အစိုးရစစ်တပ်၏ နမ္မတူမြို့နယ် တွင်း စစ်ရေးလှုပ်ရှားမှုများနှင့် ဖမ်းဆီးညှင်းပမ်းခံရသူများ၏ အခြေအနေများ
သျှမ်းသံတော်ဆင့်ခင်ဗျား
အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီဖြစ်သော်လည်း ကနေ့တိုင် ဒေသခံလူထုတို့ တည်ငြိမ်အေးချမ်း စွာလုပ်ကိုင် စားသောက်ခြင်းမရနိုင်သေးဘဲ မြန်မာအစိုးရရဲ့စစ်တပ်က ပေါ်တာဖမ်းလမ်ပြခိုင်းမှာ ၊ ရိုက်နှက်စစ်ဆေးခံရမှာကို စိုးရိမ်ကြောင့်ကြနေရသေးပါတယ်။
ကျနော်တို့ နမ္မတူဘက်မှာဆိုရင် ဩဂတ်စ်ထဲမှာအဖမ်းခံရတဲ့ရွာသားတွေထဲက ၅ ယောက်ထက် မနည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။ ပိန်းထောန်ရွာသား စိုင်းကျော်အေးဆိုရင် ဩဂတ်စ်လ ၂၃ ရက်ကတည်းက အဖမ်း ခံရတယ်။ လက်ကိုင်ဖုန်းတလုံး၊ တသိန်းကျော်တန်နာရီတလုံး ဆိုင်ကယ်တစီး ရှုံးတယ်။ ဒီနေ့ထိ ပြန်မလွှတ် သေးဘူး။ သူ့ရဲ့မိသားစု ဆွေမျိုးတွေဆိုရင် မြန်မာနဲ့သျှမ်းတပ်ဖွဲ့ တိုက်ပွဲ မဖြစ်ပါစေနဲ့ဘဲဆုတောင်းနေတာ။ တိုက်ပွဲမဖြစ်ရင်သူပြန်လွှတ်မယ့်လမ်း မြင်ရသေးတယ်လို့ မျှော်လင့် ထားကြတယ်လေ။
စိုင်းကျော်အေးနဲ့ အတူတူ ဖမ်းသွားတဲ့ နောင်အော့ရွာသား စိုင်းကမ်ကိုတော့ပြန်လွှတ်ပေးတယ်။ ၃၀ ရက်နေ့ သူ ယာခင်းမှာအလုပ်လုပ်နေတုန်း ထပ်ဖမ်းတယ်။ ၃၁ ရက်နေ့ပြန်လွှတ်ပေးတယ်။နမ့်ပိုင် ရွာ သူကြီး စိုင်းထွေးညွန့် ကို ၂၇ ရက်နေ့က ထပ်ဖမ်းသွားတယ်။စကားပြောစက်တလုံး တွေ့လို့ဖမ်းတာ ဆိုဘဲ။
နောက် ၃၀ ရက်နေ့ ပိန်းလုံရွာသား စိုင်းအိုက်လှကို ထပ်ဖမ်းတယ်။ သူက သျှမ်းဝတ်စုံသိပ်ကြိုက်တော့ သျှမ်းဝတ် စုံ ဝတ်ထားတာတွေ့လို့ ဖမ်းတာ။ ကွန်ကျောင်းရွာမှာအဖမ်းခံရတာ။ နားကဲရွာဘုန်းကြီး ကျောင်း ကိုခေါ်သွားပြီး ရိုက်နှက်တာ ခေါင်းကွဲသွားတယ်။တကိုယ်လုံးမှာလဲ ဓါးနဲ့မွှန်းထားတဲ့ ဒဏ်ရာ တွေနဲ့။
အဲဒီနေ့က အိုက်လှနဲ့အတူ အိုက်တိန်းလဲ အဖမ်းခံရတယ်။ တဖွဲ့လုံးက တက်နင်းလို့ ညို့သကျည်း ကျိုးတယ်။ ရိုက်လိုက်ကြတာ မျက်စိတောင်ပြူးထွက်လာတယ်။ ရိုက်ပြီးတော့ တုန်းဖုန်းကားပေါ်ပစ်တာ တချက်ကလေးမှ မလှုပ်ဘူးလို့ မြင်တွေ့ရတဲ့ နားကဲရွာသားတွေက ပြန်ပြောပြတယ်။ ဒီပုံကို ကြည့်ရင် တော့ အိုက်တိန်းဟာ သေဆုံးဖွယ်ရှိတယ်။
ဒီတပ်တွေဟာ နမ္မတူမြို့နယ် နားကျဲရွာ ပိန်းလုံရွာ နမ့်ဟက်၊ နားပုံ၊ မန်ပုံ တဝိုက်သွားလာမွှေနှောက် နေပြီး တွေ့ရာရွာသားကိုလည်း သျှမ်းစကား၊တရုပ်စကား၊ပလောင် စကားတွေနဲ့မေးမြန်းစစ်ဆေး နေပါတယ်။ ဆိုတော့ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေလဲပါကောင်းပါနိုင်တယ်လို့တောင် ရွာသားတွေပြော နေတယ်။ သူတို့တွေ ဟာ လူကိုဖမ်းဆီးတာတင်မဟုတ်ဘူး။ တွေ့ရာပစ္စည်းဆိုရင်လည်း ကြိုက်ရင် ယူတာဘဲ။ ဆိုင် ကယ်တွေဘာတွေလဲ တက်စီးသွားတာဘဲ။ ထော်လာဂျီတွေ ကားတွေကိုလဲချောဆွဲတယ်။ အခုလို ဖမ်း ဆီးနေတာတွေ မရပ်သေးရင် တော့ ဒေသခံတွေ ထွက်ပြေးတော့မှာဘဲ။ အခုလိုဖြစ်နေတဲ့ကိစ္စကို လွှတ် တော်အမတ်တွေကနေ လွှတ်တော်ထဲ မှာတင်ပြပေးစေချင်တယ်။ အဓိကကတော့ အပစ်ရပ်ထား တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ် မတော်ကနေ ကြားဝင်ဖြေရှင်းပေးစေချင်တယ်။ သျှမ်းသံ တော်ဆင့်ကနေတဆင့် အကူအညီတောင်း လိုက်ပါ တယ်။
နမ္မတူဒေသခံ
စိုင်းခမ်း
Tags: Letter to Editor