုတာတောင် မပြင်ဆင်ရသေးပဲနဲ့ လက်မှတ်ပဲ ဇွတ်ထိုးချင်နေရင်တော့ နောက်တစ်ခါ ဆွေးနွေးပွဲကျရင် အစိုးရကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ထမီဝတ်ပြီး လာရင်တော့ K.I.O ကိုယ်စားလှယ်တွေလည်းလက်မှတ်ထိုးပေးလောက်မယ်လို့ ယူဆပါတယ်။
ဒီအချက်ကိုတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေ…
(II) ဒေသခံပြည်သူတွေနဲ့ အောက်ခြေမှာရှိတဲ့ K.I.A တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးရရှိရန် ဆန္ဒပြင်းပြတောင်းဆိုလို့ ခေါင်းဆောင်ပိုင်းမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်တဲ့’’
ဒါကကော ဖြစ်နိုင်မလား? စဉ်းစားကြည့်ရအောင်။ ကချင်ပြည်သူ တစ်မျိုးသားလုံးက K.I.O/K.I.A ရဲ့ ဦးဆောင်လမ်း ညွှန်မှုအောက်မှာ အားရကျေနပ်ကြတယ်။ K.I.O/ K.I.A ကို အပြည့်အဝ ထောက်ခံအားပေးကြတယ်။ တော်လှန်ရေး
ကာလအလျောက် တော်လှန်ရေးနယ်မြေမှာရှိတဲ့ ပြည်သူတွေအားလုံး ကိုယ့်အသိနဲ့ကိုယ် မျိုးချစ်စိတ်ဓါတ် အပြည့်နဲ့
တစ်အိမ်တစ်ယောက် တာဝန်ထမ်းဆောင်ကြတယ်၊ တစ်ချို့ဆိုရင် တစ်အိမ်ထဲကနေ လေး၊ ငါးယောက်တောင် မှ
တာဝန်ထမ်းဆောင်ကြတယ်။ အစိုးရစစ်တပ်တွေလိုမျိုး အတင်းအဓမ္မ မတရားဖမ်းဆီး စုဆောင်းစရာမလိုပါဘူး ။ ပြီးတော့တိုင်းရင်းသား အဖွဲ့စည်း အများစုကလည်း K.I.O/ K.I.A က ငါးတစ်ပိုင်း၊ ဖားတစ်ပိုင်း သိန်းစိန် အစိုးရကို ဘယ်လိုဆက်ပြီးဖိအားပေးမလဲဆို တာ မျှော်လင့်ချက်တွေနဲ့ ထောက်ခံအားပေးနေကြတယ်။ ဒါကြောင့် K.I.O ခေါင်းဆောင်ပိုင်းမှာအကြပ်အတည်း တွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာ ယုတ္တိမတန်နဲ့ ရေးသားချက်တွေလို့ မှတ်ယူနိုင်ပါတယ်။
(III) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကေအိုင်အိုရဲ့ တောင်းဆိုချက်တွေကို မြန်မာအစိုးရမှ လိုက်လျောမှုတွေပြုလုပ် ပေးခဲ့ ပေမယ့်’’ လို့ ဖိုးစနေ ရဲ့ ရေးသားချက်အရ………………
ဘယ်အရာတွေကို လိုက်လျောမှုတွေ လုပ်ခဲ့သလဲ၊ ဘယ်အချက်တွေကို လိုက်လျောခဲ့လို့လဲ…… K.I.A နယ်မြေထဲက
တပ်တွေ ဆုတ်ပေးပါလို့ ပြောတာကို တပ်မတွေ အလုံးရင်းနဲ့ ထပ်ပြီးတိုးချဲ့နေရာယူနေတဲ့….. ဟာတွေကို
လိုက်လျောမှုတွေလို့ မှတ်ယူရမလိုလို….ထားလိုက်ပါတော့
နောက်တစ်ချက် က
(IV) အစိုးရက တပ်ရင်းပေါင်း(၃၀)ကျော်နဲ့ ဝိုင်းပတ်တိုက်ခိုက်မှုကြောင့် K.I.A က စစ်ရေးအကြပ်တည်း ဖြစ်ပေါ်နေ တယ်…..ဆိုတဲ့ အချက်……… မောင်ဖိုးစနေရေးတဲ့ အချက်တွေထဲ ဒီအချက်က အရယ်ရဆုံးပဲ….
ဘယ့်နှယ်ဗျာ တပ်ရင်း (၃၀) လေးနဲ့ K.I.A က အကြပ်တည်း ဖြစ်ပါ့မလား မောင်ဖိုးစနေရေ…. ကြည့်လည်းလုပ်ပါ အုံး ….. ပြောတော့ စစ်ရေးအကဲခတ်တဲ့…. ဟုတ်လည်းဟုတ်မှာပေါ့ အစိုးရစစ်တပ်တစ်ခုတည်းရဲ့ စစ်ရေးအကဲခတ် ဆိုရင်တော့….. တစ်ကယ့် စစ်ရေးအကဲခတ် တစ်ဦးဆိုရင်တော့ ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့အစိုးရ တပ်ရင်း ပေါင်း ဘယ်လောက်ဆိုတာ လုံးဝ သိရမှာပေါ့။ မောင်ဖိုးစနေပြောတဲ့ တပ်ရင်း(၃၀)ဆိုတာ အစိုးရစစ်သား ကျဆုံးစာ ရင်းတပ်ရင်းပေါင်း(၃၀)ပြုတ်တယ်လို့ ဆိုလိုတာနေမှာ။ အမှန်တော့ လက်ရှိ ကချင်ပြည်နယ်နဲ့ တပ်မဟာ(၄) ဒေသတွေမှာအစိုးရစစ်တပ်အင်အား တပ်ရင်း (၁၀၀) ကျော်နဲ့ K.I.A ကို ထိုးစစ်ဆင်နေရတာ။ ကျွန်တော့် အမြင်အရ ဒါတောင်မှ K.I.A ကအကြပ်တည်းဖြစ်ဖို့ နေနေသာသာဗျာ အစိုးရစစ်တပ်ကို သနားတယ်ဆိုတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။တပ်ရင်းပေါင်း(၁၀၀)ကျော်နဲ့ အစိုးရက ထိုးစစ်ဆင်နေတာတောင် K.I.A က မိမိတပ်တွေကို ခုခံကာကွယ်ဖို့ပဲညွှန်ကြားထားတာ၊ လုံးဝထိုးစစ်မဆင်ခိုင်းဘူး။ ဒီအချက်လည်း ဒီလောက်နဲ့ပဲ ထားလိုက် ကြစို့………….
(V) ဒီအချက် ” လက်ရှိအချိန်မှာ မြန်မာ-အမေရိကန် ဆက်ဆံရေး……………………တစ်ဖက်ကလည်း
အနောက်အုပ်စု…..စစ်ရေးအင်အား တည်ဆောက်ခဲ့ တယ်လို့ဆိုပါတယ်……….(အကျဉ်းချုံး) ” ကို ရှင်းပါမယ်။
ဤ အထက်ပါစာပိုဒ်(၂) ပိုဒ်ပါ အချက်အား ကြည့်ခြင်းအားဖြင့် မောင်ဖိုးစနေမှာ အစိုးရဝါဒဖြန့် ရေးသားသူ ဖြစ် ကြောင်း ပို၍ခိုင်မာ စေပါသည်။ အဘယ်ကြောင့် ဆိုသော် K.I.O/K.I.A သည် တရုတ်အစိုးနှင့် သော်လည်းကောင်း၊ C.I.A နှင့်သော်လည်းကောင်း မည်သို့ မျှ ဆက်စပ်မှု မရှိဘဲ မောင်ဖိုးစနေမှ “ ပြည်ပ အားကိုးပုဆိန်ရိုး”ဟူသော အစိုးရဝါဒဖြန့် ဆောင်ပုဒ်နှင့်အညီ သွယ်ဝိုက်၍ အသတ်လွတ် ယိုးမယ်စွတ် လိမ်လည်လှည့်ဖြားရေးသားထားသည်မှာ အတိအလင်းပင်ဖြစ်သည်။ဒါ့အပြင် K.I.O/ K.I.A အား အစိုးရစစ်တပ်မှ အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်နိုင်သည် ဟု တွေးထင်ပြီး၊ မောက်မာကြမ်းကြုတ်သော စိတ်ဖြင့် ကာကွယ်ရေး ဗိုလ်မှူးကြီးများမှ သွေးနထင်တက်ပြီး စတင်ရန်စ တိုက်ခိုက်ခဲ့သည်။ ထို့သော်မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲ ပွဲဦးထွက်၌ပင် တပ်ရင်းလိုက်လိုက် ပြုတ်ပြီးခွေးပြေး၊ ၀က်ပြေး၊ တိရစ္ဆာန်ပြေး၊ ပြေးခဲ့ရပြီး အရှုံးများစွာဖြင့် မရှုမလှ ဖြစ်ခဲ့ရသည့် ဖြစ်ရပ်များအား အရှက်ပြေ အနေဖြင့် K.I.O/ K.I.A အနေဖြင့် တိုင်းတပါးမှ လက်နက်တပ်ဆင်အကူ အညီ ပေး၍ မိမိတို့ တပ်မတော်သားများအနေဖြင့် အထိနာခဲ့ရသည်ဟူသော ထင်ရောင်ထင်မှား အရှက်ပြေ ချောက်ချသည့် ရေးသားချက် များသာဖြစ်ကြောင့်တွေ့ရှိရသည်။
(VI) ဒီလိုအချိန်မှာ တရုတ်-မြန်မာ …………… “၀” နယ်မြေမှာ ထပ်မံပြီး တိုက်ပွဲများ ပြင်းထန်လာမှာ” ဆိုပဲ။
ကျွန်တော် တစ်ခု တွေးမိတယ်… ဒီစာရေးတဲ့ ဖိုးစနေဆိုတဲ့သူ နဲ့ ဟို ဆန္ဒန်ဆင်မင်းဝန်ကြီးဆိုလား၊ နှစ်လုံးပြူးဝန်ကြီး ဆိုလား အဲဒီ ကျော်ဆန်းဆိုတဲ့ လူနဲ့တော့ နင်လားငါလား အပြိုင် ပြည်သူတွေကို လိမ်လည်လှည့်ဖြား၊ မဟုတ်တာကို အဟုတ်ပြော၊ဟုတ်တာကို မဟုတ်လုပ်နဲ့ လိမ်တဲ့ အရည်အချင်းမှာတော့ နှစ်ယောက်စလုံးကို Ph.D ပေးသင့်တယ် ဗျာ……. ကျွန်တော့်အမြင်အရသော်လည်းကောင်း၊ K.I.O/ K.I.A ၏ မူ အရသော်လည်းကောင်း K.I.O/K.I.A သည် မည်သည့်တိုင်းတပါးအစိုးရ၏ လက်အောက်၌ လည်းကောင်း၊ မည်သည့်အဖွဲ့အစည်း၏လက်အောက်၌လည်းကောင်း သြဇာလုံးဝမခံပါ။ ကချင်ပြည်နယ်သူ/သား နှင့် ကချင်ပြည်သူတစ်မျိုးသားလုံး၏ သြဇာသာ ခံကြောင်းတွေ့ရှိရသည်။ K.I.O/ K.I.A ၏ နိုင်ငံရေး မျှော်လင့်ချက် ပန်းတိုင်မှာ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး (ပင်လုံ ကတိကဝတ်ကိုလေးစားလိုက်နာဖော်ဆောင်ပေးရန်) သာ ဖြစ်သည်။ အမှန်တစ်ကယ် တရုတ်အစိုးရ၏ သြဇာခံမှာ မြန်မာအစိုးရသာဖြစ်ပြီးမန္တလေး တစ်မြို့လုံး တရုတ်လက်အောက် ရောက်ရှိနေပုံနှင့် မိမိပြည်သူ များ၏အသက် အိုးအိမ်စည်းစိမ် မည်သို့ပင်ဖြစ်စေ၊အမှုမထား ပဲ တရုတ်အား ဆောက်ခွင့် ပေး သည့် မြစ်ဆုံဆည် စီမံကိန်းများ မှာ ထင်ရှားသည့် သက်သေသာဓက များဖြစ်ပေသည်။ ဒါ့အပြင် K.I.O/K.I.A အား ခေတ်သစ် ဗကပအဖြစ်တင်စား ထားပြီး အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD နှင့်ပါအထင်အမြင်လွဲမှားအောင် လုပ်ကြံပြီး ရေးသားထားသူ မောင် ဖိုးစနေ၏ စိတ်ဓါတ်မှာ အဘယ်မျှထိအောင် အောက်တန်းကျ၍ ယုတ်မာပက်စက်သည်ကို စာဖတ်ပရိသတ် များအနေဖြင့် သိရှိမည်ကို ယုံကြည်ပါသည်။ ဖြည့်စွက်ပြောချင်တာကစာရေးသူ အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်အား အလွဲသုံးစား အသုံးချရေးသားထားမှုမှာ အစိုးရဝါဒဖြန့်ဖြစ်ကြောင်း ပို၍သိသာထင်ရှားစေသည်။
NLD နှင့် ကြံ့ဖွတ်အစိုးရတို့အကြား ဖြစ်လာနိုင်မည့်နိုင်ငံရေး အပြောင်းအလဲ အနည်းငယ်ကို သုံးသပ်ရမည်ဆိုပါက
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရရှိဖို့ရန် အခွင့်အရေးအလွန်နည်းပါးကြောင်းသုံးသပ်မိသည်။ NLD အနေဖြင့်သာအာဏာရရှိလျှင် ရရှိနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ်၊ ကျန်းမာရေးရှုထောင့် နှင့် ၂၀၁၅ ရွေးကောက်ပွဲအားလုံးသည် စစ်အစိုးရ၏ ချိန်ကိုက် လုပ်ဆောင်ချက်များအနေဖြင့်သာရှုမြင်မိသည်။
အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျန်းမာရေးအခြေအနေအရ ပါတီလုပ် ငန်း များ၊စည်းရုံးရေးလုပ်ငန်းများ ၌ ထိထိရောက်ရောက် ပါဝင်နိုင်ခြင်းမရှိခဲ့ပါက NLD အနေဖြင့်အင်အားလျော့ သွားမည်ကို ကြံ့ဖွတ်ပါတီအနေဖြင့် ကြိုတင်တွက်ဆထားပြီး လိမ်လည်မှု၊ မဲမသမာမှု နည်းလမ်းမျိုးစုံသုံးပြီး ၂၀၁၅ရွေးကောက်ပွဲ၌ဆက်လက်အနိုင်ယူပြီး တိုင်းပြည်အာဏာကို ရယူသွားမည်ဟု ယူဆရသည်။
(VII) ကျန်ရှိနေသေးတဲ့ စာပိုဒ်ပါ အချက်အားလုံး တပေါင်းတည်း နိဂုံးချုပ် တင်ပြပါမည်။
နောက်ဆုံးတော့ စစ်အစိုးရဝါဒဖြန့် ဖိုးစနေဟာလည်း အစိုးရအာဘော်အတိုင်းပဲ တရုတ်ကစွန့်ကြဲထားတဲ့ သုံးမရတဲ့
တင့်ကားများ၊ သံချပ်ကာကားများ၊ အမြောက်များနှင့် မိထ္ထီလာ၌ လိုင်ဇာမြေအနေထားဖြင့် အကြီးစားစစ်ရေးလေ့ကျင့် နေကြောင်းကို ခြောက်လှန့်နေကြောင်းတွေ့ရသည်။ K.I.O/K.I.A မည်သည်၊ ရန်သူအင်အားမည်မျှများပြားစေကာမူ
ကြောက်ရွံ့ခြင်းအလျင်းမရှိပါ။ K.I.O/K.I.A အားတစ်ယောက်သောသူသည် အစဉ်စောင့်ရှောက်ပေးနေ၏။ ကောင်း ချီးမင်္ဂလာပေးနေ၏။ ဤသို့သောခြိမ်းခြေက်မှုမျိုးနှင့် K.I.O/K.I.A မှ လက်မှတ်ရေးထိုးမည်မဟုတ်သည်ကို အစိုးရ ၀န်ကြီးများ မသိလေသလော။ K.I.O/K.I.A လိုလားတောင့်တသည်မှာ ဤသို့သော ခြိမ်းခြောက်မှုမျိုး မဟုတ်၊ စစ် တိုက်ခြင်းမျိုးမဟုတ်။ စစ်မှန်သည့်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးသာဖြစ်သည်ကို စစ်အစိုးရအဆက်ဆက်မှ သိဖို့ မကြိုးစားခြင်းကြောင့်သာ မြန်မာနိုင်ငံပြည်တွင်းစစ်မီးသည် ယခုတိုင် မငြိမ်းနိုင်သေးပေ။
သမ္မတရဲ့ “မတိုက်ရဘူး” ဆိုတဲ့ အမိန့်ထွက်လာပြီးမှ တိုက်ပွဲတွေက ပိုပြီးတောင်စိပ်လာတယ်။ အဲဒါကိုများစောင့် ကြည့်နေတယ်တဲ့လား။ တကယ်တမ်းလည်းတိုက်နေတာပဲ။ K.I.A ရဲ့ ခံစစ်အောက်မှာ အလူးအလဲခံနေရပြီး ရှေ့ မတိုး နောက်မဆုတ်နိုင်ဖြစ်နေတာလည်း နယ်စပ်စစ်ရေးအကဲခတ်တွေအားလုံး အသိပဲ။ ဒါကိုများ သူ့တပ် မတော်က မတိုက်ရသေးဘူးဆိုတဲ့ သဘောသက်ရောက်အောင် ရေးထားသေးတယ်။ သမ္မတသိန်းစိန်ရဲ့ “မတိုက်ရဘူး” ဆိုတဲ့ နောက်မှာ စစ်တိုက်လို့သေသွားတဲ့ အစိုးရစစ်သားက ဖြင့် (၃၀၀) ကျော်နေပြီ ။ အင်း…. တိုက်များတိုက်ရင်တော့ အစိုးရတပ်သား (၃၀၀၀၀)လောက်တော့ အလဟသ ကချင်ပြည်နယ်၏ မြေသြဇာဖြစ်သွားမည်ကို မြင်ယောင် နေမိပါသည်။
ပြီးတော့ ကိုယ့်ပြည်သူအချင်းချင်းကို သတ်ဖို့ တရုတ်က စွန့်ကြဲထားတဲ့ စက်လက်နက်ကြီးပစ္စည်းတွေကို ပေါ်ပေါ်တင်တင်ကိုကြွားလုံးထုတ်ဖော်ပြထားတာ တွေ့ရတယ်။ စကောလောက်မှ စောက်မနက်၊ ခွေးလောက်မှ ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ မြန်မာ့တပ်မတော်ကို ဆုံးမဖို့အတွက် သည်အချိန်က အသင့်တော်ဆုံးလို့ ကျွန်တော်ယူ ဆတယ်။ ဒါကြောင့် တိုင်းရင်းသား အဖွဲ့အသီးသီးအနေဖြင့် စည်းလုံးညီညွှတ်ဖို့ရန် အလွန်အရေးကြီးပါသည်။ အစိုးရ၏ကောက်ကျစ်စဉ်းလဲ သော အကြံဖြင့် ဖဲ့ထုတ်စနစ်အား သတိထားစေချင်သည်။
နောက်တစ်ခု….. အမေရိ ကန်နှင့် အီရတ်စစ်ပွဲအား ဥပမာထားပြီးခြိမ်းခြောက်ထားကြောင်းတွေ့ရသည်။ မြန်မာစစ်တပ်အား အမေရိကန် တပ်မတော်နှင့် ခိုင်းနှိုင်းဥပမာပြုထားသည်မှာ ဖိုးစနေအနေဖြင့် ရှက်တတ်လျှင် မိမိလျှာ မိမိကိုက်သေသင့်သည်။ အစဉ်လာမတူ၊ အဆင့်တန်းမတူ၊ ဂုဏ်သရေခြင်းလည်း မည်သို့မျှ နှိုင်းယှဉ်မရသည်ကို သိလျက်နှင့် သူ့မို့လို့ နှိုင်းရက်သည်။ကျွန်တော့်အနေဖြင့် “တူသလား တန်သလား” ဟုသာ မေးလိုက်ချင်သည်။
K.I.A ဌာနချုပ်လိုင်ဇာကို တာတိုပစ် Rocket တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်လို့ စိစိမညက်သေးခင် ကြပ်ပြေးက အရင်
စိစိညက်သွားမှာ သေချာတယ်။ ကျွန်တော့်အမြင်အရ K.I.A ရဲ့ ဌာနချုပ်က လိုင်ဇာမှာ မဟုတ်ပဲ နေပြည်တော် မှာ လည်း ဖြစ်နိုင်တာပဲ……အဲဒါတစ်ချက်လည်း …စဉ်းစားစေချင်တယ်……….K.I.A မလုပ်နိုင်တာဆို မရှိသလောက် ပဲဆိုတာ….စစ်ခေါင်းဆောင်အာဏာရှင်များအနေဖြင့် သဘောပေါက်စေချင်သည်။
ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က အကျအဆုံးတွေရှိတယ်ဆိုတာကိုလည်း မောင်ဖိုးစနေ အနေနဲ့ စောဒက
တက်ထားတာတွေ့ရတယ်။ စောဒက တက်တယ်ဆိုလည်း တက်ချင်စရာကိုး။ အကျအဆုံးက သိပ်မများလှပါဘူး။ အင်အား(၄)သိန်းဝန်းကျင်လောက်တောင် ရှိတဲ့ တပ်မတော်အနေနဲ့ စစ်သည် (၈)ထောင်ကျော် ကျဆုံးတာ ဘာမှု စရာရှိလည်း၊(၄)သောင်းလောက် တော့ ဒုက္ခတဘဝနဲ့၊ ဆိုတော့ (၃)သိန်းကျော်တောင်ကျန်သေးတယ်၊ K.I.A ကို ဆက်တိုက်ဖို့။(အဲဒီ ကျဆုံး ဒဏ်ရာရသွားကြတဲ့ အထဲမှာ စစ်ဗိုလ်ချုပ်တွေရဲ့ အမျိုးတွေ၊ သားသမီးတွေ တစ်ယောက် မှ မပါတာကိုး(၄)သိန်း စလုံးသေသွားရင်လည်း မြန်မာ့ တပ်မတော်အနေနဲ့ အကျဆုံးမရှိဘူးပဲပြောမှာပဲ။ သူတို့သား သမီးတွေ၊ မြေးတွေတစ်ယောက်ယောက်သေသွားကြည့်ပါလား လာဦးမှာ တစ်နိုင်ငံလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆိုပြီး။ လုပ်ထားကြပေါ့ကိုယ့်ခေတ်ကိုယ့်အခါဆိုတော့။ ကိုယ့်အလှည့် ကျ မနွဲ့စတမ်းပေါ့။
ခုနေများ ထိုင်းလိုစစ်တပ်နဲ့ စစ်ဖြစ်လို့ကတော့ သေချာတယ် မြန်မာနိုင်ငံသားအားလုံး ဆီစွတ်ပြီးတော့သာ စောင့်နေ တော့။ ဘာလို့လဲ … တပ်မတွေအားလုံးက ကချင်ပြည်နယ်ရောက်ကုန်ပြီလေ၊ တိုင်းပြည်ကို တိုင်းတပါးရန်က ဘယ် လို ကာကွယ်မလဲ။ စစ်ဗိုလ်ချုပ်တွေကတော့ တရုတ်ဆီကို ပြေးကြမှာ သေချာတယ်။
ဟုတ်ပါတယ် K.I.A ခံတပ်တွေ က ကရင်ပြည်နယ်က ခံတပ်တွေလောက်တော့ ခိုင်မာတောင့်တင်းမှုမရှိတာကို ၀န်ခံပါ တယ်။ ဒါပေမယ့် K.I.A ကို အစိုးရထိုးစစ်ဆင်တာ လပေါင်းလည်း မနည်းတော့ဘူး။ စဉ်းစားကြည့်…. ခံတပ်တွေ လည်း ခိုင်မာတောင့်တင်းမှုမရှိ၊ တဲ့ K.I.A ကို လပေါင်းများစွာ ထိုးစစ်ဆင်နေတာတောင်မှ အကျအဆုံးက မြန်မာ့တပ်မတော် သမိုင်းမှာဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပမာဏ ထက်တောင်ကျော်လွန်သွားပြီး ရာဇဝင်တွင်သမိုင်း မှတ်တမ်းတင်သွား တယ်ဆိုတော့ ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်။ ဘာဖြစ်လို့လဲ။ ဖွတ်ကြား တပ်မတော်မို့လို့……ဟုတ်ဘူး လား?
အဲဒီလောက်အတုံးအရှုံး ကျဆုံးနေတာတောင်မှ မောင်ဖိုးစနေက တပ်မ(၈၈၊၃၃၊၆၆၊၉၉) တို့နဲ့ ဟန်လုပ်နေသေး တယ်။တပ်မ ၈၈ နဲ့ ၉၉ ပေါင်းရင်တောင် တပ်မတစ်ခု အင်အားမရှိတော့ပါဘူး။ ကချင်စစ်မြေပြင်မှာ အကြွေစောတဲ့
သူများဖြစ်သွားကြပြီ ဆိုတာ မောင်ဖိုးစနေ မသိ လို့ပဲလား၊ သိရဲ့သားနဲ့လား။ ပြီးတော့ ….လိုင်ဇာမြို့လေး တစ်မြို့ လောက်ကိုသိမ်းဖို့အတွက် သံချပ်ကာတွေရော၊ တင့်ကားတွေရော၊ အမြောက်တွေ၊ Rocket တွေ၊ အပါချီ ရဟတ် ယာဉ်တွေ၊ MI-35၊ MIG 29 တွေ၊ မစ်ဇိုင်းတွေ ……………..အားအားအား ---- မျိုးစုံနေတာပဲ………မသိတဲ့လူ ကြား ရင်တော့တတိယ ကမ္ဘာစစ်များ ဖြစ်တော့လေမလားဆိုပြီး ကြက်သီးတောင် ထမှာ သေချာတယ်။ ဤအချက်အားဖြင့် မြန်မာ့တပ်မတော်သည် အဆင့်အတန်း၊ ဂုဏကျက်သရေ၊ အရှက်တရား ဆံချည်တစ်မျှင်မျှပင်မရှိကြောင်း သက်သေ ထူနေသည်။ ငါ့မှာလက် နက်ရှိတယ်၊ ငါလုပ်ချင်သလိုလုပ်မယ် ဆိုတဲ့ အယူအဆတွေရှိတဲ့ စစ်ဗိုလ်ကြီးတွေရှိနေသရွေ့ တော့ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေး ဟာ မျှော်တိုင်းဝေးနေမည်မှာ ဧကန်မုချ မလွဲ ဖြစ်ပါကြောင်း တင်ပြအပ်ပါ သည်။
ရှိသေးတယ်… K.I.A နဲ့ စစ်မတိုက်ချင်လို့ မြန်မာနိုင်ငံ ထောင်အနှံ့မှာ တပ်ရင်းမှူးတွေ၊ စစ်ဗိုလ်တွေ၊ ဗိုလ်ကြီးတွေ ကိုစစ်ခုံရုံးတင်ပြီး ဖမ်းဆီးထားတာ စုံနေတာပဲ။ အဲဒီလို တပ်မတော်သားတွေကို ဂုဏ်လည်းယူပါတယ်၊ လေး လည်းလေးစားပါတယ်။ တိုင်းရင်းသား ညီအကိုအချင်းချင်း ဘာလို့ တိုက်ခိုက်ရမှာလဲ၊ တိုင်းတပါးနဲ့ဆို တော်သေးတယ်။ အကယ်၍ကျွန်တော်သာဆိုလည်း သေမှာ သိသိကြီးနဲ့ ဘာလို့ ကချင်ပြည်နယ်ရှေ့တန်းကိုထွက်မှလဲ၊ ထောင်ကျပဲခံ မှာပေါ့။ ဖမ်းဆီး ထောင်ကျခံထားရတဲ့ တပ်မတော်သားတွေအတွက် ကျွန်တော်လည်း အမြဲတမ်းဆုတောင်း ပေးနေ မှာပါ။ ဒီလိုနဲ့ပဲ တစ်ကယ့်တစ်ကယ် ခေါင်းနပန်းကြီး အကြပ်အတည်း ဖြစ်နေတာကတော့ ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်နဲ့စစ်ဗိုလ်ချုပ် ခေါင်းဆောင်ပိုင်းတွေသာ ဖြစ်ပါတယ်။ အောက်ခြေအဆင့်တွေကလည်း အမိန့်ဖီဆန်၊ စစ်ပွဲမှာ လည်း ရာဇဝင်တွင်လောက်အောင် အရှုံးတွေအပြည့်နဲ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အငြိုအငြင်တွေနဲ့ အမေရိကန်-တရုတ်ကြားကဗျာများ (မျောက်မီးခဲကိုင်ဖြစ်) နေတဲ့ မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတကာအလယ်မှာ ဘယ်လို ဆက်ရပ်တည်မလဲဆိုတာပိတ်ကား ပေါ်က ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားစရာတော့ ကောင်းနေပြီ ဖြစ်ကြောင်း နိဂုံးချုပ်လိုက်ပါသည်။
President
အောက်ပါအချက်များဖြင့် သတိပေး၊ အကြံပေးလိုပါသည်။
(၁) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့မှ၊ ဒီနေ့အထိ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ ခေတ်အဆက်ဆက်၊ နိုင်ငံ တော် အကြီးအကဲ အဆက် ဆက် ပြောင်းလဲခဲ့သော်လည်း၊ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုမရှိတာဟာ နိုင်ငံ တော်ကို အုပ်ချုပ် တဲ့ အစိုးရခေါင်းဆောင်များက၊ ဒီပင်လုံကတိကဝတ်စာချုပ်ကို မသိဟန်ဆောင်၊ မမြင်ဟန်ဆောင် နေသောကြောင့်သာပြည်တွင်းစစ် အရှိန်တက်နေတာဖြစ်တယ်လို့ အကြံပေးလိုပါသည်။
(၂) ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်ခဲ့သော ခေတ်အဆက်ဆက်မှ နိုင်ငံတော်အကြီးအကဲ၊ သမ္မတများ အားလုံး ဟာ
ဗမာလူမျိုးတွေပါဘဲ။ ဒါကြောင့် နိုင်ငံတော်အုပ်ချုပ်ပုံအခြေခံဥပဒေကို ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါရေးဆွဲအုပ်ချုပ်ခဲ့သော် လည်း၊ မည်သည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သော်လည်း၊ ဗမာ့နည်း ဗမာ့ဟန် စိတ်ဓါတ်နှင့် အုပ်ချုပ်ခဲ့လို့ တိုင်းပြည်ဟာ တခါးပိတ်၊ လမ်းပိတ်၊ မျက်စိမှိတ်ကာ အမှောင်ဘဝမှာ လုံးလုံးနစ်မြှပ်နေကြတာဖြစ်တယ်ဆိုတာကို အသိပေး အကြံပေးလိုပါသည်။
(၃) ကမ္ဘာမှာ (၃)မိုင်အထိ ပစ်ခတ်နိုင်သော အမြောက်လက်နက်များ၊ စစ်သား(၂၀၀)အထက် စုဆောင်းလေ့ကျင့် ထားသော တပ်မ စစ်ကြောင်းများအား တိုင်းတစ်ပါးရန် ကျူးကျော်လျှင်တိုက်ဖို့ရန်အတွက်သာ သတ်မှတ်ထား ခြင်းဖြစ်ပြီး၊ ပြည်တွင်းစစ်များမှာ အသုံးပြု ထိုးစစ်တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုတာလည်း အကြံပေးလိုပါသည်။
