Shan Drug Watch စာအုပ် ယနေ့ထုတ်ဝေ



သျှမ်းသံတော်ဆင့်၏ သျှမ်းပြည်မူးယစ်ဆေးဝါးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ကြိုးစားမှုရလဒ်တခု ဖြစ်သော Shan Drug Watch အစီရင်ခံစာ စာစောင်ယနေ့ ထုတ်ဝေလိုက်ပြီဖြစ်သည်။

SDW-001Shan Drug Watch အစီရင်ခံစာ

သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့သားများက စုဆောင်းပေးပို့သော အဆိုပါအချက်အလက် များကို အဖွဲ့ခေါင်းဆောင်၊ သျှမ်းသံတော်ဆင့်သတင်းဌာနအယ်ဒီတာ ဦးခွန်စိုင်းက စီကုံးရေးသားထား သည်။ ၂၀၁၁- ၂၀၁၂ အတွင်း သျှမ်းပြည်၌ ဖြစ်ပွါးခဲ့သော မူးယစ်ဆေးဝါး ပြဿနာများအပြင် ၎င်းပြဿနာအား ဖြေရှင်းရန်နည်းလမ်းမှာ သူနိုင်ငါနိုင်ဖြေရှင်းနည်းသာဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ၊ တသီးပုဂ္ဂလအနေဖြင့်ဖြစ်စေ ကူညီဖြန့်ဝေပေးလိုသော ဆန္ဒရှိပါက သျှမ်း သံတော်ဆင့်သတင်းဌာနသို့ ဖုန်းဖြင့်လည်းကောင်း၊ အီးမေးလ်ဖြင့်လည်းကောင်း ဆက်သွယ်မှာယူနိုင် ပါသည်။

သျှမ်းပြည်မူးယစ်ဆေးဝါးလေ့လာစောင့်ကြည့်ရေးအဖွဲ့
သျှမ်းသံတော်ဆင့်သတင်းဌာန
ဖုန်း- ၀၈၁- ၅၃၁-၂၈၃၇
အီးမေးလ်- shan@cm.ksc.co.th




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates