မထသနှင့် ယာဉ်ကြီး အသင်းအား စစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန်
သို့
သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ မထသ(ဗဟို)နှင့် သျှမ်းသံတော်ဆင့်
အကြောင်းအရာ။ မထသနှင့် ယာဉ်ကြီး အသင်းအား စစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန် ဆက်လက် တင်ပြခြင်း
၁။ သျှမ်း(အရှေ့)၊ ကျိုင်းတုံမှ ဖွဲ့စည်းထားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ နှင့် ယာဉ်ကြီးအသင်းတို့၏မော်တော်ယဉ်များထံမှကောက်ခံရရှိသော ငွေကြေးများကိုကိုယ်ကျိုးအတွက် သုံးစွဲနေ ကြောင်းကို ပြည်သူ့ဘဏ္ဍာငွေများ အလွှဲသုံးစားပြုလုပ်နေသော မထသနှင့် ယာဉ်ကြီးအသင်း တို့အား အရေး ယူပေးပါရန်ဖြင့် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။
၂။ အဆိုပါတင်ပြချက်နှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း (မိုင်းဖြတ်ခရိုင်) သို့ ပြောင်းရွှေ့ သွားသူမှ သွားရောက်စစ်ဆေးရာ မထသ နှင့် ယာဉ်ကြီး အသင်းတို့က မိမိတို့ အဖွဲ့အစည်းသည် ဒေသ ဆိုင်ရာအာဏာပိုင် အဖွဲ့များ ပါဝင်ပတ်သက်ခြင်းမရှိပါက ရပ်တည်၍ မရပ်နိုင်ကြောင်းဖြင့် ပြောဆိုခဲ့ရာ ဦးခင်ဝင်းမှ မည်သို့မျှပင် ပြောဆိုနိုင်ခြင်းမရှိဘဲ ပြန်သွားခဲ့ရကြောင်း၊ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်များ တင်ပြချက်နှင့် ပတ်သက်၍ အဆိုပါ အဖွဲ့စည်းနှစ်ခုမှ မင်းတို့တိုင်ချင်သည့် နေရာတိုင်နိုင်ကြောင်း ဂရု မစိုက်ကြောင်းနောက်နောင်ယာဉ်ထွက်ခွါ ခွင့်အား ပိုမိုကောက်ခံမည်ဟုပြောဆိုကြိမ်းမောင်းခဲ့ပါသည်၊ မထသ ဥက္ကဌ သည် ၁၉၉၉ ခုနှစ် မှ စ၍ မထသ အသင်းအား ဥက္ကဌအဖြင့် လုပ်ကိုင်လာ သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ကျွန်တော်တို့ ယာဉ်ပိုင်ရှင် များသိရှိထား သည်မှာ အသင်းဥက္ကဌအား ဒီမိုကရေစီ စနစ်ဖြင့်ရွေးချယ်တင်မြှောက်ရသည်ဟု သတင်းဂျာနယ်များတွင် ဖတ်ရှု ဖူးကြောင်း၊ ကျိုင်းတုံမြို့တွင် သာ လာဘ်ထိုးနိုင်သူသာ ဥက္ကဌ ဖြင့် နှစ်ပေါင်းများစွာ ဥက္ကဌ အဖြင့် လုပ်ကိုင်၍ ရကြောင်း၊ ယခုချိန်တွင် အသစ်ပြောင်းရွှေ့လာသူ ခရိုင်အုပ်ချုပ်ရေးအား လာဘ်ငွေ များအား သွားရောက်ပေး ဆောင်ပြီးပြီဟု သိရှိရကြောင်း။
၃။ အထက်ပါ တင်ပြချက်နှင့် ပတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးအရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် ရေးသား တင်ပြတောင်းခံအပ်ပါသည်။
ကျိုင်းတုံမြို့မှ ယာဉ်ပိုင်ရှင်များ
Tags: Letter to Editor