(၄) အခုလို- မြန်မာ့တပ်မတော်မှ တိုင်းရင်းသားများအပေါ်၊ တပ်မ- စစ်ကြောင်းအမြောက်အများ၊ တာဝေးပစ် အမြှောက်ဒုံးကျည်များနှင့် မညှာမသာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားများအား တိုင်းတပါးရန် သူကဲ့လို့ သတ်မှတ်ကာပြည်ထောင်စုမှ ကန်ထုတ်ချေမှုန်းလိုသည့်စိတ်ဓါတ်၊ အပြုအမူလုပ်ရပ်တွေဖြစ်သည် ကိုလည်း အသိပေးလိုပါသည်။
(၅) အဲ.. ဟုတ်ပြီ ရှေ့ဆက်ပြီး တိုင်းရင်းသားများအပေါ် နိုင်ငံရေးနည်းလမ်းမရှာဘဲ၊ တိုင်းတစ်ပါးရန်သူလို သဘော ထား ၍၊တိုင်းတစ်ပါး ရန် ကျူးကျော်လာလျှင် နိုင်ငံတော်ကို ကာကွယ်ဖို့ရန် ၀ယ်ယူစုဆောင်း လေ့ကျင့်ထားသော၊
အမြောက်လက်နက်များ၊ တပ်မ-စစ်ကြောင်းများဖြင့် ပြည်လည် ထိုးစစ်ဆင် တိုက်ခိုက်နေအုံးမည် ဆိုပါက ကျွန်တော့် တို့ တိုင်းရင်းသားများကလည်း မြန်မာအစိုးရအား တိုင်းတစ်ပါးရန်သူကဲ့သို့ သဘောထားပြီး ပြည်ထောင်စုမှ နှုတ်ထွက် ကာတိုင်းတစ်ပါးအကူအညီနှင့် ကမ္ဘာသိအောင် ပြန်လည်ပူးပေါင်းတိုက်ခိုက်သွားပါမည်။ ဤအခါမှပြည်ထောင်စုလည်း ပြိုကွဲပြီးတိုင်းနဲ့ ပြည်နယ်လည်းပျက်စီးပြီး၊ တိုင်းရင်းသားများလည်း သူတစ်ပါး၊ ငါတစ်ပါးနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ တည်ထောင်သွားပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ မရှုမလှ နှင့် ပျက်စီးနိဂုံးချုပ် သွားမည့် အဖြစ်ကိုလည်း ကြိုတင် အသိပေး၊သတိပေးလိုပါသည်။
(၆) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေးကို အလေးအနက်ထားပြီး တိုင်းရင်းသား များအပေါ် နိုင်ငံရေးနည်းလမ်းရှာ၊ မျက်နှာချင်းဆိုင် ဆွေးနွေးကာ ပင်လုံကတိကဝတ်စာချုပ်အရ လက်ခံကျင့်သုံးပြီး အုပ်ချုပ်သွားမည်ဆိုလျှင် တိုင်းရင်းသားနှင့် တပ်မတော်ကြား တိုက်ခိုက်မှု ရပ်တန့်သွားပြီး တည်ငြိမ်အေးချမ်း၍ ခေတ်မှီတိုးတက်သောဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်လိမ့်မည်ဟု … အကြံပေးလိုပါသည်။
နောက်ဆုံးအနေဖြင့် အကြံပေးလိုတာကတော့ ပင်လုံကတိကဝတ်မှ ကောက်နှုတ်ချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊
အကြံပေးချက်များကို ဖတ်ရှုလေ့လာကျင့်သုံးပြီး စစ်မှန်သော၊ တရားမျှတသော၊ ခေတ်မှီသော၊ ပြည်သူအားလုံး ပါဝင်နိုင်သော၊ တိုင်းရင်းသားအားလုံးပါဝင် နိုင်သော၊ တည်တံ့ခိုင်မြဲသော၊ ပြည်သူတစ်ရပ်လုံး ယုံကြည်စိတ်ချနိုင် သော ပြည်ထောင်စုဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ကြပါစေ။
မှတ်ချက်။ ။ အထက်ပါ အကြံပေးချက်၊ အသိပေးချက်များသည် ကျွန်တော်ကြိုက်နှစ်သက်၍ “မလိန်ခရိုစစ်” စာအုပ်မှ ပြန်လည်ဝေငှထားခြင်းဖြစ်ပါသည်။
http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3070--power-kia-.html
Tags: Opinion

